• ပွင့်လင်းမြင်သာမှု နမူနာများ - ဘရာဇီးလ်ရဲ့ အစိုးရ ဘက်ဂျက်ဝက်ဆိုဒ်နဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့် ဥပဒေ

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Jul 12, 2019

    ဘရာဇီးလ်ရဲ့ ပွင့်လင်းမြင်သာမှု ဝက်ဆိုဒ်ကို အောင်မြင်မှု ကြီးကြီးမားမားတစ်ခုဖြစ်တယ်လို့ အများက သတ်မှတ်ကြပြီး ဆုတွေလည်း ရခဲ့ပါတယ်။ ၂၀၁၆ မှာ လစဉ် ဝင်ရောက်ကြည့်ရှုသူ ၉၀ဝ,ဝ၀ဝ ကျော်ရှိပြီး ဂျာနယ်လစ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ နဲ့ နိုင်ငံရေးကို စိတ်ဝင်စားသူ အများပြည်သူ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

  • သတ်မှတ်မှုဘောင်အတွင်း ဝင်လာမှ အားကောင်းမောင်းသန်ဖြစ်လာမယ့် ကုန်သွယ်မှုဆိုင်ရာ ဘေးကင်းရန်ကာလုပ်ထုံး

    Posted in ဥပဒေရေးရာ သုတေသန on Jul 09, 2019

    သတ်မှတ်မှုဘောင်ပြင်ပက စီးပွားရေးလုပ်ငန်းတွေကို သတ်မှတ်မှုဘောင်အတွင်း ဝင်ရောက်လုပ်ဆောင်လာနိုင်ဖို့အတွက် လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့မှုတွေ လုပ်ဆောင်ရပါမယ်။ သတ်မှတ်မှုဘောင် အတွင်းကို လုပ်ငန်းတွေ ဝင်ရောက်လာမှသာ ဥပဒေပြဋ္ဌာန်းရခြင်းရဲ့ အကျိုးသက်ရောက်မှုကို ပိုမိုခံစားရရှိစေမှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်း အနှစ်ချုပ် - မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jun 27, 2019

    ဘူမိသိပ္ပံပညာနဲ့ အသုံးချဘူမိသိပ္ပံပညာရပ်တွေ ခေတ်မီတိုးတက်လာစေဖို့၊ ဘူမိသိပ္ပံပညာရှင်တွေရဲ့ ကျင့်ဝတ်နဲ့ အရည်အသွေးတွေကို ထိန်းသိမ်းမြှင့်တင်ဖို့၊ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာစေဖို့နဲ့ ဒေသဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာအစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်တယ်လို့ ဥပဒေကြမ်းက ဆိုထားပါတယ်။

  • မီတာခတိုးမြှင့်ခြင်းက မီးပုံမှန်လာစေမှာလား

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jun 26, 2019

    လျှပ်စစ်အသုံးပြုမှုအတွက် အစိုးရက စိုက်ထုတ်သုံးစွဲနေရတာကို လျော့နည်းစေဖို့အတွက် တိုးကောက်ဖို့ လိုအပ်ကြောင်းကိုတော့ ပညာရှင်အသိုင်းအဝိုင်းက လက်ခံထားကြပါတယ်။ လျှပ်စစ်မီတာခ တိုးကောက်တဲ့အပေါ် လူမှုစီးပွားဘဝကို ထိခိုက်တယ်လို့ ထောက်ပြကြသူတွေရှိသလို၊ ဘာအာမခံချက်တွေ ပေးမှာလဲဆိုတာမျိုး မေးခွန်းထုတ်ကြသူတွေလည်း ရှိပါတယ်။ မီတာခအပြင် အခြားစိုးရိမ်စရာ၊ စောင့်ကြည့်စရာ အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Jun 22, 2019

    အမျိုးသားမှတ်တမ်းနဲ့မော်ကွန်းဦးစီးဌာနဟာ မှတ်တမ်းနဲ့မော်ကွန်းတွေရဲ့ လုံခြုံမှုသက်တမ်းကုန်ဆုံးပေမယ်လို့ လိုအပ်ရင် ဖတ်ရှု့ကိုးကားမှုကို ခွင့်မပြုဘဲ ထားနိုင်ပါတယ်။ ဌာနဆိုင်ရာသုတေသီတွေအနေနဲ့ လုံခြုံမှုအဆင့်ရှိ မှတ်တမ်းနဲ့မော်ကွန်းတွေ အသုံးပြုလိုပါက သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်းအကြီးအကဲရဲ့ ထောက်ခံစာပါရှိရမှာဖြစ်ပြီး၊ ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ထား ချက်နဲ့အညီ ခွင့်ပြုနိုင်ပါတယ်။ ဘယ်သူမဆို မှတ်တမ်းနဲ့မော်ကွန်းတွေကို ပုံနှိပ်ထုတ်ဝေလိုရင် ဒါမှမဟုတ် မိတ္တူကူးယူလိုရင် ညွှန်ကြားရေးမှူးချုပ်ရဲ့သဘောတူညီချက်ရယူပြီး သတ်မှတ်ထားတဲ့ အခကြေး ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

  • သတင်းတွေရဲ့ နောက်ကွယ်က ဥပဒေ - အလုပ်ခွင်ပြင်ပမှာ ဆရာဝန်တွေ ဘယ်လိုဝတ်သင့်တယ်ဆိုတာကို အစိုးရက ဝင်ရောက်စွက်ဖက်ခွင့်ရှိသလား

    Posted in ဥပဒေရေးရာ သုတေသန on Jun 22, 2019

    အာနန္ဒာအနေနဲ့ ဒီငြင်းခုံမှုမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဝင်ရောက်ဆုံးဖြတ်ပေးဖို့ ရည်ရွယ်ရင်းမရှိပါဘူး။ ကျွန်တော်တို့ စိတ်ဝင်စားတာက ဆေးကောင်စီ ဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ဘယ်ဥပဒေက ခွင့်ပြုပေးထားသလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ အမှန်တကယ် ဆောင်ရွက်ခြင်း ဖြစ်ပါသလား၊ ဥပဒေက ဘယ်လို ပြောထားသလဲ စတဲ့ အချက်တွေကို စိတ်ဝင်စားပါတယ်။

  • မှတ်တမ်းနဲ့မော်ကွန်းဥပဒေကြမ်းကို ဘာလို့စိတ်ဝင်စားသင့်တာလဲ

    Posted in ဥပဒေရေးရာ သုတေသန on Jun 21, 2019

    မှတ်တမ်း နဲ့ မော်ကွန်းတွေကို ပြည်သူတွေ သိရှိခြင်းအားဖြင့်လည်း အစိုးရတွေဟာ သူတို့ရဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်တဲ့ အခါတိုင်းမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် ဖြစ်လာစေဖို့အတွက် ကြိုးစားအားထုတ်လာနိုင်ပါတယ်။ မော်ကွန်းတွေဟာ အစိုးရပွင့်လင်းမြင်သာမှုရဲ့ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေအတွက် ပိုမိုကောင်းမွန်လာစေမယ့် အနေအထားလည်း ဖြစ်ပြီး၊ နိုင်ငံသားတွေအတွက် သတင်းအချက်အလက် ရရှိနိုင်မှုကို ပိုမိုလွယ်ကူစေပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - မြန်မာနိုင်ငံဆေးပညာရပ်များဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ

    Posted in ဥပဒေရေးရာ သုတေသန on Jun 19, 2019

    လွှတ်တော်ကို ပေးပို့ထားတဲ့ ဥပဒေကြမ်းအရ ရန်ကုန် တက္ကသိုလ်တစ်ခုတည်းက ပေးအပ်ပိုင်ခွင့်ရှိတဲ့ ဆေးပညာရပ်ဆိုင်ရာဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေကို ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေအရ တည်ထောင်တဲ့ တက္ကသိုလ်တွေ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းတွေအပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေကပါ ပေးအပ်ပိုင်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။

  • စက်မှုဇုန်ဥပဒေကြမ်းကို ပိုကောင်းလာဖို့ ဘာတွေလိုမလဲ

    Posted in ဥပဒေရေးရာ သုတေသန on Jun 19, 2019

    နိုင်ငံအများအပြားမှာ အထူးစီးပွားရေးဇုန်တွေကို အစိုးရက ဖန်တီးဖော်ထုတ်နိုင်တဲ့ ဥပဒေတွေ ရှိကြပါတယ်။ ဒီဥပဒေတွေရဲ့ ရည်ရွယ်ချက်က သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ လုပ်ငန်းတွေထူထောင်ဖို့အတွက် အခွန်နှုန်းထားတွေ လျော့ချပေးခြင်း၊ ကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံတွေ တည်ထောင်ပေးခြင်းနဲ့ ကုန်ကြမ်းတွေ၊ လုပ်အားတွေကို အလွယ်တကူ ရရှိစေနိုင်ဖို့ ဖန်တီးပေးခြင်း၊ ဒီစီးပွားရေး လုပ်ငန်းတွေ ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ဖို့ အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းနဲ့ ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

  • ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအပေါ် စွမ်းဆောင်ရည်နဲ့ အကဲဖြတ်ကြည့်ခြင်း

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jun 12, 2019

    ဘဏ္ဍာနှစ်ဝက် (၆) လပတ် ကာလ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အားရလောက်စရာ မကောင်းတာကို အချက်အလက်တွေက ဖော်ပြနေပါတယ်။ (၆) ပတ်ကာလအတွင်း တည်ဆောက်ရေးနဲ့ လုပ်ငန်းစီမံကိန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လုံးလုံး မလုပ်ဆောင်နိုင်ထားသလို ဆောင်ရွက်ပြီးနဲ့ ဆောင်ရွက်ဆဲ လုပ်ငန်းတွေရဲ့ အသုံးစရိတ်ကလည်း ခွင့်ပြုပေးထားငွေရဲ့ ၂၂.၆၆ % ပဲ ရှိနေပါသေးတယ်။