• ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၄)

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 21, 2020

    မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေ (VFV Land Law) နဲ့ မြေယာပြန်လည် ရယူခြင်း၊ နေရာချထားခြင်းနှင့် ပြန်လည် အသုံးပြုခြင်း ဥပဒေ (LAARL) ကို ပြင်ဆင်၊ ပြဋ္ဌာန်းမှုတွေမှာ အားနည်းချက်တွေ များစွာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီဥပဒေတွေဟာ ပြည်သူလူထုရဲ့ မြေယာပိုင်ဆိုင်မှုကို ကာကွယ်ပေးခြင်း လုံးဝ မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေအတွက် ဖြစ်ပါတယ်။ ဥပဒေအသစ်မှာ ပါဝင်တဲ့ ရှုပ်ထွေးမှုတွေကြောင့် ဆုံးဖြတ်ချက် ချသူတွေကို ဘယ်သူက မြေပိုင်ခွင့် ရှိတယ်ဆိုတဲ့အချက်ကို ကြိုက်သလို ဆုံးဖြတ်ချက်ချမှတ်နိုင်ခွင့် ပေးအပ်လိုက်ပြီး မျိုးဆက်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ လယ်သမားတွေကို နှင်ထုတ်နိုင်တဲ့ အခွင့်အာဏာ ၎င်းတို့မှာ ရရှိသွားပါတယ်။

  • ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၃)

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 19, 2020

    ၂၀၁၉ ခုနှစ်မှာ ဆန္ဒပြသူ ၁၀၀ နီးပါးကို ဆန္ဒပြပွဲ ပါဝင်ခဲ့တဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒနဲ့ အပြစ်ပေး အရေးယူ ခဲ့ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေလည်း ပါဝင်ပါတယ်။ ငြိမ်းချမ်းစွာ စီတန်းစုဝေး လှည့်လည်ခြင်း ဥပဒေကို ဝေဝါးတဲ့ စကားလုံးများစွာနဲ့ ဖွဲ့စည်းထားပြီး အာဏာပိုင်တွေဟာ ဆန္ဒပြဖို့အတွက် ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်တယ်လို့ ယူဆနေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှု တစ်ခု ဖြစ်ပေါ်ခဲ့ရင်လည်း အစိုးရရဲ့ အဓိက တာဝန်ဖြစ်တဲ့ ဆန္ဒပြမှုတွေကို အားပေးဖို့ ကာကွယ်ပေးဖို့ လုပ်ရမယ့်အစား အာဏာပိုင်တွေ အဓိက လုပ်ဆောင်တဲ့အချက်က ဆန္ဒပြပွဲကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် တားဆီးဖို့ ကြိုးစားကြပါတယ်။

  • ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၂)

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 16, 2020

    အားကောင်းပြီး အမှီအခိုကင်းတဲ့ တရားရေးစနစ်မရှိပါက တရားခံအဖြစ် စွပ်စွဲခံရသူတွေအနေနဲ့ တရားမျှတမှု ရရှိရေးနဲ့ အကျပ်အတည်းက လွတ်မြောက်ဖို့ ကိုယ့်ကိုယ်ပိုင်ငွေသုံးပြီး ရုန်းထွက်ဖို့သာ ရှိပါတော့တယ်။ အစိုးရမဏ္ဍိုင်တွေကလည်း အပြစ်ပေး အရေးယူလိုတဲ့အခါတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အဲလိုမျိုး ဝင်ရောက်စွက်ဖက်တာကလည်း တရားမျှတမှု ရရှိစေလိုကြောင်း ပြည်သူတွေကို ထင်ရှားစွာ ပြသလိုတဲ့ အခါမျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိနေပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို တရားရုံးတွေဆီက တရားမျှတမှု ရရှိဖို့ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ဖိနှိပ်အခံရဆုံးဖြစ်တဲ့ လူအုပ်စုတွေအတွက် လက်လှမ်းမမီနိုင်တဲ့ အရာတစ်ခု ဖြစ်နေပါတယ်။

  • ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၁)

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 12, 2020

    အရပ်ဘက်အဖွဲ့အစည်းများစွာ အတွက်မူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကအဆင့်မှာ အသွင်ကူးပြောင်းရေး သို့မဟုတ် ပြန်လည်ကုသရေး ဆိုင်ရာ တရားမျှတမှု ဖြစ်ပါတယ်။ အစိုးရ အာဏာပိုင်တွေဟာ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပွင့်ပွင့်လင်းလင်းအသိအမှတ်ပြုပြီး တရားမျှတမှုနဲ့ကုသမှု လုပ်ငန်းစဉ်ကို အစပြု လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင်တွေဟာ ၎င်းတို့ အတိတ်က ကျူးလွန်ခဲ့တဲ့ မတရားမှုတွေကို အသိအမှတ်ပြုဖို့ အထူးခက်ခဲလှတာကို တွေ့ရပါတယ်။ အခြားသော ပဋိပက္ခလွန် လူ့အဖွဲ့ အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာကြည့်ရင် အဲဒီလို အသိအမှတ်ပြုခြင်းဟာ များစွာ အရေးပါတာကို တွေ့ရပါတယ်။

  • ၂၀၂၀-၂၀၂၁ ပြည်ထောင်စုဘတ်ဂျက် အနှစ်ချုပ်

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Sep 30, 2020

    ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်)ကို လွှတ်တော်က အတည်ပြုလိုက်ပြီး ဖြစ်ပါတယ်။ အတည်ပြုပေးလိုက်တဲ့ ဘတ်ဂျက်ရဲ့ အသုံးစရိတ်အပိုင်းမှာ ဘာတွေပါဝင်သလဲဆိုတာကို ဒီဆောင်းပါးမှာ အနှစ်ချုပ်ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Sep 01, 2020

    အခြား အသစ်အသစ်သော ဥပဒေတွေလိုပဲ ဒီဥပဒေကြမ်းဟာဆိုရင် ဖော်ဆောင်မယ့် ပင်စင်စနစ်ပုံစံနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး အကြံယူမှု နည်းပါးပါတယ်။ ဒါဟာ ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အရေးတွေကို အထောက်အထားပေါ် အခြေပြုတဲ့ ဓမ္မဒိဋ္ဌာန်ကျကျ တွက်ဆနိုင်ဖို့ အခွင့်အရေးကို လက်လွတ်သွားစေပါတယ်။ ဆန်းစစ်နိုင်ဖို့ အခွင့်အရေးအစား နိုင်ငံ့ဝန်ထမ်းများစွာကို သိသာတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်တဲ့ အလောတကြီး ရေးဆွဲထားတဲ့ ဥပဒေကြမ်းတစ်ခုသာ ရရှိလာပြီး (လေးနက်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ဒါမှမဟုတ် ကုန်ကျစရိတ်-အကျိုးအတွက် ခွဲခြမ်းစိတ်ဖြာမှု မရှိလှတဲ့) ပြည်သူ့ဘဏ္ဍာကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။

  • သတိ ရွေးကောက်ပွဲရှိသည်

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ, ဥပဒေရေးရာ သုတေသန on Aug 28, 2020

    မြန်မာနိုင်ငံရဲ့ လူထုဟာ မဲပေးခွင့်အတွက်ကို အချိန်ကြာမြင့်စွာနဲ့ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အခြားသော အစိုးရအဖွဲ့အစည်းတွေအားလုံးဟာ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအယူအဆတွေအပေါ် ပြည်သူတွေ လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုန်နေကြတာကို ဝမ်းမြောက်သင့်ပါတယ်။ အဲ့ဒီလိုဖြစ်ရမယ့်အစား ကော်မရှင်ဟာ ချမှတ်နိုင်တဲ့ ငွေဒဏ်၊ ထောင်ဒဏ်တွေနဲ့ ခြိမ်းခြောက်ပြီး ဆန့်ကျင်ဘက်သတင်းစကားကို ပေးပို့နေတာ ဖြစ်ပါတယ်။

  • မိတ်ဆက် နှင့် အနှစ်ချုပ် - ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Aug 14, 2020

    ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ်ဟာ ဥပဒေအသက်ဝင်ပြီးနောက် စတင်ခန့်အပ်တဲ့ ဝန်ထမ်းသစ်တွေနဲ့ ဥပဒေအသက်ဝင်ချိန် ပင်စင်အကျိုးခံစားခွင့် မရှိသေးတဲ့ လုပ်သက် (၁၀) နှစ်အောက် ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်မှာ ဖြစ်ပါတယ်။ လုပ်သက် (၁၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းတွေကတော့ အငြိမ်းစားအကျိုးခံစားခွင့်ကို လက်ရှိပင်စင်စနစ်ဟောင်းအတိုင်း ဆက်လက်ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကို လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ စတင်ဖို့ လျာထားပြီး ၂၀၂၀-၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မှု ငွေစာရင်းအဖြစ် ကျပ် ၁၀၀ ဘီလီယံ ကို ထည့်သွင်းရေးဆွဲထားပါတယ်။

  • မဲပေးခြင်း၊ မဲမပေးခြင်းနှင့် ဝေဖန်ရန် အခွင့်အရေး

    Posted in ဥပဒေရေးရာ သုတေသန on Aug 11, 2020

    ဒီမိုကရေစီဆိုတာ မဲပေးခြင်းနဲ့ စတင်ကောင်းစတင်နိုင်ပေမယ့် မဲပေးခြင်းနဲ့တော့ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ အချိန်ကာလအလိုက် အစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက်တာကို ဆိုလိုသလို အစိုးရရဲ့ မူဝါဒချမှတ်ခြင်းဖြစ်စဉ် နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ နိုင်ငံသားတစ်ဦးအနေနဲ့ စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ခွင့် ရှိတာကိုလည်း ဆိုလိုပါတယ်။

  • မဲပေးခြင်း၊ မဲမပေးခြင်းနှင့် ဒီမိုကရေစီ

    Posted in ဥပဒေရေးရာ သုတေသန on Aug 06, 2020

    ဒီမိုကရေစီစနစ်တစ်ခုမှာဆိုရင် သတ်မှတ်ထားတဲ့ အသက်အရွယ်ရောက်သူအားလုံး ရွေးကာက်ပွဲမှာ မဲပေးနိုင်ခွင့် အခွင့်အရေးကို ဥပဒေနဲ့ အခိုင်အမာကာကွယ်ပေးထားပြီး မြန်မာနိုင်ငံအပါအဝင် ဒီမိုကရေစီနိုင်ငံအများစုမှာဆိုရင် မဲမပေးပဲ နေပိုင်ခွင့်ကိုလည်း ကာကွယ်ပေးထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အိန္ဒိယလို တချို့နိုင်ငံတွေမှာဆိုရင် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကိုမှ မနှစ်သက်တဲ့ သူတွေအတွက် နောက်ထပ် ရွေးချယ်ခွင့် တစ်ခု (none of the above) ကို ဆန္ဒမဲလက်မှတ်ထဲမှာ ထည့်သွင်း ပေးထားပါတယ်။ ပယ်ချခွင့် (Right to Reject) လို့ သိထားကြတဲ့ အဆိုပါရွေးချယ်ခွင့်ကို နိုင်ငံရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာ ပြဋ္ဌာန်းပေးထားပါတယ်။