-
ဥပဒေကြမ်းဆန်းစစ်မှု - ခုခံအားကျဆင်းမှုရောဂါပိုးရှိသူများနှင့် ဆက်နွယ်ထိခိုက်ခံရသူများဆိုင်ရာ ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on May 21, 2020
ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူသုံးစွဲရာမှာ လိင်ဝိသေသလက္ခဏာ၊ လိင်စိတ်ခံယူမှု၊ လိင်လုပ်သားဖြစ်ခြင်းတွေကို အကြောင်းပြုပြီး ဥပဒေနဲ့အညီမှအပ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းချုပ်နှောင်ခြင်း၊ အနှောက်အယှက်ပေးခြင်း၊ ဟန့်တားခြင်းနဲ့ ကန့်သတ်ခြင်းတွေ မပြုလုပ်ရလို့ ပုဒ်မ ၂၅ (ခ) က ဆိုထားပါတယ်။ ဒါဟာ တစ်ဖက်မှာ ရောဂါပိုးရှိသူရဲ့ ရပိုင်ခွင့်ကို ပေးအပ်ထားပေမယ့် တခြားတစ်ဖက်မှာ အဲဒီရပိုင်ခွင့် ရယူနေချိန်မှာပဲ ဥပဒေနဲ့အညီ ဖမ်းဆီး ထိန်းသိမ်း ဟန့်တားနိုင်တယ်လို့ ဆိုလိုရာ ရောက်နေပါတယ်။ နောက်ပြီး “ဥပဒေနှင့်အညီမှတစ်ပါး” ဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီးလည်း လက်ရှိမြန်မာနိုင်ငံမှာ လိင်လုပ်သားတွေကို တရားဝင် ဥပဒေနဲ့ ခွင့်ပြုထားခြင်း မရှိသေးတာကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
-
မိတ်ဆက် နှင့် အနှစ်ချုပ် - ကုန်သွယ်ရေကြောင်းသွားလာရေးဆိုင်ရာ တူးမြောင်း ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on May 16, 2020
ဒီဥပဒေကြမ်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ တူးမြောင်းအရာရှိ၊ ရေကြောင်းကြီးကြပ်ရေးမှူး၊ အကောက်စခန်းမှူး နဲ့ ရေယာဉ်ဦးစီးတို့ရဲ့ တာဝန်တွေ၊ နဲ့ တားမြစ်ချက်တွေ ပါရှိပါတယ်။
-
မြန်မာနိုင်ငံ၏ Covid-19 အပေါ် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များရေးဆွဲခြင်းနှင့် ငွေကြေး ထောက်ပံ့ခြင်း - လွှတ်တော်ကိုယ်စားလှယ်များအတွက်အကြံပြုမေးခွန်းများ
Posted in ဥပဒေရေးရာ သုတေသန on May 15, 2020
မတ်လတွင် ရေးသားပြုစုခဲ့သော ကူးစက်ရောဂါထိန်းချုပ်ခြင်းဆိုင်ရာမူဝါဒစာတမ်း၏ နောက်ဆက်တွဲအဖြစ် အာနန္ဒာ အဖွဲ့နှင့် Westminster Foundation for Democracy (WFD) အဖွဲ့တို့ ပူးပေါင်း၍ ဤစာတမ်းတိုနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များအတွက် အစိုးရကို မေးမြန်းနိုင်မည့် အကြံပြုမေးခွန်းအချို့ကို မေလ ၁၈ ရက်နေ့၊ လွှတ်တော် ပုံမှန် အစည်းအဝေးအမီ ရေးသားပြုစုခဲ့ပါသည်။ ဤမေးခွန်းများကို လွှတ်တော်အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေး မေးမြန်းနိုင်မည်ဟု မျှော်လင့်ပါသည်။
-
မိတ်ဆက် နှင့် အနှစ်ချုပ် - ခုခံအားကျဆင်းမှုရောဂါပိုးရှိသူများနှင့် ဆက်နွယ်ထိခိုက်ခံရသူများဆိုင်ရာ ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on May 13, 2020
ဥပဒေကြမ်းမှာ အမျိုးသားကော်မတီဖွဲ့စည်းတာ၊ ရောဂါပိုးရှိသူရဲ့ တာဝန်နဲ့ ရပိုင်ခွင့်၊ ဆက်နွယ်ထိခိုက်ခံရသူနဲ့ ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုများတဲ့ သူတွေရဲ့ ရပိုင်ခွင့်၊ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာ၊ ရောဂါပိုးစစ်ဆေးတာ နဲ့ တားမြစ်ချက် ဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။
-
ဥပဒေကြမ်းဆန်းစစ်မှု - မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on May 04, 2020
တူးဖော်ခွင့်ပြုမိန့်နဲ့ပတ်သက်ရင် ဥပဒေကြမ်းက သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ထံ လျှောက်ထားရမယ်လို့ ဆိုထားပြီး စက်ရေတွင်းကို သတ်မှတ်ကာလအတွင်း တူးဖော်ခြင်းမပြီးခဲ့ရင် တူးဖော်ခွင့်ပြုမိန့်ပေးတဲ့ လုပ်ငန်းအဖွဲ့ကိုပဲသတ်မှတ်ကာလတိုးပေးဖို့ လျှောက်ရမယ်လို့ ပါရှိပါတယ်။ သတ်မှတ်ကာလအတွင်း တူးဖော်မှု မပြီးခဲ့ရင် ကွင်းဆင်းစစ်ဆေးခြင်းနဲ့ ကာလသက်တမ်းတိုးမြှင့်ခြင်းတွေအတွက် တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းအဖွဲ့ ဒါမှမဟုတ် တာဝန်လွှဲအပ်ခံရတဲ့ အဖွဲ့က စစ်ဆေးမယ်လို့ ဆိုပြန်ပါတယ်။ ဒါဟာ မြို့နယ် နဲ့ တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍတွေဟာ ရှင်းလင်းခြင်း မရှိဘူးဆိုတာကို နောက်ထပ်ပြသနေသလို ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာလည်း တိတိကျကျ မရှိဘူးဆိုတာ ဖော်ပြနေပါတယ်။
-
မိတ်ဆက် နှင့် အနှစ်ချုပ် - မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on Apr 29, 2020
လက်ရှိ ပြည်သူ့လွှတ်တော်ကို တင်သွင်းလာတဲ့ ဥပဒေကြမ်း အတည်ပြုခဲ့ရင် ၁၉၃၀ ပြည့်နှစ် မြေအောက်ရေ အက်ဥပဒေ The Underground Water Act (Burma Act No. IV) ကို အစားထိုး ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းမှာ မြေအောက်ရေ ထုတ်ယူသုံးစွဲဖို့ တူးဖော်ခွင့်ပြုမိန်နဲ့ သုံးစွဲခွင့်ပြုမိန့်တွေ လျှောက်တာ၊ လုပ်ငန်းလိုင်စင် လျှောက်ထားတာ၊ သက်တမ်းတိုးလျှောက်ထားတာနဲ့ တားမြစ်ချက်တွေ ပါဝင်ပါတယ်။
-
ကိုဗစ်-၁၉ ကာလအတွင်း ကိုင်စွဲကျင့်သုံးနေသော ဥပဒေများ
Posted in ဥပဒေရေးရာ သုတေသန on Apr 10, 2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း အဓိက အသုံးပြုနေတဲ့ ဥပဒေတွေက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ တို့ ဖြစ်ကြပါတယ်။ တခြားဥပဒေတွေ ဖြစ်တဲ့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေနဲ့ ရာဇသတ်ကြီး ဥပဒေတွေကိုလည်း အသုံးပြုတာကို တွေ့ရပါတယ်။
-
ဥပဒေကြမ်းဆန်းစစ်မှု - ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on Apr 08, 2020
ကူးစက်ရောဂါနဲ့ပတ်သက်ပြီး တည်ဆဲဥပဒေဟာ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေကို လွှမ်းမိုးနိုင်တယ် ပါရှိပါတယ်။ ဒီ့အတွက် တခြား ဥပဒေတွေ (ဥပမာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ) ကို လွှမ်းမိုးနိုင်ခြင်း ရှိ-မရှိ သေချာမှုမရှိတာကြောင့် လုပ်ပိုင်ခွင့်ထပ်တာမျိုး ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းရဲ့ ပုဒ်မ ၄၄ ဟာ ကူးစက်ရောဂါနဲ့ဆက်စပ်တဲ့ ကိစ္စရပ်တွေကို ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူရမယ်လို့ ဆိုထားတာကြောင့် တခြားဥပဒေတွေအားလုံးကို လွှမ်းမိုးနိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါဟာ တခြားသော ဥပဒေတွေနဲ့ ပဋိပက္ခဖြစ်တာ၊ လုပ်ပိုင်ခွင့်ထပ်တာတွေကို ရှောင်ရှားစေနိုင်ပြီး လုပ်ပိုင်ခွင့်ထပ်တာရဲ့ အကျိုးဆက်တစ်ခုဖြစ်တဲ့ သင့်ရာ ဥပဒေကို အသုံးချတာမျိုးတွေကို တားဆီးစေနိုင်ပါတယ်။
-
မိတ်ဆက် နှင့် အနှစ်ချုပ် - အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာနှင့် အလှကုန်ပစ္စည်းများဆိုင်ရာ ဓာတ်ခွဲခန်း ဥပဒေကြမ်း
Posted in ဥပဒေရေးရာ သုတေသန on Apr 07, 2020
ဓာတ်ခွဲခန်းတွေနဲ့ ပတ်သက်လို့ ပထမဆုံး ဥပဒေ တစ်ခု ဖြစ်လာမှာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလလောက်တည်းက စတင်ရေးဆွဲခဲ့တယ်လို့ သိရပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ဦးဆောင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကို အတည်ပြုပြီးခဲ့ရင်တော့ လက်ရှိ တည်ဆဲ ဥပဒေတွေဖြစ်တဲ့ အမျိုးသားဆေးဝါး ဥပဒေ၊ အမျိုးသားအစားအသောက် ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေစတာတွေနဲ့ ဆက်စပ်လာမှာ ဖြစ်ပါတယ်။
-
မူဝါဒအကျဉ်း - ကူးစက်ရောဂါ ထိန်းချုပ်ခြင်း
Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Mar 30, 2020
ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ ဘေးအန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ မူဝါဒချမှတ်သူတွေအတွက် မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ဆိုတာ အလွန်အမင်း ခက်ခဲလှပါတယ်။ သွားလာမှုတွေကို အတင်းအကျပ် ထိန်းချုပ်လိုက်ခြင်းက စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်သလို လူမှုရေးနဲ့ နိုင်ငံရေးအရ မတည်မငြိမ်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
အာနန္ဒာ