• သတိ ရွေးကောက်ပွဲရှိသည်

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Aug 28, 2020

    မြန်မာနိုင်ငံရဲ့ လူထုဟာ မဲပေးခွင့်အတွက်ကို အချိန်ကြာမြင့်စွာနဲ့ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အခြားသော အစိုးရအဖွဲ့အစည်းတွေအားလုံးဟာ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအယူအဆတွေအပေါ် ပြည်သူတွေ လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုန်နေကြတာကို ဝမ်းမြောက်သင့်ပါတယ်။ အဲ့ဒီလိုဖြစ်ရမယ့်အစား ကော်မရှင်ဟာ ချမှတ်နိုင်တဲ့ ငွေဒဏ်၊ ထောင်ဒဏ်တွေနဲ့ ခြိမ်းခြောက်ပြီး ဆန့်ကျင်ဘက်သတင်းစကားကို ပေးပို့နေတာ ဖြစ်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Aug 14, 2020

    ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ်ဟာ ဥပဒေအသက်ဝင်ပြီးနောက် စတင်ခန့်အပ်တဲ့ ဝန်ထမ်းသစ်တွေနဲ့ ဥပဒေအသက်ဝင်ချိန် ပင်စင်အကျိုးခံစားခွင့် မရှိသေးတဲ့ လုပ်သက် (၁၀) နှစ်အောက် ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်မှာ ဖြစ်ပါတယ်။ လုပ်သက် (၁၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းတွေကတော့ အငြိမ်းစားအကျိုးခံစားခွင့်ကို လက်ရှိပင်စင်စနစ်ဟောင်းအတိုင်း ဆက်လက်ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကို လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ စတင်ဖို့ လျာထားပြီး ၂၀၂၀-၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မှု ငွေစာရင်းအဖြစ် ကျပ် ၁၀၀ ဘီလီယံ ကို ထည့်သွင်းရေးဆွဲထားပါတယ်။

  • မဲပေးခြင်း၊ မဲမပေးခြင်းနှင့် ဝေဖန်ရန် အခွင့်အရေး

    Posted in ဥပဒေရေးရာ သုတေသန on Aug 11, 2020

    ဒီမိုကရေစီဆိုတာ မဲပေးခြင်းနဲ့ စတင်ကောင်းစတင်နိုင်ပေမယ့် မဲပေးခြင်းနဲ့တော့ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ အချိန်ကာလအလိုက် အစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက်တာကို ဆိုလိုသလို အစိုးရရဲ့ မူဝါဒချမှတ်ခြင်းဖြစ်စဉ် နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ နိုင်ငံသားတစ်ဦးအနေနဲ့ စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ခွင့် ရှိတာကိုလည်း ဆိုလိုပါတယ်။

  • မဲပေးခြင်း၊ မဲမပေးခြင်းနှင့် ဒီမိုကရေစီ

    Posted in ဥပဒေရေးရာ သုတေသန on Aug 06, 2020

    ဒီမိုကရေစီစနစ်တစ်ခုမှာဆိုရင် သတ်မှတ်ထားတဲ့ အသက်အရွယ်ရောက်သူအားလုံး ရွေးကာက်ပွဲမှာ မဲပေးနိုင်ခွင့် အခွင့်အရေးကို ဥပဒေနဲ့ အခိုင်အမာကာကွယ်ပေးထားပြီး မြန်မာနိုင်ငံအပါအဝင် ဒီမိုကရေစီနိုင်ငံအများစုမှာဆိုရင် မဲမပေးပဲ နေပိုင်ခွင့်ကိုလည်း ကာကွယ်ပေးထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အိန္ဒိယလို တချို့နိုင်ငံတွေမှာဆိုရင် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကိုမှ မနှစ်သက်တဲ့ သူတွေအတွက် နောက်ထပ် ရွေးချယ်ခွင့် တစ်ခု (none of the above) ကို ဆန္ဒမဲလက်မှတ်ထဲမှာ ထည့်သွင်း ပေးထားပါတယ်။ ပယ်ချခွင့် (Right to Reject) လို့ သိထားကြတဲ့ အဆိုပါရွေးချယ်ခွင့်ကို နိုင်ငံရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာ ပြဋ္ဌာန်းပေးထားပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jul 30, 2020

    ၁၉၅၉ ခုနှစ် အက်ဥပဒေကို ပြင်ဆင်ခဲ့ရာမှာ ၅ ကြိမ် ရှိခဲ့ပြီး ၁၉၆၀၊ ၁၉၆၁၊ ၁၉၆၂၊ ၁၉၈၉ နဲ့ ၂၀၁၀ တွေမှာ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်ဥပဒေကြမ်းကိုတော့ Singapore Armed Forces Act, 1972 နဲ့ The Indian Army Act, 1950 တို့ကို ကိုးကားပြီး ရေးဆွဲတင်သွင်းလာတယ်လို့ သိရပါတယ်။ တင်သွင်းရတဲ့ အကြောင်းရင်းကတော့ အရေးယူထိုက်တဲ့ ပြစ်မှုကျူးလွန်သူ တပ်မတော်သားတွေကို အရေးယူခံရခြင်းမှ မကင်းလွတ်စေဖို့ နဲ့ စစ်စည်းကမ်းထိန်းသိမ်းဖို့အတွက်လို့ ဆိုပါတယ်။

  • လူ့အခွင့်အရေးကို ကာကွယ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

    Posted in ဥပဒေရေးရာ သုတေသန on Jul 29, 2020

    လူ့အခွင့်အရေးကို လေးစား ကာကွယ်ပေးတဲ့ ပြဋ္ဌာန်းချက်တွေကို ထည့်သွင်းသွားဖို့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ကျား/မတန်းတူညီမျှရေး နဲ့ အမျိုးသမီးအခွင့်အရေးကို လေးစားတန်ဖိုးထားဖို့၊ တိုင်းရင်းသားဖြစ်မှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာတွေ မပြုလုပ်ဖို့ နဲ့ အမျိုးသမီးအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့လို လိုအပ်ချက်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒနည်းပါးတာ၊ အချိန်နဲ့ ကုန်ကျစရိတ်တွေကို အကြောင်းပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ပြင်ဆင်ချက်တွေဟာ အခြေခံကျတဲ့ လူအခွင့်အရေးတွေကို မကာကွယ်ပေးနိုင်ရင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရဲ့ လုပ်ငန်းဆောင်တာကို ပျက်ကွက်ရာ ကျပါမယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jun 11, 2020

    အခု ပြင်ဆင်ချက်ဟာ တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေး အစီအစဉ် နဲ့ ဆက်စပ်နိုင်ပြီး တရားမကျင့်ထုံးဥပဒေရဲ့ ပဉ္စမပိုင်းဖြစ်တဲ့ “အထူးအမှုများ” အောက်ရှိ “အနုညာတစီရင်ဆုံးဖြတ်ခြင်း” အခန်းမှာ အသစ်ထည့်သွင်းတာ ဖြစ်ပါတယ်။ ဥပဒေကြမ်းမှာ စေ့စပ်ဖြေရှင်းရေး ဆိုတဲ့ စကားရပ်ကို ရှင်းလင်းချက် ပေးထားပြီး တရားရုံးက ဘယ်လို အမှုတွေကို စေ့စပ်ဖြေရှင်းပေးနိုင်တယ်၊ ဘယ်လို စေ့စပ်ဖြေရှင်းပေးရမယ် ဆိုတာနဲ့ ရရှိလာတဲ့ သဘောတူညီချက်တွေကို ဘယ်လို အတည်ပြုပေးရမယ် ဆိုတဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 25, 2020

    ‌ဥပဒေကြမ်းမှာ ဆေးပစ္စည်းကိရိယာ အမျိုးအစား ခွဲတာ၊ အရည်အသွေးကိုက်ညီမှု အကဲဖြတ်ဆန်းစစ်တာ၊ မှတ်ပုံတင်တာ၊ လိုင်စင် ဒါမှမဟုတ် ထောက်ခံချက် လျှောက်တာ၊ ထုတ်ပေးတာ၊ အညွှန်းအမှတ်အသား ဖော်ပြတာ၊ ကြော်ငြာတာ၊ စျေးကွက်စောင့်ကြည့်စစ်ဆေးတာနဲ့ ဆိုးကျိုးဖြစ်ရပ်တွေ သတင်းပေးပို့တာ နဲ့ ဆေးပညာရပ်ဆိုင်ရာ စူးစမ်းစမ်းသပ်မှု ပြုလုပ်တာ စတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - တိုက်ရိုက်ရောင်းချခြင်း ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 22, 2020

    အရောင်းကိုယ်စားလှယ်တွေဟာ ကုန်စည်/ဝန်ဆောင်မှုတွေကို ရောင်းချဖို့ ကမ်းလှမ်းကြော်ငြာရာမှာ ဆက်သွယ်ရမယ့် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာ၊ ကုန်စည်/ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးနဲ့ ထပ်မံကုန်ကျနိုင်တဲ့ စရိတ်တွေကို စားသုံးသူဆီ မရောင်းချမီ ကြိုတင်ရှင်းလင်းတာ၊ ရောင်းချတာတွေကို စာရင်းမှတ်တမ်းထားရှိတာ နဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ အရေးယူမှုတွေကို မကျေနပ်ရင် ဦးစီးဌာနကို တင်ပြတာတွေ စတဲ့ တာဝန်နဲ့ အခွင့်အရေးတွေ ရှိပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - ခုခံအားကျဆင်းမှုရောဂါပိုးရှိသူများနှင့် ဆက်နွယ်ထိခိုက်ခံရသူများဆိုင်ရာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on May 21, 2020

    ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူသုံးစွဲရာမှာ လိင်ဝိသေသလက္ခဏာ၊ လိင်စိတ်ခံယူမှု၊ လိင်လုပ်သားဖြစ်ခြင်းတွေကို အကြောင်းပြုပြီး ဥပဒေနဲ့အညီမှအပ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းချုပ်နှောင်ခြင်း၊ အနှောက်အယှက်ပေးခြင်း၊ ဟန့်တားခြင်းနဲ့ ကန့်သတ်ခြင်းတွေ မပြုလုပ်ရလို့ ပုဒ်မ ၂၅ (ခ) က ဆိုထားပါတယ်။ ဒါဟာ တစ်ဖက်မှာ ရောဂါပိုးရှိသူရဲ့ ရပိုင်ခွင့်ကို ပေးအပ်ထားပေမယ့် တခြားတစ်ဖက်မှာ အဲဒီရပိုင်ခွင့် ရယူနေချိန်မှာပဲ ဥပဒေနဲ့အညီ ဖမ်းဆီး ထိန်းသိမ်း ဟန့်တားနိုင်တယ်လို့ ဆိုလိုရာ ရောက်နေပါတယ်။ နောက်ပြီး “ဥပဒေနှင့်အညီမှတစ်ပါး” ဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီးလည်း လက်ရှိမြန်မာနိုင်ငံမှာ လိင်လုပ်သားတွေကို တရားဝင် ဥပဒေနဲ့ ခွင့်ပြုထားခြင်း မရှိသေးတာကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။