• ဥပဒေကြမ်းဆန်းစစ်မှု - အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Feb 19, 2020

    ဥပဒေကြမ်း ဆန်းစစ်မှုက အားလုံးကို ခြုံငုံမိမှာ မဟုတ်ပေမယ့် ဥပဒေကြမ်းနဲ့ပတ်သက်တဲ့ အသိတွေ ပွားစေဖို့နဲ့ ဥပဒေကြမ်းပါ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးနိုင်စေဖို့ အရေးကြီးမယ့် အချက်အချို့တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ပိုကောင်းမွန်တဲ့ အမြင်တွေ ပေးစွမ်းဖို့ကတော့ အမျိုးသမီးအခွင့်အရေးတွေကို အထူးပြု လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်တွေကို အများကြီး လေ့လာသင့်ပါတယ်။

  • မူဝါဒအကျဉ်း - အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး

    Posted in ဥပဒေရေးရာ သုတေသန on Feb 14, 2020

    အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ဖို့အတွက် ဥပဒေပြုတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကတော့ ဖိုဝါဒကြီးစိုးမှုနဲ့ ခိုင်မြဲစွာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်မှုတွေကို တိုက်ရိုက် စိန်ခေါ်ရာ ရောက်နေနိုင်တာပဲ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ စာရင်းက ပြည့်စုံမှု မရှိပေမယ့် မူဝါဒချမှတ်တွေ နဲ့ ဥပဒေပြု အမတ်တွေအနေနဲ့ ဒီလို ဥပဒေ ရေးဆွဲတဲ့ နေရာမှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ဖိအားတွေကို ညွှန်ပြထားပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Feb 05, 2020

    မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာနဲ့ပတ်သက်ပြီး (အကြမ်းဖက်မှုတွေရဲ့ သုံးပုံနှစ်ပုံဟာ အိမ်တွင်းမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်) ကာကွယ်ပေးဖို့က လက်ရှိအချိန်မှာ ရာဇသတ်ကြီးကိုသာ သုံးနေတာဖြစ်ပြီး သီးသန့်ဥပဒေ မရှိသေးပါဘူး။ လက်ရှိ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဥပဒေကြမ်းဟာ ၂၀၁၃ ခုနှစ်ကတည်း စတင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 31, 2020

    လက်ရှိတင်သွင်းထားတဲ့ ဥပဒေကြမ်းမှာ စံချိန်မမီရွှေနဲ့ စံချိန်မီရွှေဆိုတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အတိအကျ ဖွင့်ဆိုထားပြီး စံချိန်မမီရွှေနဲ့ ပတ်သက်ပြီး တစ်ကိုယ်ရေသုံးစွဲခြင်းနဲ့ နိုင်ငံတော်အတွင်း လက်ရောက် ရောင်းဝယ်ခြင်းတွေမှာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ရယူစရာမလိုပါဘူး။ ဒါပေမယ့် စံချိန်မမီရွှေကို ပြည်ပတင်ပို့ခြင်း/တင်သွင်းခြင်းနဲ့ နိုင်ငံတော်အတွင်း ချေးယူ/ချေးငှားခြင်းတွေအတွက်တော့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။

  • အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ခုမှာ ဘာတွေပါပြီး ဘာတွေတူကြသလဲ - ၁

    Posted in ဥပဒေရေးရာ သုတေသန on Jan 30, 2020

    ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်းပေါင်း (၁၅)ခန်းနဲ့ နောက်ဆက်တွဲ ဇယားတွေ ပါရှိပြီး လက်ရှိတင်သွင်းထားတဲ့ ဥပဒေကြမ်းနှစ်ခုမှာ ပြင်ဆင်ချက်မရှိတဲ့ အခန်းတွေကတော့ အခန်း (၂) - ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ပုံ ၊ အခန်း (၁၅) - အထွေထွေပြဋ္ဌာန်းချက်နဲ့ နောက်ဆက်တွဲ ဇယားတို့ ဖြစ်ပါတယ်။ အခန်း (၁၀) - နိုင်ငံရေးပါတီများအခန်းမှာ စကားရပ်ပိုင်းဆိုင်ရာ ပြင်ဆင်ချက် တစ်ခု ပါရှိပြီး အခန်း (၁၃) - နိုင်ငံတော်အလံခန်းမှာ နိုင်ငံတော်အလံနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက် တစ်ခုကို တွေ့ရပါတယ်။

  • မူဝါဒအနှစ်ချုပ် - ဗဟိုဘဏ်များ

    Posted in ဥပဒေရေးရာ သုတေသန on Jan 29, 2020

    ဗဟိုဘဏ် ဆိုတာက နိုင်ငံတစ်နိုင်ငံ (ဒါမှမဟုတ် နိုင်ငံအစုအဖွဲ့တွေ) ရဲ့ ဘဏ်ချေးငွေတွေ နဲ့ ငွေကြေး ထုတ်လုပ်ဖြန့်ဖြူးခြင်းအပေါ်မှာ ထိန်းချူပ်ထားတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ ခေတ်သစ်စီးပွားရေးမှာ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာမူဝါဒအတွက် တာဝန်ရှိပြီး ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းအတွက်လည်း တာဝန်ယူရပါတယ်။

  • မူဝါဒအနှစ်ချုပ် - အသေးစားငွေရေးကြေးရေးလုပ်ငန်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 27, 2020

    ခေါင်းစဉ်က ညွှန်ပြနေသလို အသေးစား ငွေရေးကြေးရေးလုပ်ငန်းဆိုတာ အသေးစား ချေးငွေတွေ ပေးအပ်ခြင်းကို ဆိုလိုပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ အသေးစားချေးငွေလုပ်ငန်းဟာ အားကောင်းတဲ့ ချိတ်ဆက်မှု ရှိနေပါတယ်။ ရာသီပေါ် အခြေခံတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ သဘာဝ နဲ့ လယ်သမားတွေ ချေးငွေ ရရှိဖို့ဟာလည်း အရေးကြီးပြီး အသေးစား ငွေရေးကြေးရေးလုပ်ငန်းနဲ့ ဆက်နွယ်ပတ်သက်လျက် ရှိပါတယ်။ လယ်သမားတွေဟာ ရရှိလာတဲ့ ချေးငွေတွေကို ရာသီအလိုက် သွင်းအားစုတွေ၊ ရေရှည် ရင်းနှီးမြှုပ်နှံမှုတွေ၊ ပုံမှန် စားသုံးမှုတွေ၊ မျှော်မှန်းမရတဲ့ သုံးစွဲမှုတွေ နဲ့ အခြား ပေးဆပ်ရန် ကျန်ရှိနေသော ချေးငွေတွေမှာ အသုံးပြုနိုင်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 23, 2020

    ဥပဒေကြမ်းထဲမှာ နိုင်ငံခြားသုံးငွေတွေနဲ့ ရွှေအပါအဝင် လက်ဝတ်ရတနာတွေ ဝယ်ယူရောင်းဝယ်တာ၊ ကိုင်တွယ်သုံးစွဲတာတွေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ သာမန်စာရင်း ဒါမှမဟုတ် ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုတွေ စတာတွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 23, 2020

    နိုင်ငံခြားသုံးငွေတွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင် (Foreign Exchange Acceptor & Holder Licence) ဟာ အစိုးရဌာနတွေ၊ သမဝါယမတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို လုပ်ငန်းအလိုက် သက်ဆိုင်ရာဌာနတွေက ထုတ်ပေးထားတဲ့ နိုင်ငံခြားငွေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အပေါ် အခြေခံပြီး ထုတ်ပေးတာ ဖြစ်ပါတယ်။ အဆိုပါလိုင်စင်ကို ထုတ်တာမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ၁၅၀၁ ခု ရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ တွင်တော့ ၈၆၅ ခု ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း ကုန်ပစ္စည်းနဲ့ ဝန်ဆောင်ခတွေကို ပြည်တွင်းသုံးကျပ်ငွေဖြင့် ပေးချေဖို့နဲ့ ငွေသားကိုင်တွယ်တာ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အဆိုပါလိုင်စင်ကို ၂၀၁၅ နှောင်းပိုင်းမှာ ရုပ်သိမ်းခဲ့ပါတယ်။

  • မူဝါဒအနှစ်ချုပ် - အစိုးရရဲ့ ဝယ်ယူခြင်း

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု, ဥပဒေရေးရာ သုတေသန on Jan 22, 2020

    အစိုးရရဲ့ ဝယ်ယူခြင်းကို စီမံခန့်ခွဲဖို့ သဘောတရားတွေနဲ့ လုပ်ငန်းစဉ်တော်တော်များများဟာ အဓိကအားဖြင့် အကျင့်ပျက်ခြစားမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ကြပါတယ်။ အစိုးရရဲ့ ဝယ်ယူခြင်းမှာ အကျင့်ပျက်ခြစားမှု ဖြစ်နိုင်ချေ မြင့်မားစွာ ရှိပါတယ်။ အကြောင်းရင်းက ပါဝင်တဲ့ ဘဏ္ဍာရေးပမာဏ ကြီးမားတာ နဲ့ ဝယ်ယူခြင်းလုပ်ငန်းစဉ်တွေရဲ့ ရှုပ်ထွေးခက်ခဲမှုတွေကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့ နီးကပ်စွာ ဆက်ဆံလာသောကြောင့် ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ ပြည်သူ့ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားဟာ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ တစ်ထပ်တည်း တူညီခြင်း မရှိတာကို တွေ့ရပါတယ်။