• ဥပဒေကြမ်းမိတ်ဆက် - အမျိုးသားစာကြည့်တိုက်ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 19, 2019

    ၁၉၆၄ ခုနှစ် ဥပဒေထဲမှာပါရှိတဲ့ စာကြည့်တိုက်ဆိုတဲ့ စကားရပ်အရ အများပြည်သူတွေအတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ စာကြည့်တိုက်တွေ ပါဝင်တယ်လို့ ဆိုထားတဲ့အတွက် အမျိုးသားစာကြည့်တိုက်လည်း အကျုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ အမျိုးသားစာကြည့်တိုက်ကို စီမံခန့်ခွဲဖို့ သီးသန့်ဥပဒေမရှိသေးဘဲ အမျိုးသားစာကြည့်တိုက်ဥပဒေမူကြမ်း အတည်ဖြစ်လာရင်တော့ ပထမဆုံးသီးသန့်ဥပဒေဖြစ်လာမှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အမျိုးသားစာကြည့်တိုက်ဥပဒေ မူကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 17, 2019

    အဖွဲ့အစည်းအသီးသီးရဲ့ ပုံနှိပ် ဒါမှမဟုတ် ပုံနှိပ်မဟုတ်တဲ့ စာပေအနုပညာပစ္စည်းတွေ ထုတ်ဝေပြီး တစ်လအတွင်း အရေအတွက် (၅) ခုကို အမျိုးသားစာကြည့်တိုက်ဆီ အခမဲ့ပေးပို့ရပါမယ်။ ပုံနှိပ်သူ၊ ထုတ်ဝေသူနဲ့ ဖြန့်ချိသူတွေဟာ စာအုပ်ထုတ်ဝေရာမှာ အမျိုးသားစာကြည့်တိုက်က ပြုစုပေးတဲ့ CIP ကို ဖြစ်စေ၊ စာအုပ်နဲ့ စာနယ်ဇင်းတွေအတွက် ISBN နဲ့ ISSN ဖြစ်စေ ဖော်ပြပေးရပါမယ်။

  • အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး ဥပဒေ ဘာကြောင့် မပြဌာန်းသင့်တာလဲ

    Posted in Legislative Analysis on Sep 13, 2019

    အစားအသောက်က ကျွန်တော်တို့ ယဉ်ကျေးမှုပါ။ မှိုနတို၊ လယ်ပတူ၊ ကန်ဇွန်း၊ ပုဇွန်စာ တွေကို သူတို့ရဲ့ တစ်ဆက်တည်းတကွင်းတည်း စိုက်ကွင်းကြီးတွေမှာ ဘယ်လိုရှာကြမလဲ။ ကျွန်တော်တို့က အဲဒီ ကွင်းကြီးတွေထဲ မဆိုင်လို့ကတော့ ဝင်လို့တောင် ရမှာ မဟုတ်။ ငါးရှာ၊ ဖားရှာ၊ ပုဇွန်လုံးနှိုက်၊ ငါးရှဉ့်ထောင်၊ ကြွက်ထောင် လုပ်နေကြ လယ်ကန်သင်းရိုးတွေကလဲ ဧရာမစိုက်ခင်းကြီးတွေအောက်မှာ ပြောင်တလင်းခါကြတော့မယ်။ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး ဆိုတာကြီးက တစ်မျိုးတည်း စိုက်ဖို့များတာကိုး။ တစ်မျိုးတည်း လုပ်ရင်တော့ အမျိုးမျိုးတွေက ကွယ်ပျောက်ရမှာပါ။ ကျွန်တော်တို့ရဲ့ အမျိုးမျိုးသော စားစရာတွေ ရှားပါးကုန်မှာပါ။ မုန့်ဆီကြော်၊ မုန့်လုံးရေပေါ်၊ မုန့်ဆမ်း၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆိုင်းတွေ က ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု။ ပဲနက် တွေနဲ့ အရဿာရှိစေတဲ့ကောက်ညှင်းဆိုင်း၊ ငှက်ပျောဖတ်၊ ထန်းဖူးရွက်နု၊ ကြံရွက်တွေနဲ့ ထုတ်ပိုးရတဲ့ ကောက်ညှင်းဆိုင်း၊ ဝါးနှီးလေးနဲ့ ချည်တုတ်ရတဲ့ ကောက်ညှင်းဆိုင်း၊ အများအတူ ကူညီဝိုင်းဝန်း ဝေငှကြတဲ့ ကောက်ညှင်းဆိုင်းတွေလဲ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးမှာ ရှိမှာ မဟုတ်တော့ပါဘူး။

  • ဥပဒေကြမ်းမိတ်ဆက် - ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 12, 2019

    ဒီဥပဒေကြမ်းရဲ့အထင်ရှားဆုံးထူးခြားချက်ကတော့ ဥပဒေအမည်ဖြစ်ပြီး မော်တော်ယာဉ်ဥပဒေလို့ မခေါ်တော့ဘဲ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေလို့ ခေါ်တွင်လာတဲ့အပြင် ဥပဒေကြမ်းရဲ့ရည်ရွယ်ချက်မှာလည်း ယာဉ်မတော်မဆမှုလျှော့ချရေးနဲ့ လမ်းလုံခြုံရေးတွေကို အလေးထားထည့်သွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။

  • နိုင်ငံသားတွေရဲ့ သိပိုင်ခွင့်ကို လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေက ကန့်သတ်မှု ဖြစ်စေသလား

    Posted in Legislative Analysis, Political Institutions on Sep 12, 2019

    လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေမှာ မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ တကယ့်တကယ်တော့ လွှတ်တော်တွင်း ဆွေးနွေးတဲ့အခါ ကိုယ်စားလှယ်တွေအနေနဲ့ (၆) မိနစ်သာ ဆွေးနွေးခွင့်ရရှိပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ဖြစ်ရပ်အရဆိုရင် ဆွေးနွေးမှုတွေအတွက် အချိန်ကန့်သတ်ထားတာက ကိုယ်စားလှယ် တင်ပြချင်တဲ့ အကြောင်းကိစ္စရပ်အတွက် လုံလောက်မှု မရှိဘူးဆိုတာ ရှင်းလင်းနေပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 11, 2019

    ဥပဒေကြမ်းဟာ မော်တော်ယာဉ်တွေကို ဥပဒေနဲ့အညီ မှတ်ပုံတင်ဖို့ နဲ့ ယာဉ်မောင်းလိုင်စင် ထုတ်ပေးဖို့ မော်တော်ယာဉ်ကြောင့် လေထု၊ ရေထု၊ မြေထု ညစ်ညမ်းတာ နဲ့ အသံဆူညံတာတွေ လျော့နည်းစေဖို့ ယာဉ်မတော်တဆ ဖြစ်တာတွေ ကျဆင်းလာစေဖို့ ရည်ရွယ်ပါတယ်။

  • ပဲခူးတိုင်းဒေသကြီး အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေး ဥပဒေကြမ်းပါ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များ

    Posted in Legislative Analysis on Sep 09, 2019

    ဥပဒေပါ ရည်ရွယ်ချက်တွေ လုပ်ဆောင်နိုင်ဖို့အတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်တာ တွေ့ရပေမယ့် တိုင်းဒေသကြီးကြပ်မှုကော်မတီရဲ့ လုပ်ပိုင်ခွင့်ကသာ လွှမ်းမိုးထားပါတယ်။ တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီကို အစိုးရအဖွဲ့ရဲ့ သဘောတူညီမှုနဲ့ ဖွဲ့စည်းရပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးဆောင်ပါတယ်။ ကော်မတီရဲ့ လုပ်ကိုင်ခွင့်နဲ့ တာဝန်တွေ ဥပဒေကြမ်းမှာ ပါရှိပေမယ့် ကော်မတီဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို တာဝန်ယူ ဆောင်ရွက်တဲ့ ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တာဝန်ခံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးကို ထည့်သွင်းထားတာ မတွေ့ရပါဘူး။

  • ပဲခူးတိုင်းဒေသကြီးအကျိုးတူပူးပေါင်းလယ်ယာစနစ် ဥပဒေကြမ်း သုံးသပ်ချက်

    Posted in Legislative Analysis on Sep 09, 2019

    နောက်ဆုံး ပြဿနာ တစ်ခုကတော့ ပဲခူးတိုင်းဒေသကြီး အစိုးရက ချဉ်းကပ်ခဲ့တဲ့ နည်းလမ်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်နေတဲ့ နည်းလမ်းနဲ့ ကွဲပြားနေတာကိုလည်း တွေ့ရပြီး အထူးသဖြင့် စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ကွဲလွှဲနေတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ ချဉ်းကပ်ပုံ နည်းလမ်းက စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်း (SOP) ကို ဖော်ထုတ်တည်ဆောက်ပြီး အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်မယ်ဆိုရင် အစိုးရက ကြားဝင် ကြပ်မတ်ပေးမယ့်ပုံစံ ဖြစ်ပါတယ်။

  • အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေး ဥပဒေကြမ်းတစ်ရပ်အတွက် ထည့်သွင်းစဉ်းစားရန် အချက်များ

    Posted in Legislative Analysis on Sep 09, 2019

    အကျိုးတူပူးပေါင်းလယ်ယာ လိုမလို၊ ကောင်းမကောင်းဆိုတာကို ဒီအချိန်မှာ ငြင်းခုန်တာထက် အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို ဆောင်ရွက်ကြမယ်ဆိုရင် ကုမ္ပဏီ၊ လယ်သမားနဲ့ ရပ်ရွာဘက်က ရရမယ့် အခွင့်အရေးနဲ့ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ကာကွယ် စည်းကြပ်ပေးတဲ့ ဥပဒေကြမ်းဖြစ်ရေးကို ဦးတည်သင့်ပါတယ်။ ဒီအချက်ကို အာရုံပြုပြီး ဒီစနစ်ရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 04, 2019

    ကောင်စီရဲ့လုပ်ပိုင်ခွင့်ဖြစ်တဲ့ မှတ်ပုံတင်ပယ်ဖျက်ခြင်းကိစ္စရပ်ကို သေချာသုံးသပ်သင့်ပါတယ်။ မှတ်ပုံတင်ပယ်ဖျက်ခွင့်ကို ကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ လမ်းမဆုံးသင့်ပဲ နစ်နာသူအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒါမှမဟုတ် တရားရုံးထိ အယူခံဝင်ခွင့် ဆက်လက်လျှောက်ထားခြင်းကို ထည့်သွင်းထားသင့်ပါတယ်။