• ဥပဒေကြမ်းအနှစ်ချုပ် - အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jun 22, 2019

    အမျိုးသားမှတ်တမ်းနဲ့မော်ကွန်းဦးစီးဌာနဟာ မှတ်တမ်းနဲ့မော်ကွန်းတွေရဲ့ လုံခြုံမှုသက်တမ်းကုန်ဆုံးပေမယ်လို့ လိုအပ်ရင် ဖတ်ရှု့ကိုးကားမှုကို ခွင့်မပြုဘဲ ထားနိုင်ပါတယ်။ ဌာနဆိုင်ရာသုတေသီတွေအနေနဲ့ လုံခြုံမှုအဆင့်ရှိ မှတ်တမ်းနဲ့မော်ကွန်းတွေ အသုံးပြုလိုပါက သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်းအကြီးအကဲရဲ့ ထောက်ခံစာပါရှိရမှာဖြစ်ပြီး၊ ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ထား ချက်နဲ့အညီ ခွင့်ပြုနိုင်ပါတယ်။ ဘယ်သူမဆို မှတ်တမ်းနဲ့မော်ကွန်းတွေကို ပုံနှိပ်ထုတ်ဝေလိုရင် ဒါမှမဟုတ် မိတ္တူကူးယူလိုရင် ညွှန်ကြားရေးမှူးချုပ်ရဲ့သဘောတူညီချက်ရယူပြီး သတ်မှတ်ထားတဲ့ အခကြေး ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

  • သတင်းတွေရဲ့ နောက်ကွယ်က ဥပဒေ - အလုပ်ခွင်ပြင်ပမှာ ဆရာဝန်တွေ ဘယ်လိုဝတ်သင့်တယ်ဆိုတာကို အစိုးရက ဝင်ရောက်စွက်ဖက်ခွင့်ရှိသလား

    Posted in ဥပဒေရေးရာ သုတေသန on Jun 22, 2019

    အာနန္ဒာအနေနဲ့ ဒီငြင်းခုံမှုမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဝင်ရောက်ဆုံးဖြတ်ပေးဖို့ ရည်ရွယ်ရင်းမရှိပါဘူး။ ကျွန်တော်တို့ စိတ်ဝင်စားတာက ဆေးကောင်စီ ဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ဘယ်ဥပဒေက ခွင့်ပြုပေးထားသလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ အမှန်တကယ် ဆောင်ရွက်ခြင်း ဖြစ်ပါသလား၊ ဥပဒေက ဘယ်လို ပြောထားသလဲ စတဲ့ အချက်တွေကို စိတ်ဝင်စားပါတယ်။

  • မှတ်တမ်းနဲ့မော်ကွန်းဥပဒေကြမ်းကို ဘာလို့စိတ်ဝင်စားသင့်တာလဲ

    Posted in ဥပဒေရေးရာ သုတေသန on Jun 21, 2019

    မှတ်တမ်း နဲ့ မော်ကွန်းတွေကို ပြည်သူတွေ သိရှိခြင်းအားဖြင့်လည်း အစိုးရတွေဟာ သူတို့ရဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်တဲ့ အခါတိုင်းမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် ဖြစ်လာစေဖို့အတွက် ကြိုးစားအားထုတ်လာနိုင်ပါတယ်။ မော်ကွန်းတွေဟာ အစိုးရပွင့်လင်းမြင်သာမှုရဲ့ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေအတွက် ပိုမိုကောင်းမွန်လာစေမယ့် အနေအထားလည်း ဖြစ်ပြီး၊ နိုင်ငံသားတွေအတွက် သတင်းအချက်အလက် ရရှိနိုင်မှုကို ပိုမိုလွယ်ကူစေပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - မြန်မာနိုင်ငံဆေးပညာရပ်များဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ

    Posted in ဥပဒေရေးရာ သုတေသန on Jun 19, 2019

    လွှတ်တော်ကို ပေးပို့ထားတဲ့ ဥပဒေကြမ်းအရ ရန်ကုန် တက္ကသိုလ်တစ်ခုတည်းက ပေးအပ်ပိုင်ခွင့်ရှိတဲ့ ဆေးပညာရပ်ဆိုင်ရာဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေကို ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေအရ တည်ထောင်တဲ့ တက္ကသိုလ်တွေ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းတွေအပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေကပါ ပေးအပ်ပိုင်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။

  • စက်မှုဇုန်ဥပဒေကြမ်းကို ပိုကောင်းလာဖို့ ဘာတွေလိုမလဲ

    Posted in ဥပဒေရေးရာ သုတေသန on Jun 19, 2019

    နိုင်ငံအများအပြားမှာ အထူးစီးပွားရေးဇုန်တွေကို အစိုးရက ဖန်တီးဖော်ထုတ်နိုင်တဲ့ ဥပဒေတွေ ရှိကြပါတယ်။ ဒီဥပဒေတွေရဲ့ ရည်ရွယ်ချက်က သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ လုပ်ငန်းတွေထူထောင်ဖို့အတွက် အခွန်နှုန်းထားတွေ လျော့ချပေးခြင်း၊ ကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံတွေ တည်ထောင်ပေးခြင်းနဲ့ ကုန်ကြမ်းတွေ၊ လုပ်အားတွေကို အလွယ်တကူ ရရှိစေနိုင်ဖို့ ဖန်တီးပေးခြင်း၊ ဒီစီးပွားရေး လုပ်ငန်းတွေ ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ဖို့ အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းနဲ့ ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

  • လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကြမ်းအား နိုင်ငံတကာအလေ့အထများဖြင့် နှိုင်းယှဉ် ခွဲခြမ်းလေ့လာခြင်း

    Posted in ဥပဒေရေးရာ သုတေသန on Jun 06, 2019

    တာဝန်မှရုပ်သိမ်းခြင်းဆိုတာ တိုက်ရိုက်ဒီမိုကရေစီပုံစံ တစ်မျိုးဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေကို သက်တမ်းမကုန်ဆုံးခင်ကာလမှာ ရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒရှင်တွေက ပြန်လည်ရုပ်သိမ်းဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်ဆိုတာ သူတို့ကို ရွေးကောက်ပေးလိုက်တဲ့ မဲဆန္ဒရှင်တွေကို အမြဲမပြတ် တာဝန်ခံရမယ်ဆိုတဲ့ အယူအဆနဲ့ တာဝန်မှ ရုပ်သိမ်းခြင်းကိစ္စဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - မြန်မာနိုင်ငံဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jun 04, 2019

    ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေ အပ်နှင်းပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေကတော့ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေအရ တည်ထောင်တဲ့ တက္ကသိုလ်တွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းတွေအပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေ ပါ၀င်ပါတယ်။

  • တရားရေးမဏ္ဍိုင် တည့်မတ်စေဖို့ ကျမ်းသစ္စာ ကျိန်ဆိုခြင်းအပြင် အခြားရွေးချယ်စရာများ

    Posted in ဥပဒေရေးရာ သုတေသန on May 28, 2019

    ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်တို့ဟာ အပြန်အလှန် ထိန်းကျောင်းမှု ပြုရမှာဖြစ်ပြီး လွှမ်းမိုးဖို့ ကြိုးစားရမှာ မဟုတ်ပါဘူး။ တရားရေးမဏ္ဍိုင်က အားနည်း၊ ချို့ယွင်းချက်တွေကို ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေချိန်မှာ ကျန်မဏ္ဍိုင်တွေက လိုအပ်တဲ့ ထောက်ကူမှုပြုဖို့ လုပ်ဆောင်ပေးသင့်ပြီး လိုအပ်တဲ့ ဥပဒေတွေပြုတာ၊ ပြင်ဆင်တာတွေအတွက် တရားရေးမဏ္ဍိုင်နဲ့ ဆွေးနွေးအဖြေရှာသင့်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - စက်မှုဇုန်ဥပဒေ

    Posted in ဥပဒေရေးရာ သုတေသန on May 23, 2019

    ကုန်ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေအတွက် အခြေခံအဆောက်အအုံတည်ရှိမှု၊ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှု၊ သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ကျစေမှု၊ နည်းပညာရရှိမှုနဲ့ ပြည်တွင်းပြည်ပဈေးကွက်ရရှိမှု စတာတွေ စနစ်ကျစေဖို့ စက်မှုဇုန်ဥပဒေတစ်ရပ် မဖြစ်မနေ လိုအပ်ပါတယ်။ ဥပဒေတစ်ရပ်မရှိဘဲ စက်မှုဇုန်တွေကို ဖော်ဆောင်ခဲ့မယ်ဆိုရင်တော့ တခြားသော ကျန်းမာရေးဆိုင်ရာဥပဒေတွေ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေနဲ့ တစ်ချိန်ချိန်မှာ ပဋိပက္ခ ဖြစ်လာနိုင်စရာ ရှိပါတယ်။

  • ဒေသန္တရအမိန့်အောက် ဆုံးရှုံးသွားတဲ့ နိုင်ငံသားအခွင့်အရေး

    Posted in ဥပဒေရေးရာ သုတေသန on May 21, 2019

    ကယားပြည်နယ်က ဒေသန္တရအမိန့်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအရရော၊ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ငြိမ်း၊စု၊စီ ဥပဒေ ရည်ရွယ်ချက်နဲ့ သွေဖည်နေသလို အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်စေရန် ဒေသအဖွဲ့အစည်းတစ်ခုရဲ့ ကြိုတင်တားမြစ် လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးနဲ့ ထိပ်တိုက်တွေ့လာရင် ဖွဲ့စည်းပုံအခြေခံဥပဒေရော၊ ငြိမ်း၊စု၊စီ ဥပဒေရောဟာ အသက်မဝင်တော့တဲ့ အပြင် နိုင်ငံသားတွေဟာလည်း နစ်နာနေရပါတယ်။