• အားလုံးလက်လှမ်းမီ ကျန်းမာရေးအတွက် “များများသုံး၊ အကျိုးရှိရှိသုံး”

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Dec 12, 2019

    ဒီနေ့ ဒီဇင်ဘာလ ၁၂ ရက်ဟာ “အားလုံး လက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့” – Universal Health Coverage Day ဖြစ်ပါတယ်။ ကုလသမဂ္ဂက ၂၀၁၉ ခုနှစ်မှာ အားလုံးလက်လှမ်းမှီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ တောင်းဆိုချက်ခြောက်ချက်နဲ့ ဆင်နွှဲမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ Investment More, Invest Better (များများသုံး၊ အကျိုးရှိရှိသုံး) ဆိုတဲ့ အချက် ပါဝင်တာဖြစ်တဲ့အတွက် အစိုးရဘတ်ဂျက်အချက်အလက်တွေ အများပြည်သူ အလွယ်တကူ ရရှိရေးဆောင်ရွက်နေတဲ့ အာနန္ဒာအနေနဲ့လည်း ဒီနှစ်အတွက် ကျန်းမာရေးဘတ်ဂျက်အခြေအနေကို သုံးသပ်တင်ပြရင်း တစ်တပ်တစ်အား ပါဝင်ဆင်နွှဲလိုက်ပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - ပင်လယ်ငါးလုပ်ငန်း ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Dec 10, 2019

    ဒီဥပဒေကြမ်းဆန်းစစ်မှုထဲမှာ လွှတ်တော်ကို လက်ရှိ ပေးပို့ထားတဲ့ ပင်လယ်ငါးလုပ်ငန်း ဥပဒေကြမ်း နဲ့ ၄င်းဥပဒေကြမ်းက အစားထိုးမယ့် တည်ဆဲဥပဒေတွေဖြစ်တဲ့ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ (၁၉၈၉) နဲ့ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ (၁၉၉၀) တွေကြား ကွဲလွဲချက်တွေကို နှိုင်းယှဉ်သွားမှာ ဖြစ်ပြီး ဥပဒေအတည်မပြုသေးမီ ထည့်သွင်းစဉ်းစားစရာတွေကိုလည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

  • နိုင်လွတ်လုံ၊ ရှေ့နေချုပ်ရုံးနဲ့ ဥပဒေအနက်ဖွင့်ဆိုမှု အာဏာ

    Posted in ဥပဒေရေးရာ သုတေသန on Dec 05, 2019

    ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ထုတ်ပြန်တဲ့ တရားစွဲနဲ့ အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်အမှတ် ၁/၂၀၁၉ ညွှန်ကြားချက်ဟာ ကြိုဆိုချင်စရာ ဖြစ်နေပေမယ့် ၄င်းညွှန်ကြားချက်ဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်သလား ဒါမှမဟုတ် ဒီမိုကရေစီစနစ်မှာ စံထားရမယ့် အာဏာခွဲဝေခြင်းအယူအဆနဲ့ ကိုက်ညီသလား ဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီဆောင်းပါးမှာ အထက်ပါ အကြောင်းအရာတွေကို ဆန်းစစ်သွားမှာ ဖြစ်ပြီး တကယ်လို့ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုရင် ဒါမှမဟုတ် ညွှန်ကြားချက်က အာဏာခွဲဝေကျင့်သုံးခြင်းကို အဟန့်အတားဖြစ်စေတယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေက အကောင်းဆုံး ကုစားချက် ဖြစ်မလဲဆိုတာကို အကြုံပြုတင်ပြသွားမှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - ပင်လယ်ငါးလုပ်ငန်း ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Nov 28, 2019

    ဒီဥပဒေကြမ်းဟာ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (၁၉၈၉) နဲ့ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ (၁၉၉၀) ကို အစားထိုးဖို့အတွက် အသစ်ပြန်လည်ရေးဆွဲထားတဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ငါးလုပ်ငန်းတွေ ရေရှည်တည်တံ့ပြီး စနစ်တကျဖွံ့ဖြိုးစေဖို့၊ ငါးတွေရဲ့ ဇီဝဂေဟစနစ် ရေရည်တည်တံ့စေဖို့နဲ့ ငါးလုပ်ငန်းဆိုင်ရာ သုတေသနနဲ့ နည်းပညာလုပ်ငန်းတွေ လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

  • လွှတ်တော်ကျင့်ဝတ် အခန်းဆက်ဆောင်းပါး (အပိုင်းသုံး) - လွှတ်တော်ကျင့်ဝတ်ကို လက်တွေ့ အကောင်အထည်ဖော်ခြင်း

    Posted in ဥပဒေရေးရာ သုတေသန on Nov 18, 2019

    လွှတ်တော်ကျင့်ဝတ် ချိုးဖောက်မှု ဖြစ်နိုင်တဲ့ အခြေအနေတွေကို ဖြစ်ဖြစ်ချင်း လွှတ်တော်ဥက္ကဋ္ဌကို တင်ပြပြီး ဆုံးဖြတ်စေတာမျိုး ဖြစ်နိုင်သလို၊ လွှတ်တော်တွင်း ဒါမှမဟုတ် လွှတ်တော်ပြင်ပ စည်းကြပ်အဖွဲ့ကို တိုက်ရိုက် လွှဲပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီနောက်မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရပါတယ်။ စုံစမ်းစစ်ဆေးပြီး ချမှတ်တဲ့ အရေးယူမှုဟာ ကာလအပိုင်းအခြားတစ်ခုအထိ လွှတ်တော်တက်ရောက်ခွင့် ပိတ်ပင်တာကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်တာ၊ ဒဏ်ကြေးပေးဆောင်စေတာ၊ ရာဇဝတ်မှုမြောက် အရေးယူတာတွေအထိ ဖြစ်နိုင်ပါတယ်။

  • လွှတ်တော်ကျင့်ဝတ် အခန်းဆက်ဆောင်းပါး (အပိုင်းနှစ်) - သဘောတရားများမှသည် လက်တွေ့ကျင့်သုံးမှုဆီသို့

    Posted in ဥပဒေရေးရာ သုတေသန on Nov 15, 2019

    ကိုယ်ကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်ခြေတွေကို မှတ်တမ်းတင်ထားပြီး နောက်ဆုံးရတဲ့ အချက်အလက်တွေကို ပုံမှန် တင်ပြပေးရလေ့ရှိပါတယ်။ အစည်းအဝေးပွဲ တစ်ခု မစတင်မီမှာ အကျိုးစီးပွားပဋိပက္ခတွေကို ကြိုတင်ထုတ်ဖော် ကြေညာစေလေ့ ရှိပါတယ်။ တခါတရံမှာ ကျင့်ဝတ်နည်းနာအရ အဲဒီလို အကျိုးစီးပွားတစ်ခုခုနဲ့ ပတ်သက်နေတဲ့ လွှတ်တော်အမတ်ကို အဲဒီအစည်းအဝေး တက်ရောက်ခွင့်မပြုတာ ဒါမှမဟုတ် မဲပေးခွင့် မပြုတာမျိုးနဲ့ ကန့်သတ်လေ့ ရှိပါတယ်။

  • လွှတ်တော်ကျင့်ဝတ်အခန်းဆက်ဆောင်းပါး (အပိုင်းတစ်) - ကိုယ်ကျင့်တရားကို အဓိပ္ပာယ် သတ်မှတ်ခြင်း

    Posted in ဥပဒေရေးရာ သုတေသန on Nov 13, 2019

    လွှတ်တော်အခွင့်အရေးကော်မတီက လွှတ်တော်ကိုယ်စားလှယ်ကျင့်ဝတ်အတွက် သဘောတရား ခြောက်ခုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အဓိပ္ပာယ်များဟာ ရှုပ်ထွေးလျက်ရှိခြင်း သို့မဟုတ် အခြားသော လွှတ်တော်များတွင် လက်ခံကျင့်သုံးလျက်ရှိတဲ့ ကျင့်ဝတ်စည်းမျဉ်းများနဲ့ များစွာ ကွာခြား လျက်ရှိတာကို တွေ့ရပါတယ်။ အဲ့ဒိဖွင့်ဆိုချက်တွေကို ဗြိတိန် အစိုးရဝန်ထမ်း ဘဝ၏ သဘောတရား (၇) ချက်နဲ့ နှိုင်းယှဉ် ကြည့်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

  • နည်းဥပဒေပြင်ပြီး ဒီမိုကရေစီခြေလှမ်း တစ်လှမ်းတိုးလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်

    Posted in ဥပဒေရေးရာ သုတေသန on Nov 07, 2019

    ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမှာပါ " တပ်မတော်သားများနှင့်မိသားစုများ မဲပေးနိုင်ရန် သီးခြား မဲရုံများ ပြုလုပ်ပေးရမည်"လို့ မပါရှိပါဘူး။ ဒါပေမဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တပ်တွင်းမဲရုံတွေရှိခဲ့ပြီး အခုပြင်ဆင်လိုက်တဲ့ နည်းဥပဒေအရဆိုရင်တော့ တပ်တွင်းမဲရုံတွေ ရှိလာမှာ မဟုတ်တော့ဘဲ တပ်မတော်သားတွေနဲ့ ၎င်းတို့ရဲ့ အိမ်ထောင်စုဝင်တွေဟာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက သတ်မှတ်ထားတဲ့ မဲရုံတွေမှာ မဲပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားအားလုံး ရွေးကောက်ပွဲဆိုင်ရာစနစ်ရဲ့ အမိုးတစ်ခုတည်းအောက်မှာ လွတ်လပ်တဲ့ ရွေးချယ်ခွင့်ကို ရရှိအောင် ဖန်တီးပေးလိုက်တဲ့ ပြင်ဆင်ချက်ပဲ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - ပင်လယ်ငါးလုပ်ငန်းဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Nov 05, 2019

    ဥပဒေကြမ်းမှာ ငါးဖမ်းကွက်သတ်မှတ်တာ၊ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်တာ၊ နဲ့ ရေလုပ်သားအသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာတွေအပါအဝင် ပြစ်မှုပြစ်ဒဏ်တွေလည်း ပါဝင်ပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု- မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Nov 04, 2019

    မေးခွန်းထုတ်စရာရှိနေတာက ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်တစ‌်ယောက်ပါတဲ့ ကော်မရှင်ဟာ ဝန်ကြီးဌာနအသစ်တစ်ခုလို့ ဆိုလိုတယ်ဆိုရင်တော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းဖြစ်တဲ့ “အစိုးရအသုံးစရိတ်လျှော့ချဖို့ နဲ့ ကျစ်လျစ်ပြီး ထိရောက်တဲ့ အစိုးရတစ်ရပ်ဖွဲ့ဖို့ ဝန်ကြီးဌာနအရေအတွက်ကို လျှော့ချရန်” အချက်နဲ့ ဆန့်ကျင်မနေဘူးလားဆိုတာ ဖြစ်ပါတယ်။