-
ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၆)
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 30, 2020
ခွဲခြားဆက်ဆံမှုတွေ ဆက်လက်ဖြစ်ပေါ်နေရတဲ့ အကြောင်းအရင်းတစ်ခုက လူတိုင်းအတွက် တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ တာ၀န်ယူရတဲ့ အဓိက အဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတော်အစိုးရဟာ ခွဲခြားဆက်ဆံခံရခြင်းနဲ့ ခွဲခြား ဆက်ဆံခံရခြင်းရဲ့ ခံစားချက်ကိုနားလည်နိုင်ခြင်း မရှိတဲ့ အချက်ပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အင်စတီ ကျူးရှင်း အားလုံးကို သက်ကြီးပိုင်း ဗမာလူမျိုး အမျိုးသားတွေက အကြီးအကျယ် လွှမ်းမိုး ဦးဆောင်နေပါတယ်။ အကျိုးဆက် ဥပမာအားဖြင့် လွှတ်တော်က အစိုးရရဲ့ မိတ်ဆွေခရိုနီများကို အထောက် အကူပြုမည့် စီးပွားရေးကိစ္စရပ်များနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပုံမှန် ပြဋ္ဌာန်းခဲ့ပေမယ့်လည်း အမျိုးသမီးတွေကို အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်ဖို့ရာ ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတဲ့အခါမှာ (၈) နှစ်ကျော်ကြာခဲ့သည့်တိုင်အောင် အခုအချိန်ထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးတဲ့အချက် ဖြစ်ပါတယ်။
-
ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၅)
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 27, 2020
မူဝါဒတွေနဲ့ ဥပဒေတွေ ရေးဆွဲခြင်းလုပ်ငန်းမှာ ပြည်သူလူထု ပါဝင်ခွင့်ရခြင်းဟာ အလွန်ရှားပါးလှပါတယ်။ တခါတရံ ရှားရှားပါးပါး ပြည်သူတို့နဲ့ ဆွေးနွေးတိုင်ပင်မှုမျိုး လုပ်တဲ့အခါမှာလည်း ဂရုတစိုက်ရွေးချယ်ထားတဲ့ အထူးသဖြင့် အာဏာရပါတီနဲ့ နီးစပ်ရာ အသိုင်းအဝန်းက အဖွဲ့အစည်းတွေ ဒါမှမဟုတ် လုပ်ငန်းရှင်တွေကိုသာ ဖိတ်ကြားလေ့ရှိပါတယ်။ ပြည်တွင်းမှ အသိပညာနဲ့ ကျွမ်းကျင်သူများထက် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်တွေကို ပိုမိုအလေးထားတဲ့ ဘက်လိုက်မှုတွေ ရှိတယ်လို့လည်း အချို့က ခံစားနေကြရပါတယ်။ ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ပတ်သက်တဲ့ စံနှုန်းတွေ၊ နည်းဥပဒေ၊ စည်းမျဉ်းတွေလည်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
-
ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၄)
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 21, 2020
မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေ (VFV Land Law) နဲ့ မြေယာပြန်လည် ရယူခြင်း၊ နေရာချထားခြင်းနှင့် ပြန်လည် အသုံးပြုခြင်း ဥပဒေ (LAARL) ကို ပြင်ဆင်၊ ပြဋ္ဌာန်းမှုတွေမှာ အားနည်းချက်တွေ များစွာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီဥပဒေတွေဟာ ပြည်သူလူထုရဲ့ မြေယာပိုင်ဆိုင်မှုကို ကာကွယ်ပေးခြင်း လုံးဝ မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေအတွက် ဖြစ်ပါတယ်။ ဥပဒေအသစ်မှာ ပါဝင်တဲ့ ရှုပ်ထွေးမှုတွေကြောင့် ဆုံးဖြတ်ချက် ချသူတွေကို ဘယ်သူက မြေပိုင်ခွင့် ရှိတယ်ဆိုတဲ့အချက်ကို ကြိုက်သလို ဆုံးဖြတ်ချက်ချမှတ်နိုင်ခွင့် ပေးအပ်လိုက်ပြီး မျိုးဆက်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ လယ်သမားတွေကို နှင်ထုတ်နိုင်တဲ့ အခွင့်အာဏာ ၎င်းတို့မှာ ရရှိသွားပါတယ်။
-
ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၃)
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 19, 2020
၂၀၁၉ ခုနှစ်မှာ ဆန္ဒပြသူ ၁၀၀ နီးပါးကို ဆန္ဒပြပွဲ ပါဝင်ခဲ့တဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒနဲ့ အပြစ်ပေး အရေးယူ ခဲ့ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေလည်း ပါဝင်ပါတယ်။ ငြိမ်းချမ်းစွာ စီတန်းစုဝေး လှည့်လည်ခြင်း ဥပဒေကို ဝေဝါးတဲ့ စကားလုံးများစွာနဲ့ ဖွဲ့စည်းထားပြီး အာဏာပိုင်တွေဟာ ဆန္ဒပြဖို့အတွက် ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်တယ်လို့ ယူဆနေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှု တစ်ခု ဖြစ်ပေါ်ခဲ့ရင်လည်း အစိုးရရဲ့ အဓိက တာဝန်ဖြစ်တဲ့ ဆန္ဒပြမှုတွေကို အားပေးဖို့ ကာကွယ်ပေးဖို့ လုပ်ရမယ့်အစား အာဏာပိုင်တွေ အဓိက လုပ်ဆောင်တဲ့အချက်က ဆန္ဒပြပွဲကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် တားဆီးဖို့ ကြိုးစားကြပါတယ်။
-
ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၂)
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 16, 2020
အားကောင်းပြီး အမှီအခိုကင်းတဲ့ တရားရေးစနစ်မရှိပါက တရားခံအဖြစ် စွပ်စွဲခံရသူတွေအနေနဲ့ တရားမျှတမှု ရရှိရေးနဲ့ အကျပ်အတည်းက လွတ်မြောက်ဖို့ ကိုယ့်ကိုယ်ပိုင်ငွေသုံးပြီး ရုန်းထွက်ဖို့သာ ရှိပါတော့တယ်။ အစိုးရမဏ္ဍိုင်တွေကလည်း အပြစ်ပေး အရေးယူလိုတဲ့အခါတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အဲလိုမျိုး ဝင်ရောက်စွက်ဖက်တာကလည်း တရားမျှတမှု ရရှိစေလိုကြောင်း ပြည်သူတွေကို ထင်ရှားစွာ ပြသလိုတဲ့ အခါမျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိနေပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို တရားရုံးတွေဆီက တရားမျှတမှု ရရှိဖို့ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ဖိနှိပ်အခံရဆုံးဖြစ်တဲ့ လူအုပ်စုတွေအတွက် လက်လှမ်းမမီနိုင်တဲ့ အရာတစ်ခု ဖြစ်နေပါတယ်။
-
ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၁)
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 12, 2020
အရပ်ဘက်အဖွဲ့အစည်းများစွာ အတွက်မူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကအဆင့်မှာ အသွင်ကူးပြောင်းရေး သို့မဟုတ် ပြန်လည်ကုသရေး ဆိုင်ရာ တရားမျှတမှု ဖြစ်ပါတယ်။ အစိုးရ အာဏာပိုင်တွေဟာ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပွင့်ပွင့်လင်းလင်းအသိအမှတ်ပြုပြီး တရားမျှတမှုနဲ့ကုသမှု လုပ်ငန်းစဉ်ကို အစပြု လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင်တွေဟာ ၎င်းတို့ အတိတ်က ကျူးလွန်ခဲ့တဲ့ မတရားမှုတွေကို အသိအမှတ်ပြုဖို့ အထူးခက်ခဲလှတာကို တွေ့ရပါတယ်။ အခြားသော ပဋိပက္ခလွန် လူ့အဖွဲ့ အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာကြည့်ရင် အဲဒီလို အသိအမှတ်ပြုခြင်းဟာ များစွာ အရေးပါတာကို တွေ့ရပါတယ်။
-
သတိ ရွေးကောက်ပွဲရှိသည်
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Aug 28, 2020
မြန်မာနိုင်ငံရဲ့ လူထုဟာ မဲပေးခွင့်အတွက်ကို အချိန်ကြာမြင့်စွာနဲ့ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အခြားသော အစိုးရအဖွဲ့အစည်းတွေအားလုံးဟာ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအယူအဆတွေအပေါ် ပြည်သူတွေ လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုန်နေကြတာကို ဝမ်းမြောက်သင့်ပါတယ်။ အဲ့ဒီလိုဖြစ်ရမယ့်အစား ကော်မရှင်ဟာ ချမှတ်နိုင်တဲ့ ငွေဒဏ်၊ ထောင်ဒဏ်တွေနဲ့ ခြိမ်းခြောက်ပြီး ဆန့်ကျင်ဘက်သတင်းစကားကို ပေးပို့နေတာ ဖြစ်ပါတယ်။
-
မူဝါဒအကျဉ်း - ကူးစက်ရောဂါ ထိန်းချုပ်ခြင်း
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Mar 30, 2020
ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ ဘေးအန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ မူဝါဒချမှတ်သူတွေအတွက် မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ဆိုတာ အလွန်အမင်း ခက်ခဲလှပါတယ်။ သွားလာမှုတွေကို အတင်းအကျပ် ထိန်းချုပ်လိုက်ခြင်းက စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်သလို လူမှုရေးနဲ့ နိုင်ငံရေးအရ မတည်မငြိမ်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
-
လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး တစ်နှစ်နဲ့ ခုနစ်ရက်
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Mar 26, 2020
ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ခရီးတွေဟာ ရေရည်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်လို့ အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီလားလို့ မေးခွန်းထုတ်ရင်တော့ NLD အတွက် တရားမျှတတဲ့ မေးခွန်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စရပ်တွေအတွက် အခြေခံကောင်းတွေ တည်ဆောက်နိုင်ပြီလားဆိုတဲ့ မေးခွန်းက မေးထိုက်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အခြေခံကောင်းတွေထဲကမှ အခြေခံတစ်ခုဖြစ်တဲ့ "ယုံကြည်မှုတည်ဆောက်ခြင်း" ဆိုတာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် အရေးကြီးလှပါတယ်။
-
ပွင့်လင်းမြင်သာမှု နမူနာများ - တောင်ကိုရီးယားနိုင်ငံရဲ့ ပွင့်လင်းအစိုးရ
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 23, 2019
သတိပြုသင့်တဲ့ အချက်က ဒီလိုအောင်မြင်မှုတွေကို တောင်ကိုရီးယား အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှုကနေ တစ်ဆင့် ရရှိခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တခါ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ခါတစ်ရံ အစိုးရရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြီး အစိုးရကို ဖိအားပေးခြင်းနည်းလမ်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ အစိုးရကို ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ တွန်းအားပေးနိုင်ခဲ့ကြပါတယ်။
အာနန္ဒာ