Posted in ဥပဒေရေးရာ သုတေသန on Jun 19, 2019

စက်မှုလုပ်ငန်းတွေရဲ့ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အခြေအနေတွေကို ထိခိုက်မှုတွေအား လျော့ချဖို့၊ စက်မှုဇုန်ယဉ်ကျေးမှုကို အားပေးဖို့၊ ပြိုင်ဆိုင်မှုရှိတဲ့ စက်မှုလုပ်ငန်းတွေအား ဖန်တီးဖို့နဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ စက်မှုဇုန်ဥပဒေကြမ်းကို လွှတ်တော်က လက်ခံစဉ်းစားလျက် ရှိပါတယ်။

Photo by Peter Hershey on Unsplash

ဥပဒေကြမ်း အနှစ်ချုပ်ကို ဤ အင်တာနက် စာမျက်နှာတွင် ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

ဥပဒေကြမ်း နောက်ခံ သမိုင်းကြောင်းနှင့် ဥပဒေကြမ်းအနှစ်ချုပ်တွေကို ဤစာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။

နိုင်ငံအများအပြားမှာ အထူးစီးပွားရေးဇုန်တွေကို အစိုးရက ဖန်တီးဖော်ထုတ်နိုင်တဲ့ ဥပဒေတွေ ရှိကြပါတယ်။ ဒီဥပဒေတွေရဲ့ ရည်ရွယ်ချက်က သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ လုပ်ငန်းတွေထူထောင်ဖို့အတွက် အခွန်နှုန်းထားတွေ လျော့ချပေးခြင်း၊ ကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံတွေ တည်ထောင်ပေးခြင်းနဲ့ ကုန်ကြမ်းတွေ၊ လုပ်အားတွေကို အလွယ်တကူ ရရှိစေနိုင်ဖို့ ဖန်တီးပေးခြင်း၊ ဒီစီးပွားရေး လုပ်ငန်းတွေ ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ဖို့ အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းနဲ့ ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုဥပဒေတွေကို ထောက်ခံသူတွေက ပြောဆိုကြရာမှာ တူညီတဲ့ စီးပွားရေး လုပ်ငန်းတွေကို စုစည်းထားပေးခြင်းအားဖြင့် အထွေထွေ ကုန်ကျစရိတ်တွေ သက်သာတယ်၊ ပိုပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ ပြောဆိုကြပါတယ်။ ဒီအချက်ကို စီးပွားရေးပညာဘာသာရပ်မှာတော့ စုစည်းမှု လို့ ခေါ်ပါတယ်။ ထောက်ခံသူတွေကတော့ အထူးစီးပွားရေးဇုန်တွေအတွက် ရှင်းလင်းတဲ့ လုပ်ထုံးလုပ်နည်းတွေရှိနေတာကြောင့် အလုပ်သမားအခွင့်အရေး၊ အနိမ့်ဆုံး လစာသတ်မှတ်ရေး သို့မဟုတ် လေထုညစ်ညမ်းမှု ကန့်သတ်ခြင်း စတဲ့ လူမှုရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို အစိုးရက စောင့်ကြပ်ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့ လွယ်ကူစေတယ်လို့ ဆိုကြတယ်။

တခြားတစ်ဘက်မှာလည်း ဒီလိုအထူးစီးပွားရေးဇုန်တွေရဲ့ ထိရောက်မှုမှာ အကောင်းအဆိုး ရောထွေးလျက်ရှိတယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ ဒါ့အပြင် အထူးစီးပွားရေးဇုန် ဥပဒေတွေက အလုပ်သမားတွေရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေစွာ ဖြစ်ပေါ်စေသည့် ဥပမာ ဖြစ်ရပ်တွေလည်း များစွာ ရှိတယ်လို့ ၎င်းတို့က ဆိုကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးထိပ်တန်း အဆင့်မှာထားတဲ့၊ အကာအကွယ်ပေးထားတဲ့ သီးသန့်ဇုန်တွေထားရှိခြင်းကြောင့် အချို့တဲ့ စီးပွားရေးလုပ်ငန်းတွေက ဒီဇုန်တွေကို သူတို့ ဘာမဆိုလုပ်နိုင်တဲ့၊ လုပ်ခွင့်ပြုထားတဲ့ လွတ်လပ်တဲ့ နယ်မြေတွေအဖြစ် ရှုမြင်ကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် မြန်မာနိုင်ငံမှာ ဖော်ထုတ်ခဲ့ဖူးတဲ့ အထူးစီးပွားရေးဇုန်တွေက ရရှိခဲ့တဲ့ ဥပမာတွေအရ အစိုးရအာဏာပိုင်တွေဟာ ပြည်သူလူထုရဲ့ မြေယာတွေကို အလွယ်တကူသိမ်းပိုက်ခဲ့ကြပြီး သင့်တော်တဲ့ လျော်ကြေးငွေ ပေးဖို့ အားနည်းခဲ့တာတွေ ရှိခဲ့ပါတယ်။ အခြားသောစီးပွားရေးဇုန်တွေကို လေ့လာချက်အရ သိရှိရတဲ့ နောက်ဆုံး အချက်ကတော့ စက်မှုဇုန် အတွင်း ရွှေ့ပြောင်းရောက်ရှိလာတဲ့ လုပ်ငန်းတွေဟာ ဒေသစီးပွားရေးကို အမှန်တကယ် အကျိုးရှိစေနိုင်မည်လို့ အတိအကျ အာမမခံနိုင်တာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို တိကျတဲ့ စည်းမျဉ်းတွေ ချမှတ်ပြီး(ထုတ်လုပ်မှုရဲ့ ရှေ့ ပိုင်းနှင့် နောက်ပိုင်း ချိတ်ဆက်မှုတွေလို့ ခေါ်တဲ့) ဒေသခံ ကုန်ကြမ်းတွေကို အသုံးပြုဖို့နှင့် သူတို့ရဲ့ ထုတ်ကုန်တွေကို ဒေသတွင်း ဈေးကွက်တွေတွင် ပြန်လည်ရောင်းချရမယ် ဟူတဲ့ သက်မှတ်ချက်တွေ ချမှတ်ထားပါမှ ဒေသစီပွားရေးကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။

လွှတ်တော်က စဉ်းစားသုံးသပ်နေတဲ့ လက်ရှိ စက်မှုဇုန်ဥပဒေကြမ်းကို ပိုမိုကောင်းမွန်လာစေဖို့ ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာနဲ့ ပတ်သက်တဲ့ အချက်အချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

စက်မှုဇုန် ဥပဒေကြမ်းအတွက် အကြံပြုချက်အချို့

၁။ အစိုးရအနေနဲ့ ဒီဥပဒေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဦးစားပေးလုပ်ရမယ့်အချက်တွေထဲမှာ စက်မှုဇုန်တွေကို ဘယ်လောက်အဆင့် ဦးစားပေးထားမလဲဆိုတာကို စဉ်းစားဆုံးဖြတ်ဖို့လိုမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်းနှီးမြှပ်နှံဖို့အတွက် စီးပွားရေးလုပ်ငန်းတွေက ဖယ်ရှားပေးဖို့ တောင်းဆိုနေတဲ့ အခြားအရေးကြီးတဲ့အတားအဆီးတွေလည်း ရှိနေပါတယ်။ ဒီအတားအဆီးတွေအား ဖြေရှင်းပေးဖို့အတွက် စက်မှုဇုန်တွေ အောင်မြင်မှု ရရှိချိန်အထိ စောင့်ဆိုင်းနေစရာမလိုဘဲ လတ်တလော ဖြေရှင်းဖို့ လိုအပ်နေပြီလို့ စီးပွားရေး အသိုက်အဝန်းကလည်း ပြောဆိုနေကြပါတယ်။ အခြားနိုင်ငံတွေရဲ့ အထူးစီးပွားရေးဇုန်အတွေ့အကြုံတွေအရ စီးပွားရေး လုပ်ငန်းတွေဟာ အောက်ပါ အချက်တွေ ရှိနေတဲ့နေရာတွေမှာ လာရောက်ရင်းနှီးမြှပ်နှံဖို့ လိုလားကြတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

  • ရှေ့နောက်ညီညွှတ်မှုရှိပြီး တိကျတဲ့ စီးပွားရေး မဟာဗျူဟာ ( အစိုးရရဲ့ အချက် ၁၂ ချက်ပါတဲ့ စီးပွားရေး အစီအစဉ်ဟာ ယေဘူယျဆန်ပြီး မည်သည့် အချက်ကို ဦးစားပေးမည်လို့ မပါရှိပါဘူး။)
  • လိုအပ်မယ့် အခြေခံ အဆောက်အအုံတွေအတွက် လုံလောက်တဲ့ ဘက်ဂျက်
  • အားကိုးစိတ်ချရတဲ့ လျပ်စစ်နှင့် ရေ ရရှိမှု
  • ဒေသခံ စီးပွားရေး လုပ်ငန်းတွေအတွက် အခွင့်အရေးတွေ ဖန်တီးနိုင်မည့် ယန္တရားတွေ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေကို လျော့ချခြင်း
  • အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ခြင်း
  • နိုင်ငံရေး တည်ငြိမ်မှု
  • အားကိုးစိတ်ချရနိုင်တဲ့ ဥပဒေစနစ်နှင့် နိုင်ငံတကာ ဥပဒေတွေအား လေးစားတန်ဖိုးထားမှု

၂။ စက်မှုဇုန်အရေအတွက်ကို ကန့်သတ်မှု မပြုလုပ်ပါကလည်း တနိုင်ငံလုံး ပျံ့ကျဲနေတဲ့ ပြဿနာဇုန်တွေကိုသာ ထပ်မံ ဖန်တီးမိမှာ ဖြစ်တဲ့အတွက် မူရင်းရည်ရွယ်ချက် ဖြစ်တဲ့ တူရာတူရာ လုပ်ငန်းတွေစုစည်းမှုကို အားပေးရာ ရောက်တော့မှာ မဟုတ်ပါဘူး။ ထိုအခါ စီးပွားရေးအရ ဆွဲဆောင်မှု မရှိတော့မယ့်အပြင် ဇုန်အများအပြားပေါ်လာပါက အခြေခံအဆောက်အအုံတွေများစွာ ထောက်ပံ့ပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့ဘဏ္ဍာကနေကုန်ကျစရိတ်တွေများစွာ ဖြစ်ပေါ်စေမယ် ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေ ချွေတာ နိုင်ဖို့နှင့် လုပ်ငန်းတွေ စုစည်းမှုကို အားပေးဖို့ အတွက် အစိုးရအနေနဲံ ဇုန်အရေအတွက်ကို ကန့်သတ်ဖို့ လိုအပ်ပြီး ဇုန်တစ်ခုစီကို ဘက်ဂျက်ငွေ ထောက်ပံ့နိုင်ဖို့အတွက် သီးသန့်ဖန်တီး ပေးဖို့လိုအပ်ပါတယ်။

၃။ အဆိုပါ စက်မှုဇုန် ဥပဒေအသစ်ကို ရေးဆွဲသည့်နေရာတွင် တည်ရှိပြီး စက်မှုဇုန် ဥပဒေတွေနှင့် ဥပဒေအသစ်ကို သီးခြားစီ စဉ်းစားရမည် ဖြစ်သော်လည်း ဖြစ်နိုင်သည့်နေရာတိုင်းတွင် မူဝါဒတွေ တူညီမှု ရှိစေဖို့ ညှိနှိုင်းရမည် ဖြစ်တယ်။ ဥပမာ လက်ရှိ အချိန်တွင် စက်မှုဇုန် ဥပဒေတွေ တည်ရှိနေပြီး (အထူးသဖြင့် ဖို့ကုန်တိုင်းဒေသကြီးတွင်) ထိုစက်မှုဇုန်တွေမှာ အတွေအားဖြင့် ဖို့ကုန်မြို့ အစွန်အဖြားနေရာတွေတွင် ယခင်က တည်ရှိခဲ့သော်လည်း ယခုအခါတွင် ဖို့ကုန်မြို့ လျင်မြန်စွာ ကျယ်ပြန့်လာမှုကြောင့် ထိုနေရာတွေ တွင် လူနေထူထပ်လာပြီ ဖြစ်တယ်။ နိုင်ငံတကာတွင် ထိုကဲ့သို့ ပြဿနာမျိုးကို ဖြေရှင်းလေ့ရှိသည့် ပုံစံမှာ ဥပဒေသုံး၍ ထိုစက်မှု ဇုန်တွေကို ဖယ်ရှားခြင်း၊ ပိတ်သိမ်းခြင်း၊ ထိန်းချုပ်ခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။ စက်မှုဇုန်အဖြစ် သတ်မှတ်ပြီးသော်လည်း ဖော်ထုတ် တည်ဆောက်ခြင်း မပြုရသေးသည့် နေရာတွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါ တယ်။

၄။ စက်မှုဇုန်အသစ်တွေဟာ စီးပွားရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပါတယ်။ တူညီတဲ့ နည်းပညာတွေ၊ တူညီတဲ့ ဈေးကွက်တွေကို ရရှိနိုင်ခြင်း သို့မဟုတ် စက်ရုံလုပ်သားတွေ၊ ကျွမ်းကျင်လုပ်သားတွေ စသဖြင့် တူညီတဲ့ လုပ်အား လိုအပ်ချက်တွေရှိသည့် စက်မှုလုပ်ငန်းတွေကို အတူတကွ နီးနီးကပ်ကပ် တည်ရှိခြင်းကို အားပေးသင့်ပါတယ်။

၅။ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုကို အားပေးဖို့အတွက် ဒေသခံနဲ့ နိုင်ငံခြားဈေးကွက် သုတေသနတွေကို အားပေးဖို့နဲ့ စက်မှုဇုန်တွေအား လူတွေသိစေဖို့ မြှင့်တင်ရေးလုပ်ငန်းတွေကို ထောက်ပံ့ပေးရမည့် ဥပဒေပုဒ်မ တစ်ခုကို ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။

၆။ စက်မှုဇုန်ဥပဒေကြမ်းကို အတည်ပြုမပြဋ္ဌာန်းမီ လက်ရှိတည်ရှိပြီး ဥပဒေတွေဖြစ်တဲ့ ၁၉၅၁ စက်ရုံဥပဒေ၊ ၁၉၉၀ ခုနှစ်တွင် စက်မှု ဝန်ကြီးဌာနက ရေးဆွဲခဲ့တဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေ နဲံ ၂၀၁၅ ခုနှစ်တွင် ရေးဆွဲခဲ့တဲ့ အသေးစားနှင့် အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတို့ကို တစ်ခုနှင့်တစ်ခု ရှေ့နောက်ညီညွတ်ပြီး ကိုက်ညီမှု ရှိစေဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

၇။ ထိုဥပဒေတွင် အလုပ်သမား အခွင့်အရေးတွေနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် ရည်မှန်းချက် ကြီးမားတဲ့ ပုဒ်မတွေ ပါဝင်သင့်ပါတယ်။ နိုင်ငံတကာက ဖောက်သည်တွေဟာ မြင့်မားတဲ့ ကိုယ့်ကျင့်တရားဆိုင်ရာ စံနှုန်းတွေကို မြင့်မြင့်မားမားထားဖို့ တောင်းဆိုမှုတွေရှိနေကြတော့ ဒါကလည်း ကျိုးကျောင်းဆီလျော်မှုရှိတဲ့ စဉ်းစားချက်ဖြစ်ပါတယ်။