• မိတ်ဆက် နှင့် အနှစ်ချုပ် - အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာနှင့် အလှကုန်ပစ္စည်းများဆိုင်ရာ ဓာတ်ခွဲခန်း ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Apr 07, 2020

    ဓာတ်ခွဲခန်းတွေနဲ့ ပတ်သက်လို့ ပထမဆုံး ဥပဒေ တစ်ခု ဖြစ်လာမှာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလလောက်တည်းက စတင်ရေးဆွဲခဲ့တယ်လို့ သိရပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ဦးဆောင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကို အတည်ပြုပြီးခဲ့ရင်တော့ လက်ရှိ တည်ဆဲ ဥပဒေတွေဖြစ်တဲ့ အမျိုးသားဆေးဝါး ဥပဒေ၊ အမျိုးသားအစားအသောက် ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေစတာတွေနဲ့ ဆက်စပ်လာမှာ ဖြစ်ပါတယ်။

  • မူဝါဒအကျဉ်း - ကူးစက်ရောဂါ ထိန်းချုပ်ခြင်း

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Mar 30, 2020

    ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ ဘေးအန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ မူဝါဒချမှတ်သူတွေအတွက် မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ဆိုတာ အလွန်အမင်း ခက်ခဲလှပါတယ်။ သွားလာမှုတွေကို အတင်းအကျပ် ထိန်းချုပ်လိုက်ခြင်းက စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်သလို လူမှုရေးနဲ့ နိုင်ငံရေးအရ မတည်မငြိမ်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

  • သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြီး အသက်သွင်းပေးရတဲ့ ဥပဒေများ

    Posted in ဥပဒေရေးရာ သုတေသန on Mar 26, 2020

    နိုင်ငံတော်တော်များများဟာ ဥပဒေပြုရေးမဏ္ဍိုင်ကနေ အတည်ပြုထားပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ သဘောတူတဲ့ အဆင့် ရရှိထားတဲ့ ဥပဒေတွေကို အသက်ဝင် အာဏာတည်စေဖို့ အချိန်ဆိုင်းထားတတ်ကြပါတယ်။ အကြောင်းအရင်းတွေက အမျိုးမျိုး ရှိတတ်ပြီးတော့ အဲ့ဒါတွေကလည်း နိုင်ငံတစ်နိုင်ငံချင်းဆီမှာ ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခင်းအကျင်းပေါ်လည်း တော်တော်များများ မူတည်တတ်ပါတယ်။

  • လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး တစ်နှစ်နဲ့ ခုနစ်ရက်

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Mar 26, 2020

    ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ခရီးတွေဟာ ရေရည်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်လို့ အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီလားလို့ မေးခွန်းထုတ်ရင်တော့ NLD အတွက် တရားမျှတတဲ့ မေးခွန်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စရပ်တွေအတွက် အခြေခံကောင်းတွေ တည်ဆောက်နိုင်ပြီလားဆိုတဲ့ မေးခွန်းက မေးထိုက်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အခြေခံကောင်းတွေထဲကမှ အခြေခံတစ်ခုဖြစ်တဲ့ "ယုံကြည်မှုတည်ဆောက်ခြင်း" ဆိုတာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် အရေးကြီးလှပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Mar 18, 2020

    ဥပဒေကြမ်းက ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်တာ၊ စောင့်ကြပ်စစ်ဆေးတာ နဲ့ တုံ့ပြန်ဆောင်ရွက်တာ၊ ရောဂါဖြစ်ပွားမှုကို တိုင်ကြားစေတာ၊ အသွားအလာ တားမြစ်ကန့်သတ်တာ နဲ့ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်တွေမှာ ရောဂါ ကာကွယ်နှိမ်နင်းတာ စတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

  • မြန်မာနိုင်ငံက လူမှုဖူလုံရေးအဖွဲ့နဲ့ အခြားနိုင်ငံတွေက လူမှုဖူလုံရေးအဖွဲ့အစည်းတွေကို နှိုင်းယှဉ်လေ့လာခြင်း

    Posted in ဥပဒေရေးရာ သုတေသန on Mar 16, 2020

    ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပေမယ့်လည်း SSB အဖွဲ့ဟာ ကောက်ခံရရှိတဲ့ ရန်ပုံငွေတွေကို သုံးစွဲနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။ SSB အဖွဲ့ကနေ လက်တလော ပေးနေတဲ့ ဝန်ဆောင်မှုတွေဟာ အရည်အသွေး ညံ့ဖျင်းပြီး တိုးတက်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့လည်း အများစုက ရှုမြင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စဟာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အကြောင်းကတော့ အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ရတဲ့ လုပ်သားတွေကို နစ်နာကြေး မပေးနိုင်ဘူးလို့ ဆိုနေတာကြောင့် ဖြစ်ပါတယ်။ ကုန်အမှာတွေ နဲ့ ကုန်ကြမ်းတွေ ပြတ်လပ်လာတာကြောင့် အလုပ်သမားများစွာဟာ အိမ်ပြန်ပို့ခံပြီး၊ အကျိုးဆက်အနေနဲ့ ဝင်ငွေဆုံးရှုံးမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံရတဲ့ အလုပ်သမားတွေရဲ့ မိသားစုတွေအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှု မရှိတော့တာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - ရှေ့နေများကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Mar 12, 2020

    ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လုပ်ဆောင်နေရတဲ့ ကိစ္စရပ်အချို့ကို လက်ရှိဥပဒေကြမ်းအရ ဖွဲ့စည်းမယ့် မြန်မာနိုင်ငံရှေ့နေများကောင်စီနဲ့ ဒေသဆိုင်ရာရှေ့နေများကောင်စီတွေရဲ့ လုပ်ပိုင်ဆောင်ရွက်ခွင့်အဖြစ် တည်ရှိစေမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လွှတ်တော်ထဲ မဆွေးနွေးမီကာလမှာ အရင်က ရှိခဲ့ဖူးတဲ့ The Bar Council Act၊ The Legal Practitioners Act တို့နဲ့ လက်ရှိဥပဒေကြမ်းကို နှိုင်းယှဉ်သုံးသပ်ခြင်း၊ ဥပဒေကြမ်းထဲက ပြင်ဆင်ပြောင်းလဲသင့်တဲ့ ပုဒ်မတွေ နဲ့ အကြံပြုချက် စတာတွေကို ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

  • မူဝါဒအကျဉ်း - ရှေ့နေများကောင်စီ

    Posted in ဥပဒေရေးရာ သုတေသန on Mar 12, 2020

    တရားမျှတမှု ရှိတဲ့ စနစ်တွေ ပေါ်ပေါက်လာဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုက ရှေ့နေတွေရဲ့ လွတ်လပ်မှု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီစနစ်တွေဟာ လူတိုင်း ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှစွာ ဆက်ဆံခံရမယ်ဆိုတဲ့ တန်းတူညီမျှမှု အပေါ် အခြေခံထားတာကြောင့် ဖြစ်ပါတယ်။

  • မူဝါဒအကျဉ်း - အနည်းဆုံးအခကြေးငွေ

    Posted in ဥပဒေရေးရာ သုတေသန on Mar 06, 2020

    အမျိုးသားကော်မတီဟာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ နေထိုင်မှုကုန်ကျစရိတ်ကို လေ့လာတွက်ချက်တယ်လို့ အစိုးရကိုယ်စားလှယ်တွေက ပြောနေစဉ်မှာ ဘယ်လိုဆုံးဖြတ်ချက် ချမှတ်တယ်ဆိုတာဟာ ပွင့်လင်းမြင်သာမှု လုံးဝ မရှိပါဘူး။ ဥပမာ ယူကေနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေကော်မရှင်နဲ့ မတူတဲ့အချက် အစီရင်ခံစာအားလုံးကို ထုတ်ပြန်ပေးပြီး အချက်အလက်တွေကို ပွင့်လင်းမြင်သာအောင် လုပ်ပေးတာမျိုးပဲ ဖြစ်ပါတယ်

  • မိတ်ဆက် နှင့် အနှစ်ချုပ် - ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Mar 05, 2020

    ဥပဒေကြမ်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေသစ်တွေနဲ့ ဆီလျော်အောင် ပြင်ဆင်ချက်တွေ၊ နည်းဥပဒေထဲ ပါသင့်တဲ့ အချက်တွေ၊ တခြားဥပဒေတွေနဲ့ ထပ်နေတဲ့ ပြဋ္ဌာန်းချက်တွေကို ပယ်ဖျက်တာတွေနဲ့ ဥပဒေအရေးအသားဆိုင်ရာ ပြောင်းလဲချက်တွေ ပါရှိပါတယ်။