• မြန်မာနိုင်ငံရဲ့ အာဏာရပါတီ NLD က ပါတီကိုယ်စားပြုအမတ်တွေကို ဘယ်လိုထိန်းကွပ်နေသလဲ

    Posted in ဥပဒေရေးရာ သုတေသန on Nov 14, 2018

    လွှတ်တော်ပိုင်းကနေ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ချနိုင်ဖို့ဆိုရင်အာဏာရပါတီခေါင်းဆောင်ပိုင်းအနေနဲ့ လွှတ်တော်ထဲမှာ ညီညီညွတ်ညွတ်မဲပေးမယ့် အစုအဖွဲ့တစ်ရပ်ကို ပိုင်ဆိုင်ထားဖို့၊ လိုအပ်ရင် လွှတ်တော်အမတ်တွေကို စည်းရုံးလှုံ့ဆော်နိုင်ဖို့၊ အင်အားစုစည်းပြီး ကန့်ကွက်ဆန့်ကျင်တာကို တားဆီးနိုင်ဖို့ဆိုတဲ့ အခြေအနေတွေ လိုပါတယ်။

  • လွှတ်တော်မှ အတည်ပြုခဲ့သည့် ဘတ်ဂျက် ၂၀၁၈-၁၉

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Sep 20, 2018

    လွှတ်တော်က စက်တင်ဘာ ၁၃ မှာ ဘတ်ဂျက်ကို အတည်ပြုခဲ့ပြီး၊ ဝန်ကြီးဌာနတွေက တင်ပြခဲ့တဲ့ ဘတ်ဂျက်စုစုပေါင်းရဲ့ ၀.၉၂ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၂၀ ဟာ ၂၀၁၈ ဇူလိုင် ၂၃ မှာ စတင်ခဲ့တဲ့ နဝမပုံမှန်အစည်းအဝေးအစကတည်းက ဘတ်ဂျက်အဆိုပြုချက်တွေကို စိစစ်နေခဲ့တာဖြစ်ပါတယ်။​

  • လွှတ်တော်ကိုတင်သွင်းထားတဲ့ ၂၀၁၈-၁၉ ဘတ်ဂျက်အဆိုပြုချက်များ

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Aug 12, 2018

    ယခုနှစ် ပြည်ထောင်စုအစိုးရဘတ်ဂျက် အဆိုပြုချက်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးက လွှတ်တော်ကို ၂၃ နဲ့ ၂၅ ဇူလိုင်လတွေမှာ တင်သွင်းခဲ့ပါတယ်။​ အခုအချိန်မှာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ဘတ်ဂျက်တွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၁၆ ဖွဲ့က စိစစ်နေပြီး သူတို့ရဲ့ စိစစ်ချက်တွေ စုပေါင်းပြီး၊ မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကို ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့က အစီရင်ခံစာတင်သွင်းကြမှာဖြစ်ပါတယ်။

  • ပြန်သုံးသပ်ဖို့လိုနေတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့အခန်းကဏ္ဍ

    Posted in ဥပဒေရေးရာ သုတေသန on Aug 07, 2018

    ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ပထမအကြိမ်လွှတ်တော် သက်တမ်းကာလမှာ အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလမှာ ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၇ ခုနှစ် မေလ ၂၆ ရက်နေ့မှာ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေအရ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

  • အာဏာခွဲဝေကျင့်သုံးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ

    Posted in ဥပဒေရေးရာ သုတေသန on Aug 07, 2018

    စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီနိုင်ငံရေးစနစ်သို့ အကူးအပြောင်းတွင် တရားဝင်မှုအရအငြင်းပွားဖွယ်ရာ များစွာရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် ပြဿနာများကို ပထမအကြိမ်အစိုးရ သက်တမ်းကာလမှာပင် စတင်မြင်တွေ့ခဲ့ရသည်။

  • ဖွဲ့စည်းပုံကို ဘယ်သူတွေ အဓိပ္ပာယ်ဖွင့်နေသလဲ

    Posted in ဥပဒေရေးရာ သုတေသန on Jul 10, 2018

    မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများအတွက် ဖွဲစည်းပုံအခြေခံဥပဒေ ခုံရုံးတစ်ခု ဖွဲ့စည်းထားပြီး အငြင်းပွားမှုများ ဖြေရှင်းရန် ဆုံးဖြတ်ပိုင်ခွင့်ပေးအပ်ထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကိုလည်း ပြဌာန်းထားရှိပြီး ခုံရုံးဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ အစရှိသည်တို့ကိုထည့်သွင်းရေးဆွဲထားသည်။

  • ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးအရ လာမည့်နှစ် အစိုးရဘတ်ဂျက်

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jul 07, 2018

    ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့တွင် သမ္မတဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ထိုင်ခဲ့ပြီး လာမည့်လွှတ်တော်မှာ တင်သွင်းမယ့် ဘတ်ဂျက်ကို အတည်ပြုဆွေးနွေးခဲ့သည်။

  • ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တွေ ပိုတိုးလာပေမယ့် ကျောင်းတွေ၊ ဆေးခန်းတွေ ပိုကောင်းမလာရခြင်း အကြောင်းရင်း

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jul 07, 2018

    တစ်နှစ်ပြီးတစ်နှစ် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ ပိုပိုသုံးစွဲရေးအတွက် တောင်းဆိုမှုများ၊ တိုက်တွန်းမှုများမှာ မပြတ်ကြားရလေ့ရှိသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် လွှတ်တော်အစိရင်ခံစာတစ်စောင်တွင် “အရေးကြီးသည့် အခြေခံအဆောက်အအုံများနှင့် လူမှုအသုံးစရိတ်များဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး”တို့ကို ပိုမိုသုံးစွဲရန် တိုက်တွန်းထားသည်။

  • အာရုံစိုက်ဖို့ လိုသေးတဲ့ တရားစီရင်ရေး

    Posted in ဥပဒေရေးရာ သုတေသန on Jun 28, 2018

    အာဏာများခွဲဝေကျင့်သုံးရာမှ ဥပဒေပြုရေးမဏ္ဍိုင်သည် ဥပဒေများ အသစ်ရေးစွဲခြင်း၊ ပြင်ခြင်း၊ ဖျက်ခြင်းများနှင့်အတူ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို စိစစ်ထိန်းကျောင်းမှု ပြုလုပ်သည်ကို တွေ့ရှိခဲ့ရသည်။ နှစ်ပေါင်းမြောက်မြားစွာ အုပ်ချုပ်ရေးအာဏာ၏ လွှမ်းမိုးမှုကိုခံခဲ့ရသည့် တရားရေးမဏ္ဍိုင်တွင်မူ သိသာထင်ရှားလှသော အပြောင်းအလဲများအား မြင်တွေ့ရခြင်းမရှိခဲ့ပါ။

  • အာဏာရပါတီ လောင်းရိပ်အောက်က ရွေးကောက်ပွဲကော်မရှင်

    Posted in ဥပဒေရေးရာ သုတေသန on Jun 12, 2018

    ကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတို့ကို ကိုင်တွယ်ဖော်ဆောင်ရသဖြင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရပါသည်။ ထိုသို့ နိုင်ငံရေးပါတီများကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် ဥပဒေအရထိန်းကျောင်းနိုင်ခွင့်ရှိနေပေရာ ကော်မရှင်အပေါ် အနိုင်ရပါတီ၏ လွှမ်းမိုးမှုရှိနေပါက ကော်မရှင်၏ လွတ်လပ် မျှတစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းကို ထိခိုက်နိုင်ပါသည်။