• မူဝါဒအနှစ်ချုပ် - အသေးစားငွေရေးကြေးရေးလုပ်ငန်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 27, 2020

    ခေါင်းစဉ်က ညွှန်ပြနေသလို အသေးစား ငွေရေးကြေးရေးလုပ်ငန်းဆိုတာ အသေးစား ချေးငွေတွေ ပေးအပ်ခြင်းကို ဆိုလိုပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ အသေးစားချေးငွေလုပ်ငန်းဟာ အားကောင်းတဲ့ ချိတ်ဆက်မှု ရှိနေပါတယ်။ ရာသီပေါ် အခြေခံတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ သဘာဝ နဲ့ လယ်သမားတွေ ချေးငွေ ရရှိဖို့ဟာလည်း အရေးကြီးပြီး အသေးစား ငွေရေးကြေးရေးလုပ်ငန်းနဲ့ ဆက်နွယ်ပတ်သက်လျက် ရှိပါတယ်။ လယ်သမားတွေဟာ ရရှိလာတဲ့ ချေးငွေတွေကို ရာသီအလိုက် သွင်းအားစုတွေ၊ ရေရှည် ရင်းနှီးမြှုပ်နှံမှုတွေ၊ ပုံမှန် စားသုံးမှုတွေ၊ မျှော်မှန်းမရတဲ့ သုံးစွဲမှုတွေ နဲ့ အခြား ပေးဆပ်ရန် ကျန်ရှိနေသော ချေးငွေတွေမှာ အသုံးပြုနိုင်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 23, 2020

    ဥပဒေကြမ်းထဲမှာ နိုင်ငံခြားသုံးငွေတွေနဲ့ ရွှေအပါအဝင် လက်ဝတ်ရတနာတွေ ဝယ်ယူရောင်းဝယ်တာ၊ ကိုင်တွယ်သုံးစွဲတာတွေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ သာမန်စာရင်း ဒါမှမဟုတ် ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုတွေ စတာတွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 23, 2020

    နိုင်ငံခြားသုံးငွေတွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင် (Foreign Exchange Acceptor & Holder Licence) ဟာ အစိုးရဌာနတွေ၊ သမဝါယမတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို လုပ်ငန်းအလိုက် သက်ဆိုင်ရာဌာနတွေက ထုတ်ပေးထားတဲ့ နိုင်ငံခြားငွေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အပေါ် အခြေခံပြီး ထုတ်ပေးတာ ဖြစ်ပါတယ်။ အဆိုပါလိုင်စင်ကို ထုတ်တာမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ၁၅၀၁ ခု ရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ တွင်တော့ ၈၆၅ ခု ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း ကုန်ပစ္စည်းနဲ့ ဝန်ဆောင်ခတွေကို ပြည်တွင်းသုံးကျပ်ငွေဖြင့် ပေးချေဖို့နဲ့ ငွေသားကိုင်တွယ်တာ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အဆိုပါလိုင်စင်ကို ၂၀၁၅ နှောင်းပိုင်းမှာ ရုပ်သိမ်းခဲ့ပါတယ်။

  • မူဝါဒအနှစ်ချုပ် - အစိုးရရဲ့ ဝယ်ယူခြင်း

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု, ဥပဒေရေးရာ သုတေသန on Jan 22, 2020

    အစိုးရရဲ့ ဝယ်ယူခြင်းကို စီမံခန့်ခွဲဖို့ သဘောတရားတွေနဲ့ လုပ်ငန်းစဉ်တော်တော်များများဟာ အဓိကအားဖြင့် အကျင့်ပျက်ခြစားမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ကြပါတယ်။ အစိုးရရဲ့ ဝယ်ယူခြင်းမှာ အကျင့်ပျက်ခြစားမှု ဖြစ်နိုင်ချေ မြင့်မားစွာ ရှိပါတယ်။ အကြောင်းရင်းက ပါဝင်တဲ့ ဘဏ္ဍာရေးပမာဏ ကြီးမားတာ နဲ့ ဝယ်ယူခြင်းလုပ်ငန်းစဉ်တွေရဲ့ ရှုပ်ထွေးခက်ခဲမှုတွေကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့ နီးကပ်စွာ ဆက်ဆံလာသောကြောင့် ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ ပြည်သူ့ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားဟာ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ တစ်ထပ်တည်း တူညီခြင်း မရှိတာကို တွေ့ရပါတယ်။

  • လွှတ်တော်တွင်းက ခြေ/ဥ ပြင်ဆင်ရေး အပြီးသတ်နိုင်ပါ့မလား...

    Posted in ဥပဒေရေးရာ သုတေသန on Jan 22, 2020

    ပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းလာမယ့် ဥပဒေကြမ်း (၂) ခုဟာ ကော်မတီ စတင်ဖွဲ့စည်း ဆောင်ရွက်မှုကတစ်ဆင့် ရရှိလာတဲ့ အကြံပြုချက် (၃၇၆၆) ချက်တွေကနေ ထွက်ပေါ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ကော်မတီက အကြံပြုချက်တွေကို ၂၀၁၉ ဇူလိုင်လ ၁၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီ အကြံပြုချက်တွေထဲမှာ NLD ပါတီရဲ့ အကြံပြုချက် (၁၁၄) ချက် ပါရှိပြီး ကျန်အချက်တွေကတော့ အခြားပါတီတွေရဲ့ အကြံပြုချက်တွေ ဖြစ်ပါတယ်။

  • ဝေဖန်သံတွေ ရှိနေတဲ့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာထဲက စိတ်ဝင်စားဖွယ် အချက်အလက်အချို့

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jan 17, 2020

    ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင် မဖြန့်ဝေခဲ့တာကြောင့် လူစိတ်ဝင်စားမှု မြင့်မားနေတဲ့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာမှာ ဘာတွေ ပါဝင်နေလို့ပါလဲ။ အစီရင်ခံစာ အကျဉ်းချုပ်ကို စာရင်းစစ်ချုပ်ကိုယ်တိုင် လွှတ်တော်မှာ တင်ပြခဲ့ပြီး၊ ဒီဆွေးနွေးတင်ပြချက်တွေနဲ့ ပတ်သက်လို့ အများပြည်သူ လွယ်လင့်တကူ သိရှိနားလည်စေဖို့အတွက် အာနန္ဒာက စိတ်ဝင်စားဖွယ် အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - အစိုးရ၏ ဝယ်ယူခြင်း နှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 17, 2020

    ဥပဒေကြမ်းက နိုင်ငံတော်ဘဏ္ဍာငွေနဲ့ နိုင်ငံတော်ပိုင်ပစ္စည်းတွေကို စီမံခန့်ခွဲရာမှာ အထိရောက်ဆုံးနဲ့အကောင်းဆုံးပုံစံတစ်ခုဖြစ်လာစေဖို့အတွက် တင်သွင်းလာတာဖြစ်ပြီး အဓိက အပိုင်းနှစ်ပိုင်းပါရှိပါတယ်။ အဲဒီအပိုင်းနှစ်ပိုင်းက အစိုးရရဲ့ ဝယ်ယူခြင်း နဲ့ ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းရောင်းချခြင်း နဲ့ ငှားရမ်းခြင်း တို့ ဖြစ်ပါတယ်။ အခုလေ့လာဆန်းစစ်မှုကတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ တာဝန်ယူ၊ တာဝန်ခံမှုအားကောင်းခြင်းစတဲ့ ရှုထောင့်တွေကနေ ရေးသားမှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - အသေးစား ငွေရေးကြေးရေး ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jan 14, 2020

    ဒီဥပဒေကြမ်းမှာဆိုရင်လည်း Credit-plus Approach ဘက် ဦးစားပေးလာတာကို တွေ့နိုင်ပါတယ်။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေဟာ အသင်းဝင်ကာကွယ်ရေးစည်းမျဉ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်လာမှာ ဖြစ်သလို အသင်းဝင်တွေကိုလည်း ငွေကြေးအသိပညာပေးခြင်းလုပ်ငန်းတွေကိုပါ မပျက်မကွက် ဆောင်ရွက်ဖို့ တာဝန်ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်မှုအပိုင်းနဲ့ပတ်သက်ရင်တော့ စောင့်ကြည့်မှု၊ အရေးယူမှုအပိုင်းတို့နဲ့ပတ်သက်ပြီး အတော် တာဝန်ကြီးလာမှာကို မှန်းဆနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းမခြင်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - အစိုးရ၏ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Dec 23, 2019

    မဟာဗျူဟာ ၃.၆.၂ တွင် စီးပွားရေးအရ တွက်ခြေကိုက်တဲ့ အခြေခံအဆောက်အအုံစီမံချက်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုယန္တရားတွေ တိုးမြှင့်သတ်မှတ်ရန်လို့ ဖော်ပြထားပြီး၊ ဝယ်ယူရေး၊ ကုန်ကျစရိတ်နဲ့ ညီမျှတဲ့ တန်ဖိုးရရှိရေးအတွက် စံပြ PPP program တစ်ခု ဖြစ်ပေါ်ရန် အခြေအနေတွေ ဖန်တီးပေးဖို့ရည်ရွယ်ထားတာကို တွေ့ရပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အစိုးရ၏ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Dec 13, 2019

    ဥပဒေကြမ်းထဲမှာ ဝယ်ယူခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ၊ တင်ဒါဖိတ်ခေါ်တဲ့ နည်းလမ်းတွေ၊ ပြည်ပမှ ဝယ်ယူခြင်းကိစ္စရပ်တွေ၊ စာချုပ်စီမံခန့်ခွဲခြင်းတွေ၊ ထုခွဲခြင်းဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံပိုင်ပစ္စည်း ရောင်းချခြင်းနဲ့ ငှားရမ်းခြင်းဆိုင်ရာတွေအပါအဝင် တင်ဒါလုပ်ငန်းစဉ်ဖျက်သိမ်းခြင်း၊ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူတွေနဲ့ နိုင်ငံဝန်ထမ်းတွေ စောင့်ထိန်းရမယ့်ကျင့်ဝတ်ဆိုင်ရာတွေနဲ့ ခုံအဖွဲ့ဖွဲ့စည်းခြင်းတွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။