The Ānandaအာနန္ဒာ
မူလစာမျက်နှာ ဆောင်းပါးများ နည်းပညာ ဘတ်ဂျက်အ​ခြေခံ arrow_drop_down
  • နိဒါန်း
  • ဘတ်ဂျတ်နှင့် မိတ်ဆက်ခြင်း
အာနန္ဒာအကြောင်း
The Ānandaအာနန္ဒာ
မူလစာမျက်နှာ ဆောင်းပါးများ နည်းပညာ ဘတ်ဂျက်အ​ခြေခံ arrow_drop_down
  • နိဒါန်း
  • ဘတ်ဂျတ်နှင့် မိတ်ဆက်ခြင်း
အာနန္ဒာအကြောင်း
View English Version
The Ānandaအာနန္ဒာ

အချက်အလက်မှ အပြောင်းအလဲသို့

  • ဥပဒေကြမ်းမိတ်ဆက် - အသေးစား ငွေရေးကြေးရေး ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Oct 31, 2019

    ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီဟာ ဥပဒေပြုပြီးနောက် စိစစ်ခြင်း လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အသေးစားငွေရေးကြေးရေးဥပဒေကို လေ့လာခဲ့ပါတယ်။ အသေးစားငွေရေးကြေးရေးဥပဒေနဲ့ ပတ်သက်ပြီး ကော်မတီရဲ့ (၂၁.၅.၂၀၁၉)ရက်စွဲနဲ့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ခေတ်ကာလနဲ့ လျော်ညီတဲ့ဥပဒေအသစ် ရေးဆွဲဖို့ အကြံပြုထားပါတယ်။ အစီရင်ခံစာထဲမှာ စိစစ်လေ့လာတွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေပါဝင်ပြီး ဥပဒေရဲ့ ရည်ရွယ်ချက်တွေကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မယ့် ဥပဒေတစ်ရပ်ဖြစ်ဖို့ အထူးလိုအပ်ကြောင်း ဆိုထားပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အသေးစားငွေရေးကြေးရေးဥပဒေကြမ်း

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု, ဥပဒေရေးရာ သုတေသန on Oct 29, 2019

    အသေးစားငွေရေးကြေးရေး လုပ်ကိုင်မယ့် အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့ အစုစပ်လုပ်ငန်းဥပဒေတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ရပါမယ်။ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေအတွက် လိုင်စင်ထုတ်ပေးတာ ဒါမှမဟုတ် ရုပ်သိမ်းတာ ဒါမှမဟုတ် ပယ်ဖျက်တဲ့အခါတိုင်းမှာ မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ကြေငြာရပါမယ်။

  • ပွင့်လင်းမြင်သာမှု နမူနာများ - တောင်ကိုရီးယားနိုင်ငံရဲ့ ပွင့်လင်းအစိုးရ

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 23, 2019

    သတိပြုသင့်တဲ့ အချက်က ဒီလိုအောင်မြင်မှုတွေကို တောင်ကိုရီးယား အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှုကနေ တစ်ဆင့် ရရှိခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တခါ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ခါတစ်ရံ အစိုးရရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြီး အစိုးရကို ဖိအားပေးခြင်းနည်းလမ်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ အစိုးရကို ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ တွန်းအားပေးနိုင်ခဲ့ကြပါတယ်။

  • အာနန္ဒာမှာ ဘာလို့ ပွင့်လင်းမြင်သာမှု နမူနာတွေကို ဖော်ပြနေရသလဲ

    Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 23, 2019

    လူတိုင်း မဲပေးပိုင်ခွင့်နဲ့ အတူ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေဟာ ကိုယ်စားပြုဒီမိုကရေစီ စနစ်ရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်ပေမယ့် ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ ပါဝင်ပတ်သက်မှုဟာ အဲဒီနေရာ နှစ်ခုမှာပဲ အဆုံးသတ် သွားဖို့တော့ မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာဟာ ဖောက်ပြန်ပျက်စီးတက်စေတဲ့ သဘော ရှိတယ်ဆိုတဲ့ အခြေခံ သဘောတရားကြောင့် ဖြစ်ပါတယ်။

  • ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာ လွှတ်တော်ကို တင်သွင်းခြင်းမရှိတာ ဥပဒေနဲ့ ညီသလား

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Oct 17, 2019

    ပွင့်လင်းဘတ်ဂျက်စစ်တမ်းတွေမှာ စာရင်းစစ်ချုပ်အစီရင်ခံစာကို အရေးကြီးတဲ့ ဘတ်ဂျက်စာရွက်စာတမ်း ရှစ်မျိုးအနက် တစ်ခုအပါအဝင်ဖြစ်ဖော်ပြခံရတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ လွှတ်တော်တစ်ရပ်အနေနဲ့ အစိုးရကို စိစစ်ထိန်းကျောင်းနိုင်ရေးမှာ အလွန်အရေးကြီးတဲ့ စာရွက်စာတမ်းဖြစ်တဲ့အတွက် စာရင်းစစ်ချုပ်အစီရင်ခံစာဟာ စာရင်းစစ်ချုပ်နဲ့ ကော်မတီလောက်တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ စာရင်းစစ်ချုပ်အစီရင်ခံစာဟာ လူထုက ရွေးချယ် တာဝန်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ်- ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Oct 17, 2019

    ဥပဒေကြမ်းက မှတ်ပုံတင်ကျန်းမာရေးမှူးတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့၊ ပြည်သူ့ကျန်းမာရေးဘာသာရပ်ကို အဆက်မပြတ်လေ့လာနိုင်ဖို့၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းနိုင်ရေးအတွက် ကြီးကြပ်ထိန်းသိမ်းဖို့နဲ့ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံသားတွေ ရရှိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

  • ဗမာစာနဲ့တင် လမ်းမဆုံးသွားသင့်တဲ့ ယူနီကုဒ်အပြောင်းအလဲ

    Posted in ဥပဒေရေးရာ သုတေသန on Oct 09, 2019

    ယူနီကုဒ်ပြောင်းလိုက်တဲ့အခါ မိခင်ဘာသာစကားကို စနစ်တကျရေးနိုင်ဖို့ ပိုပြီးလမ်းပွင့်လာနိုင်တာ အသေအချာပါပဲ။ ယူနီကုဒ်ပြောင်းဖို့ တိုက်တွန်းကြတဲ့အထဲမှာ အပြောများကြတာက နောင်တစ်ချိန်မှာ ဗမာစာကနေ Google Translate လို ဝန်ဆောင်မှုတွေ ပိုပြီးသုံးလာနိုင်မယ်လို့ ပြောကြပါတယ်။ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ဗမာဘာသာစကား ဖလှယ်နိုင်ရေးကိုတော့ ပြောကြလေ့မရှိပါဘူး။

  • ဥပဒေကြမ်းမိတ်ဆက် - မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Oct 09, 2019

    ဥပဒေကြမ်းအရ ပေါ်ပေါက်လာမယ့် မြန်မာ့ဆက်သွယ်ရေးကော်မရှင်ကို ဦးဆောင်မယ့် ပုဂ္ဂိုလ်ဟာ ပြည်ထောင်စုအဆင့်၀န်ကြီးဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်တွေက ဒုတိယဝန်ကြီးအဆင့် ဖြစ်နေပါတယ်။ ဒီအတွက် ကော်မရှင်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဌာန၀န်ကြီးတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေက ထပ်နေမလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

  • ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တင်ဖို့လိုတဲ့ ငြိမ်း/စု/စီ နဲ့ နော်အုန်းလှ အမှု

    Posted in ဥပဒေရေးရာ သုတေသန on Oct 03, 2019

    နော်အုံးလှတို့အမှုကို ငြိမ်း/စု/စီ ဥပဒေပုဒ်မ (၂၀) နဲ့ စီရင်ချက်ချမှတ်ပြီးသွားပေမယ့် ချမှတ်တဲ့ ပြစ်ဒဏ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးဆိုင်ရာနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်ပေးတဲ့ဥပဒေတွေကို ကျော်လွန်နေသလားဆိုတာ ပြန်လည်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စရပ်ကို လုပ်ဆောင်ရမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးပဲ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in ဥပဒေရေးရာ သုတေသန on Oct 03, 2019

    “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်း” ရှိသူကို ခန့်အပ်ခွင့်ဟာ "နိုင်ငံတော်သမ္မတက ရွေးချယ်သူတွေ" အတွက်လို့ အတိအကျ ပြဌာန်းထားတာကို ဖွဲ့စည်းပုံနဲ့ ကိုက်ညီစေဖို့အတွက် "နိုင်ငံတော်သမ္မတက ယူဆသူ" လို့ ပြင်ဆင်လာတယ်လို့ ယူဆလို့ ရပါတယ်။

Copyright © Ānanda Data 2025