-
သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြီး အသက်သွင်းပေးရတဲ့ ဥပဒေများ
Posted in ဥပဒေရေးရာ သုတေသန on Mar 26, 2020
နိုင်ငံတော်တော်များများဟာ ဥပဒေပြုရေးမဏ္ဍိုင်ကနေ အတည်ပြုထားပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ သဘောတူတဲ့ အဆင့် ရရှိထားတဲ့ ဥပဒေတွေကို အသက်ဝင် အာဏာတည်စေဖို့ အချိန်ဆိုင်းထားတတ်ကြပါတယ်။ အကြောင်းအရင်းတွေက အမျိုးမျိုး ရှိတတ်ပြီးတော့ အဲ့ဒါတွေကလည်း နိုင်ငံတစ်နိုင်ငံချင်းဆီမှာ ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခင်းအကျင်းပေါ်လည်း တော်တော်များများ မူတည်တတ်ပါတယ်။
-
လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး တစ်နှစ်နဲ့ ခုနစ်ရက်
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Mar 26, 2020
ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ခရီးတွေဟာ ရေရည်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်လို့ အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီလားလို့ မေးခွန်းထုတ်ရင်တော့ NLD အတွက် တရားမျှတတဲ့ မေးခွန်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စရပ်တွေအတွက် အခြေခံကောင်းတွေ တည်ဆောက်နိုင်ပြီလားဆိုတဲ့ မေးခွန်းက မေးထိုက်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အခြေခံကောင်းတွေထဲကမှ အခြေခံတစ်ခုဖြစ်တဲ့ "ယုံကြည်မှုတည်ဆောက်ခြင်း" ဆိုတာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် အရေးကြီးလှပါတယ်။
-
မိတ်ဆက် နှင့် အနှစ်ချုပ် - ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on Mar 18, 2020
ဥပဒေကြမ်းက ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်တာ၊ စောင့်ကြပ်စစ်ဆေးတာ နဲ့ တုံ့ပြန်ဆောင်ရွက်တာ၊ ရောဂါဖြစ်ပွားမှုကို တိုင်ကြားစေတာ၊ အသွားအလာ တားမြစ်ကန့်သတ်တာ နဲ့ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်တွေမှာ ရောဂါ ကာကွယ်နှိမ်နင်းတာ စတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။
-
မြန်မာနိုင်ငံက လူမှုဖူလုံရေးအဖွဲ့နဲ့ အခြားနိုင်ငံတွေက လူမှုဖူလုံရေးအဖွဲ့အစည်းတွေကို နှိုင်းယှဉ်လေ့လာခြင်း
Posted in ဥပဒေရေးရာ သုတေသန on Mar 16, 2020
ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပေမယ့်လည်း SSB အဖွဲ့ဟာ ကောက်ခံရရှိတဲ့ ရန်ပုံငွေတွေကို သုံးစွဲနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ SSB အဖွဲ့ကနေ လက်တလော ပေးနေတဲ့ ဝန်ဆောင်မှုတွေဟာ အရည်အသွေး ညံ့ဖျင်းပြီး တိုးတက်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့လည်း အများစုက ရှုမြင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စဟာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အကြောင်းကတော့ အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ရတဲ့ လုပ်သားတွေကို နစ်နာကြေး မပေးနိုင်ဘူးလို့ ဆိုနေတာကြောင့် ဖြစ်ပါတယ်။ ကုန်အမှာတွေ နဲ့ ကုန်ကြမ်းတွေ ပြတ်လပ်လာတာကြောင့် အလုပ်သမားများစွာဟာ အိမ်ပြန်ပို့ခံပြီး၊ အကျိုးဆက်အနေနဲ့ ဝင်ငွေဆုံးရှုံးမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံရတဲ့ အလုပ်သမားတွေရဲ့ မိသားစုတွေအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှု မရှိတော့တာ ဖြစ်ပါတယ်။
-
ဥပဒေကြမ်းဆန်းစစ်မှု - ရှေ့နေများကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on Mar 12, 2020
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လုပ်ဆောင်နေရတဲ့ ကိစ္စရပ်အချို့ကို လက်ရှိဥပဒေကြမ်းအရ ဖွဲ့စည်းမယ့် မြန်မာနိုင်ငံရှေ့နေများကောင်စီနဲ့ ဒေသဆိုင်ရာရှေ့နေများကောင်စီတွေရဲ့ လုပ်ပိုင်ဆောင်ရွက်ခွင့်အဖြစ် တည်ရှိစေမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လွှတ်တော်ထဲ မဆွေးနွေးမီကာလမှာ အရင်က ရှိခဲ့ဖူးတဲ့ The Bar Council Act၊ The Legal Practitioners Act တို့နဲ့ လက်ရှိဥပဒေကြမ်းကို နှိုင်းယှဉ်သုံးသပ်ခြင်း၊ ဥပဒေကြမ်းထဲက ပြင်ဆင်ပြောင်းလဲသင့်တဲ့ ပုဒ်မတွေ နဲ့ အကြံပြုချက် စတာတွေကို ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
-
မူဝါဒအကျဉ်း - ရှေ့နေများကောင်စီ
Posted in ဥပဒေရေးရာ သုတေသန on Mar 12, 2020
တရားမျှတမှု ရှိတဲ့ စနစ်တွေ ပေါ်ပေါက်လာဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုက ရှေ့နေတွေရဲ့ လွတ်လပ်မှု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီစနစ်တွေဟာ လူတိုင်း ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှစွာ ဆက်ဆံခံရမယ်ဆိုတဲ့ တန်းတူညီမျှမှု အပေါ် အခြေခံထားတာကြောင့် ဖြစ်ပါတယ်။
-
မူဝါဒအကျဉ်း - အနည်းဆုံးအခကြေးငွေ
Posted in ဥပဒေရေးရာ သုတေသန on Mar 06, 2020
အမျိုးသားကော်မတီဟာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ နေထိုင်မှုကုန်ကျစရိတ်ကို လေ့လာတွက်ချက်တယ်လို့ အစိုးရကိုယ်စားလှယ်တွေက ပြောနေစဉ်မှာ ဘယ်လိုဆုံးဖြတ်ချက် ချမှတ်တယ်ဆိုတာဟာ ပွင့်လင်းမြင်သာမှု လုံးဝ မရှိပါဘူး။ ဥပမာ ယူကေနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေကော်မရှင်နဲ့ မတူတဲ့အချက် အစီရင်ခံစာအားလုံးကို ထုတ်ပြန်ပေးပြီး အချက်အလက်တွေကို ပွင့်လင်းမြင်သာအောင် လုပ်ပေးတာမျိုးပဲ ဖြစ်ပါတယ်
-
မိတ်ဆက် နှင့် အနှစ်ချုပ် - ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on Mar 05, 2020
ဥပဒေကြမ်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေသစ်တွေနဲ့ ဆီလျော်အောင် ပြင်ဆင်ချက်တွေ၊ နည်းဥပဒေထဲ ပါသင့်တဲ့ အချက်တွေ၊ တခြားဥပဒေတွေနဲ့ ထပ်နေတဲ့ ပြဋ္ဌာန်းချက်တွေကို ပယ်ဖျက်တာတွေနဲ့ ဥပဒေအရေးအသားဆိုင်ရာ ပြောင်းလဲချက်တွေ ပါရှိပါတယ်။
-
မိတ်ဆက် နှင့် အနှစ်ချုပ် - ရှေ့နေများကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on Feb 27, 2020
ဥပဒေကြမ်းမှာ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ နဲ့ ဒေသဆိုင်ရာ ရှေ့နေများကောင်စီ ဖွဲ့စည်းခြင်း၊ ကောင်စီတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်၊ ရှေ့နေအလုပ်သင်၊ အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားခြင်း၊ ရှေ့နေလိုက်သူတွေရဲ့ တာဝန်နဲ့ အခွင့်အရေး၊ ရှေ့နေကျင့်ဝတ်သိက္ခာ၊ ပြစ်မှုပြစ်ဒဏ် နဲ့ ရန်ပုံငွေ ထူထောင်သုံးစွဲခြင်း စတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။
-
မိတ်ဆက် နှင့် အနှစ်ချုပ် - နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on Feb 20, 2020
နောက်ထပ်တိုးပြဋ္ဌာန်းချက်ကတော့ နိုင်/လွတ်/လုံ ဥပဒေမှာ တားမြစ်ထားတဲ့ ပြစ်မှုတွေကို ကျူးလွန်တာတွေအတွက် တရားစွဲဆိုရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ရယူရမယ်လို့ ဆိုပါတယ်။ နောက်ပြီး သတ်မှတ်ထားတဲ့ ပြစ်မှုတွေဟာ အာမခံပေးနိုင်တဲ့ ပြစ်မှုတွေလို့ ဆိုပါတယ်။
အာနန္ဒာ