• ဥပဒေကြမ်းမိတ်ဆက် - အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 31, 2019

    အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ထံ အစိုးရက ၂၀၁၈ ဇွန်လ ကတည်းက ပေးပို့ထားပြီးဖြစ်ပေမယ့် ဘယ်လွှတ်တော်မှာမှ စဆွေးနွေးခြင်း မရှိသေးပါဘူး။ ဥပဒေကြမ်းမှာ စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ အိမ်ခြံမြေဝန်ဆောင်မှုပေးသူများ ပေါ်ပေါက်လာစေဖို့၊ ဝန်ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုရယူသူအကြား ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ရရှိစေဖို့ဆိုတဲ့အချက်တွေအပြင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်တာကို တွေ့ရပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အခြေခံပညာရေးဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 25, 2019

    အခြေခံပညာရေးရဲ့ ရည်မှန်းချက်အဖြစ် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာရေးကို ပြီးဆုံးသည်ထိတက်မြောက်ရန်၊ နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးအတွက် အခြေခံကောင်းများရရှိစေရန်၊ အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိစေရန်နှင့်လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းအလိုက်ဖြစ်စေ မတူကွဲပြားမှုများအား နားလည်လက်ခံ၍ တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားပြီး ငြိမ်းချမ်းရေးအခြေခံအသိများနှင့်အညီ လက်တွေ့ကျင့်သုံးနေထိုင်တက်သည့် ကမ္ဘာ့နိုင်ငံသားများ ဖြစ်လာစေရန်”ဟု ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - အခြေခံပညာရေးဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 25, 2019

    အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ စက်တင်ဘာမှာ ပြဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လမှာ ပြင်ဆင်တဲ့ ဥပဒေကို ထပ်မံအတည်ပြုခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေဟာ ပညာရေးဆိုင်ရာကဏ္ဍအားလုံးကို လွှမ်းခြုံထားတဲ့ ပင်မဥပဒေဖြစ်တဲ့အတွက် အခြေခံပညာရေးကဏ္ဍ၊ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍစတဲ့ ကဏ္ဍတစ်ခုစီအတွက် ဥပဒေတွေ ရေးဆွဲဖို့ လိုအပ်လာခဲ့ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင်ရေးဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 15, 2019

    အစိုးရက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားပြီး လွှတ်တော်တွေမှာ မဆွေးနွေးရသေးတဲ့ ဥပဒေကြမ်းတွေထဲမှာ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပေးပို့ထားတဲ့ဥပဒေကြမ်းမှာ ကောင်စီဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်၊ ကော်မတီဖွဲ့စည်းပုံနဲ့လုပ်ငန်း တာဝန်တွေ၊ ဘဏ္ဍာရေးဆိုင်ရာတွေသာ အသေးစိတ်ပါဝင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။

  • ဥပဒေကြမ်း အနှစ်ချုပ် - ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 11, 2019

    “မြို့ပြနှင့် ကျေးလက်ဒေသအကြား လူမှုစီးပွားအဆင့်အတန်း ကွာဟချက်များ ကျဉ်းမြောင်းလာစေရန်”၊ “လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကို ထိရောက်အကျိုးရှိစွာအသုံးချနိုင်ရန်”၊ “ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာနေပြည်သူများ၏ လူနေမှုဘဝနှင့် ဖွံ့ဖြိးတိုးတက်ရေးများဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းပါဝင်မှု မြင့်တင်ရန်”နဲ့ “ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်” စတဲ့ ရည်ရွယ်ချက်တွေကို ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 10, 2019

    ၂၀၁၉ မှာ အစိုးရက လွှတ်တော်ကို ပထမဆုံး ပေးပို့လာတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။​ ဒီဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ရန်” လို့ ဖော်ပြထားပြီး၊ အထူးသဖြင့် ကျေးလက်ဒေသရေရရှိရေးနဲ့ သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးလက်နေပြည်သူတွေ ကိုယ်တိုင် ပါဝင်တင်ပြအဆိုပြုနိုင်ဖို့နဲ့ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

  • မကြာခင် ပြန်လည်စတင်တော့မယ့် လွှတ်တော်အစည်းအဝေးမှာ ဘာဥပဒေကြမ်းတွေ ဆွေးနွေးဖို့ရှိလဲ

    Posted in ဥပဒေရေးရာ သုတေသန on Jan 07, 2019

    ၂၀၁၉ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။​ ဒီအစည်းအဝေးဟာ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ပုံမှန်အစည်းအဝေးဖြစ်သလို၊ ဘဏ္ဍာရေးနှစ်ရဲ့ ပထမသုံးလပတ်ကာလကို ကုန်ဆုံးခဲ့တဲ့ ကာလဖြစ်တဲ့အတွက် နောက်ထပ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အဓိက ဆွေးနွေးမယ့် ပုံမှန်အစည်းအဝေးဖြစ်ပါတယ်။​ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြက္ခဒိန်အရ ဒီပုံမှန်အစည်းအဝေးဟာ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးဖြစ်လို့ အခြားသော ဥပဒေကြမ်းတွေကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။​ ဒီအထဲက ဥပဒေကြမ်းအချို့ရဲ့ အခြေအနေနဲ့ အလားအလာကို ဖော်ပြပေးလိုက်ပါတယ်။​

  • မြန်မာနိုင်ငံရဲ့ အာဏာရပါတီ NLD က ပါတီကိုယ်စားပြုအမတ်တွေကို ဘယ်လိုထိန်းကွပ်နေသလဲ

    Posted in ဥပဒေရေးရာ သုတေသန on Nov 14, 2018

    လွှတ်တော်ပိုင်းကနေ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ချနိုင်ဖို့ဆိုရင်အာဏာရပါတီခေါင်းဆောင်ပိုင်းအနေနဲ့ လွှတ်တော်ထဲမှာ ညီညီညွတ်ညွတ်မဲပေးမယ့် အစုအဖွဲ့တစ်ရပ်ကို ပိုင်ဆိုင်ထားဖို့၊ လိုအပ်ရင် လွှတ်တော်အမတ်တွေကို စည်းရုံးလှုံ့ဆော်နိုင်ဖို့၊ အင်အားစုစည်းပြီး ကန့်ကွက်ဆန့်ကျင်တာကို တားဆီးနိုင်ဖို့ဆိုတဲ့ အခြေအနေတွေ လိုပါတယ်။

  • ပြန်သုံးသပ်ဖို့လိုနေတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့အခန်းကဏ္ဍ

    Posted in ဥပဒေရေးရာ သုတေသန on Aug 07, 2018

    ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ပထမအကြိမ်လွှတ်တော် သက်တမ်းကာလမှာ အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလမှာ ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၇ ခုနှစ် မေလ ၂၆ ရက်နေ့မှာ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေအရ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

  • အာဏာခွဲဝေကျင့်သုံးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ

    Posted in ဥပဒေရေးရာ သုတေသန on Aug 07, 2018

    စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီနိုင်ငံရေးစနစ်သို့ အကူးအပြောင်းတွင် တရားဝင်မှုအရအငြင်းပွားဖွယ်ရာ များစွာရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် ပြဿနာများကို ပထမအကြိမ်အစိုးရ သက်တမ်းကာလမှာပင် စတင်မြင်တွေ့ခဲ့ရသည်။