• လွှတ်တော်ကျင့်ဝတ်အခန်းဆက်ဆောင်းပါး (အပိုင်းတစ်) - ကိုယ်ကျင့်တရားကို အဓိပ္ပာယ် သတ်မှတ်ခြင်း

    Posted in ဥပဒေရေးရာ သုတေသန on Nov 13, 2019

    လွှတ်တော်အခွင့်အရေးကော်မတီက လွှတ်တော်ကိုယ်စားလှယ်ကျင့်ဝတ်အတွက် သဘောတရား ခြောက်ခုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အဓိပ္ပာယ်များဟာ ရှုပ်ထွေးလျက်ရှိခြင်း သို့မဟုတ် အခြားသော လွှတ်တော်များတွင် လက်ခံကျင့်သုံးလျက်ရှိတဲ့ ကျင့်ဝတ်စည်းမျဉ်းများနဲ့ များစွာ ကွာခြား လျက်ရှိတာကို တွေ့ရပါတယ်။ အဲ့ဒိဖွင့်ဆိုချက်တွေကို ဗြိတိန် အစိုးရဝန်ထမ်း ဘဝ၏ သဘောတရား (၇) ချက်နဲ့ နှိုင်းယှဉ် ကြည့်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

  • နည်းဥပဒေပြင်ပြီး ဒီမိုကရေစီခြေလှမ်း တစ်လှမ်းတိုးလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်

    Posted in ဥပဒေရေးရာ သုတေသန on Nov 07, 2019

    ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမှာပါ " တပ်မတော်သားများနှင့်မိသားစုများ မဲပေးနိုင်ရန် သီးခြား မဲရုံများ ပြုလုပ်ပေးရမည်"လို့ မပါရှိပါဘူး။ ဒါပေမဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တပ်တွင်းမဲရုံတွေရှိခဲ့ပြီး အခုပြင်ဆင်လိုက်တဲ့ နည်းဥပဒေအရဆိုရင်တော့ တပ်တွင်းမဲရုံတွေ ရှိလာမှာ မဟုတ်တော့ဘဲ တပ်မတော်သားတွေနဲ့ ၎င်းတို့ရဲ့ အိမ်ထောင်စုဝင်တွေဟာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက သတ်မှတ်ထားတဲ့ မဲရုံတွေမှာ မဲပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားအားလုံး ရွေးကောက်ပွဲဆိုင်ရာစနစ်ရဲ့ အမိုးတစ်ခုတည်းအောက်မှာ လွတ်လပ်တဲ့ ရွေးချယ်ခွင့်ကို ရရှိအောင် ဖန်တီးပေးလိုက်တဲ့ ပြင်ဆင်ချက်ပဲ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - ပင်လယ်ငါးလုပ်ငန်းဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Nov 05, 2019

    ဥပဒေကြမ်းမှာ ငါးဖမ်းကွက်သတ်မှတ်တာ၊ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်တာ၊ နဲ့ ရေလုပ်သားအသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာတွေအပါအဝင် ပြစ်မှုပြစ်ဒဏ်တွေလည်း ပါဝင်ပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု- မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Nov 04, 2019

    မေးခွန်းထုတ်စရာရှိနေတာက ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်တစ‌်ယောက်ပါတဲ့ ကော်မရှင်ဟာ ဝန်ကြီးဌာနအသစ်တစ်ခုလို့ ဆိုလိုတယ်ဆိုရင်တော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းဖြစ်တဲ့ “အစိုးရအသုံးစရိတ်လျှော့ချဖို့ နဲ့ ကျစ်လျစ်ပြီး ထိရောက်တဲ့ အစိုးရတစ်ရပ်ဖွဲ့ဖို့ ဝန်ကြီးဌာနအရေအတွက်ကို လျှော့ချရန်” အချက်နဲ့ ဆန့်ကျင်မနေဘူးလားဆိုတာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - အသေးစား ငွေရေးကြေးရေး ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Oct 31, 2019

    ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီဟာ ဥပဒေပြုပြီးနောက် စိစစ်ခြင်း လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အသေးစားငွေရေးကြေးရေးဥပဒေကို လေ့လာခဲ့ပါတယ်။ အသေးစားငွေရေးကြေးရေးဥပဒေနဲ့ ပတ်သက်ပြီး ကော်မတီရဲ့ (၂၁.၅.၂၀၁၉)ရက်စွဲနဲ့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ခေတ်ကာလနဲ့ လျော်ညီတဲ့ဥပဒေအသစ် ရေးဆွဲဖို့ အကြံပြုထားပါတယ်။ အစီရင်ခံစာထဲမှာ စိစစ်လေ့လာတွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေပါဝင်ပြီး ဥပဒေရဲ့ ရည်ရွယ်ချက်တွေကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မယ့် ဥပဒေတစ်ရပ်ဖြစ်ဖို့ အထူးလိုအပ်ကြောင်း ဆိုထားပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အသေးစားငွေရေးကြေးရေးဥပဒေကြမ်း

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု, ဥပဒေရေးရာ သုတေသန on Oct 29, 2019

    အသေးစားငွေရေးကြေးရေး လုပ်ကိုင်မယ့် အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့ အစုစပ်လုပ်ငန်းဥပဒေတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ရပါမယ်။ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေအတွက် လိုင်စင်ထုတ်ပေးတာ ဒါမှမဟုတ် ရုပ်သိမ်းတာ ဒါမှမဟုတ် ပယ်ဖျက်တဲ့အခါတိုင်းမှာ မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ကြေငြာရပါမယ်။

  • ဥပဒေကြမ်းအနှစ်ချုပ်- ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Oct 17, 2019

    ဥပဒေကြမ်းက မှတ်ပုံတင်ကျန်းမာရေးမှူးတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့၊ ပြည်သူ့ကျန်းမာရေးဘာသာရပ်ကို အဆက်မပြတ်လေ့လာနိုင်ဖို့၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းနိုင်ရေးအတွက် ကြီးကြပ်ထိန်းသိမ်းဖို့နဲ့ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံသားတွေ ရရှိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

  • ဗမာစာနဲ့တင် လမ်းမဆုံးသွားသင့်တဲ့ ယူနီကုဒ်အပြောင်းအလဲ

    Posted in ဥပဒေရေးရာ သုတေသန on Oct 09, 2019

    ယူနီကုဒ်ပြောင်းလိုက်တဲ့အခါ မိခင်ဘာသာစကားကို စနစ်တကျရေးနိုင်ဖို့ ပိုပြီးလမ်းပွင့်လာနိုင်တာ အသေအချာပါပဲ။ ယူနီကုဒ်ပြောင်းဖို့ တိုက်တွန်းကြတဲ့အထဲမှာ အပြောများကြတာက နောင်တစ်ချိန်မှာ ဗမာစာကနေ Google Translate လို ဝန်ဆောင်မှုတွေ ပိုပြီးသုံးလာနိုင်မယ်လို့ ပြောကြပါတယ်။ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ဗမာဘာသာစကား ဖလှယ်နိုင်ရေးကိုတော့ ပြောကြလေ့မရှိပါဘူး။

  • ဥပဒေကြမ်းမိတ်ဆက် - မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Oct 09, 2019

    ဥပဒေကြမ်းအရ ပေါ်ပေါက်လာမယ့် မြန်မာ့ဆက်သွယ်ရေးကော်မရှင်ကို ဦးဆောင်မယ့် ပုဂ္ဂိုလ်ဟာ ပြည်ထောင်စုအဆင့်၀န်ကြီးဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်တွေက ဒုတိယဝန်ကြီးအဆင့် ဖြစ်နေပါတယ်။ ဒီအတွက် ကော်မရှင်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဌာန၀န်ကြီးတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေက ထပ်နေမလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

  • ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တင်ဖို့လိုတဲ့ ငြိမ်း/စု/စီ နဲ့ နော်အုန်းလှ အမှု

    Posted in ဥပဒေရေးရာ သုတေသန on Oct 03, 2019

    နော်အုံးလှတို့အမှုကို ငြိမ်း/စု/စီ ဥပဒေပုဒ်မ (၂၀) နဲ့ စီရင်ချက်ချမှတ်ပြီးသွားပေမယ့် ချမှတ်တဲ့ ပြစ်ဒဏ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးဆိုင်ရာနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်ပေးတဲ့ဥပဒေတွေကို ကျော်လွန်နေသလားဆိုတာ ပြန်လည်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စရပ်ကို လုပ်ဆောင်ရမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးပဲ ဖြစ်ပါတယ်။