• ဥပဒေကြမ်း အနှစ်ချုပ် - စက်မှုဇုန်ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 15, 2019

    စက်မှုဇုန်တည်ထောင်ရာမှာတော့ စက်မှုလုပ်ငန်းနယ်မြေအတွက် ရာခိုင်နှုန်း ၆၀ မှ ၇၀ အထိ၊ ကုန်သွယ်မှုနယ်မြေအတွက် ၁ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းအထိ၊ စက်မှုဇုန်ဝန်ဆောင်မှုနှင့်အထောက်အကူပြုအသုံးချနယ်မြေအတွက် ရာခိုင်နှုန်း ၂၀ မှ ၂၅ အ ထိ၊ စိမ်းလန်းနယ်မြေအတွက် ၉ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်စေရပါမယ်။

  • ဥပဒေကြမ်း သုံးသပ်ချက် - လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 09, 2019

    နိုင်ငံတကာမှာတော့ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေတွေကို မြို့နယ်အဆင့်၊ပြည်နယ်အဆင့် လွှတ်တော်များတွင် အများအားဖြင့်တွေ့ရသော်လည်း နိုင်ငံတော်အဆင့်(ပြည်ထောင်စုအဆင့်) မှာတွေ့ရခဲပါတယ်။ ဒီလိုတာဝန်မှရုပ်သိမ်းခြင်းမျိုးဟာ တိုက်ရိုက်ဒီမိုကရေစီစနစ်အတွက် အကျိုးရှိတဲ့ နည်းလမ်းဖြစ်နိုင်တဲ့ ဥပမာအချို့ရှိပေမဲ့လို့ နိုင်ငံတကာအတွေ့အကြုံများအရ တာဝန်ခံမှုကို တိုးတက်စေရာမှာ ထိရောက်မှုမရှိသလို နိုင်ငံရေးအရထိုးနှက်ချက်တစ်ခုအနေနဲ့ အလွယ်တကူအသုံးပြုလာနိုင်တဲ့ အန္တရာယ်ရှိကြောင်းကိုလည်း ဖော်ပြနေပါတယ်။

  • လယ်မြေအသေးစား ပိုင်ဆိုင်သူများနဲ့ လယ်သမားများကို ခြိမ်းခြောက်လာနိုင်တဲ့ ဥပဒေကြမ်းနှစ်ခု

    Posted in ဥပဒေရေးရာ သုတေသန on Apr 29, 2019

    ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးတဲ့ ဥပဒေကြမ်းနှစ်ခုကို တင်သွင်းလာခဲ့ပြီး ထိုဥပဒေကြမ်းတွေကို လက်ရှိပုံစံအတိုင်း လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်မယ်ဆိုပါက မြန်မာနိုင်ငံအတွင်းရှိ အသေးစား လယ်ပိုင်ရှင်များကို ဆိုးရွားစွာ ထိခိုက်နစ်နာစေနိုင်မှာ ဖြစ်ပါတယ်။ ထိုဥပဒေကြမ်းနှစ်ခုဟာ လတ်တလော အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်၊မြေလပ်မြေရိုင်းဥပဒေရဲ့အကျိုးဆက်များကို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ကန့်ကွက်နေတဲ့ ကြားကပဲ ထပ်မံထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ဒီမိုကရေစီဖြစ်စဉ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှု တည်ဆောက်လိုတယ်ဆိုရင် လွှတ်တော်အနေဖြင့် ဥပဒေပြုရေးကိစ္စများမှာ ပိုပြီး စနစ်ကျအားကောင်းတဲ့ အစီအစဉ်တွေ ချမှတ်ဖို့လိုအပ်နေပါတယ်။ ဥပဒေတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ထည့်သွင်းစဉ်းစားဖို့နဲ့ အထူးသဖြင့် ထိခိုက်လွယ်ပြီး လျစ်လျူရှုခံထားရတဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့ လိုအပ်နေပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - ၂၀၁၉ ခုနှစ် အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Apr 26, 2019

    စီးပွားဖြစ်မဟုတ်ဘဲ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ခြင်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းနဲ့ ကာကွယ်ခွင့်ရရှိထားတဲ့မျိုးများ ထုတ်လုပ်ခြင်းမဟုတ်ဘဲ အခြားမျိုးများထုတ်လုပ်ခြင်းတို့အတွက် ခြွင်းချက်ပေးထားပြီး တောင်သူလယ်သမားတွေက ကာကွယ်ခွင့်ရရှိထားတဲ့မျိုးကို ကိုယ်ပိုင်မြေမှာ မျိုးထိန်းစိုက်ပျိုးခြင်းနဲ့ စိုက်ပျိုးခြင်းမှရတဲ့ ထွက်ကုန်များကို စားသုံးခြင်းအတွက်လည်း အပင်မျိုးမွေးမြူသူရဲ့ ရပိုင်ခွင့်ချိုးဖောက်ရာ မကျပါဘူး။ တောင်သူတွေအတွက် ကင်းလွတ်ခွင့်ပေးရာမှာ ကာကွယ်ခွင့်ရရှိထားတဲ့ သစ်သီးပင်များ၊ အလှစိုက်ပန်းပင်များ၊ ဟင်းသီးဟင်းရွက်များနဲ့ သစ်တောသစ်ပင်များကို ခွင့်ပြုပေးထားခြင်း မရှိပါဘူး...

  • ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ဘယ်ဥပဒေကြမ်းတွေ ဆွေးနွေးဖို့ရှိလဲ

    Posted in ဥပဒေရေးရာ သုတေသန on Apr 24, 2019

    (၁၁) ကြိမ်မြောက်လွှတ်တော်ကာလက မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့"ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်း" အပေါ် လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူဖို့ ရှိနေပါတယ်။ ပြည်သူ့လွှတ်တော်မှာပဲ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကြမ်းနဲ့မြေသိမ်းဥပဒေလို့ အသိများကြတဲ့ အမျိုးသားလွှတ်တော်က ဥပဒေအမည်ပြောင်းပြီးအတည်ပြုထားတဲ့ "မြေယာသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေကြမ်း"တွေကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးမလားဆိုတာလဲ စောင့်ကြည့်ရပါအုံးမယ်။

  • ဥပဒေကြမ်း မိတ်ဆက် - မြို့ ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း

    Posted in ဥပဒေရေးရာ သုတေသန on Apr 05, 2019

    ၂၀၁၉ ခုနှစ်ထဲမှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်အတွက် ဒုတိယမြောက် တင်သွင်းလာတဲ့ ဥပဒေကြမ်းကတော့ မြို့ပြနဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်း ဖြစ်ပါတယ်။ ဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်ထဲမှာ သဘာဝဘေးဒဏ်ခံနိုင်တဲ့ မြို့ပြတွေ၊ ဖွံ့ဖြိုးမှု ကွာဟချက်နည်းပါးစေပြီး ဘက်ညီမျှတတဲ့ မြို့ပြတွေကို စနစ်တကျ တည်ဆောက်နိုင်ဖို့လို့ ဆို

  • ဥပဒေကြမ်းအနှစ်ချုပ် - မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေ

    Posted in ဥပဒေရေးရာ သုတေသန on Apr 01, 2019

    “မြို့ပြဒေသများဖော်ဆောင်ရာတွင် သဘာဝဘေးဒဏ်ခံနိုင်ပြီး ရေရှည်ဖွံ့ဖြိုးနိုင်စေရန်၊ ဒေသတခုနဲ့တခု ကြားဖွံ့ဖြိုးမှုညီမျှစေရန်၊ နဲ့ စီမံကိန်းတွေကြားပေါင်းစပ်ပေးနိုင်ရန်” ရည်ရွယ်တယ်လို့ ဥပဒေကြမ်းထဲ မှာ ဆိုထားပါတယ်။ ယင်းသို့ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်၊ လူမှုရေး၊ ယဉ်ကျေး မှုအမွေအနှစ်များအပေါ် အကျိုးသက်ရောက်မှုများကို ဆန်းစစ်ခြင်း၊ မြို့ပြဖွံ့ဖြိုးရေးကို ထောက်ကူခြင်း၊ မြို့ပြမြေအား အကျိုးရှိစွာအသုံးပြုခြင်း၊ နဲ့ နိုင်ငံတော်နှင့် နိုင်ငံတကာနည်းပညာပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံစနစ်များနဲ့ ကိုက်ညီစေခြင်း စတဲ့ အခြေခံမူများကို လိုက်နာဆောင်ရွက်ရပါတယ်။

  • လွှတ်တော်တွေမှာ ကော်မရှင် ရှိသင့်သလား

    Posted in ဥပဒေရေးရာ သုတေသန on Mar 25, 2019

    ကော်မရှင်ဆိုတာဘာလဲ။ ကော်မတီနဲ့ ဘယ်လို ကွာခြားသလဲ။ ဒီလို ကော်မရှင်မျိုးကို ဖွဲ့စည်းမယ်ဆိုရင် ဘယ်လို သဘောတရားတွေကို ကျင့်သုံးရသလဲ။ ကောင်းမွန်သော ရလဒ်များဖော်ဆောင်နိုင်တဲ့ ကော်မရှင်များ ပေါ်ပေါက်လာဖို့၊ဒီထက် ပိုပြီးအရေးကြီးတာက ဒီမိုကရေစီနည်းအရ တာဝန်ခံမှုရှိတဲ့ ကော်မရှင်တွေ ဖြစ်ပေါ်လာဖို့၊ ထိုကော်မရှင်များက နိုင်ငံအကျိုးစီးပွားကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ထောက်ပံ့ပေးနိုင်မလဲဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်ကြပါမယ်။

  • NLD က အထူးကော်မရှင်ကို ဘာလို့ဖျက်သိမ်းခဲ့တာလဲ

    Posted in ဥပဒေရေးရာ သုတေသန on Mar 12, 2019

    NLD အနေဖြင့် သူရဦးရွှေမန်း အုပ်စုနဲ့ ပူးပေါင်းခဲ့သည့်အတွက် စစ်တပ်နဲ့ ရင်ကြားစေ့ရေးမှာ များစွာ တိုးတက်ထူးခြားမှု မရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် သူရဦးရွှေမန်း၏ လူအချို့ကတော့ NLD အမာခံတွေကို ကျော်ဖြတ်ပြီး ဝန်ကြီး၊ ဒုဝန်ကြီး နှင့် အစိုးရ အဖွဲ့အတွင်း အရေးပါသော နေရာ အများအပြားကို ရရှိခဲ့တာကလွဲလို့ NLD အတွက် ဘယ်လို နိုင်ငံရေး အကျိုးကျေးဇူးမှ ရရှိခဲ့တာ မတွေ့ရပါ။

  • ဥပဒေကြမ်းအနှစ်ချုပ် - မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Mar 07, 2019

    ကော်ပိုရေးရှင်းသည် နိုင်ငံတော်မှထုတ်ပေးသော မတည်ရန်ပုံငွေ၊မြန်မာဆက်သွယ်ရေးပိုင် ပြည်တွင်းပြည်ပရှိ ငွေကြေးများ၊ရန်ပုံငွေများအစရှိသောငွေကြေးများ၊စုဆောင်းငွေမှအတိုးရငွေများနဲ့စီးပွားရေးလုပ်ငန်းများမှ ရရှိသောအကျိုးအမြတ်များအစရှိတဲ့ငွေကြေးများဖြင့် ဘဏ္ဍာရန်ပုံငွေထူထောင်ထားရှိနိုင်သည်။ကော်ပိုရေးရှင်းသည် ဘဏ္ဍာရေးနှစ်အလိုက်စုစုပေါင်းရငွေသုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစရင်းတွင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ထည့်သွင်းဖော်ပြပေးရမည်ဖြစ်သည်။