Posted in ဥပဒေရေးရာ သုတေသန on Mar 07, 2019

“ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေနဲ့ပူးပေါင်းနိုင်စေရန်၊ဆက်သွယ်ရေးလုပ်ငန်းနဲ့ဆက်စပ်တဲ့တခြားစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်စေရန်အပါအဝင် ကော်ပိုရေးရှင်းနဲ့ဖွဲ့စည်းတဲ့စီမံခန့်ခွဲရေးအဖွဲ့တို့ကို လုပ်ပိုင်ခွင့်များ အပ်နှင်းရန်တို့ကို” ရည်ရွယ်တယ်လို့ ဥပဒေကြမ်းမှာ ဆိုထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းရဲ့ဖွဲ့စည်းပုံကို ကနဦးသတ်မှတ်နိုင်တယ်။ ကော်ပိုရေးရှင်းအနေနဲ့ နိုင်ငံတော်မှထောက်ပံ့တဲ့ (သို့) မိမိပိုင် အရင်းအနှီးများကို ဆက်လက်ပိုင်ဆိုင်ခွင့်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်နေတဲ့ မည်သည့်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမဆို၊ လုပ် ငန်းလိုင်စင်မှအစ ဆက်ခံရပါမယ်။ကော်ပိုရေးရှင်းဟာ ဥပဒေပါရည်ရွယ်ချက်နဲ့မိမိရဲ့ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် လက်ရှိဖွဲ့စည်းပုံကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့သဘောတူညီချက်နဲ့ ပြောင်းလဲဖွဲ့စည်း နိုင်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ ပြည်ထောင်စုအစိုးရပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေပြီးတော့ ဝန်ကြီးဌာနက တာဝန်ပေးအပ်သူပေးအပ်သူတစ်ဦး ဥက္ကဌအဖြစ်ပါဝင်တဲ့ စီမံခန့်ခွဲရေးအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနက တာဝန်ပေးအပ်ခြင်းခံရသူတွေ၊ အမှုဆောင်အရာရှိချုပ်၊ နဲ့ သက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းပေးရမှာဖြစ်တယ်။အဖွဲ့ဝင်ဦးရေကိုလည်း (၇)ဦးမှ (၁၁)ဦးထိပါဝင်ဖွဲ့စည်းနိုင်ပြီး အဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့စရိတ်တွေကိုလည်း သတ်မှတ်ပေးနိုင်တယ်။ဝန်ကြီးဌာနဟာ ပထမဆုံးအကြိမ်ဖွဲ့စည်းမဲ့ စီမံခန့်ခွဲရေးအဖွဲ့ရဲ့အမှုဆောင်အရာရှိချုပ်နေရာကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ဦးဆောင်ညွှန်ကြားရေးမှူးရေးမှူးကို တာဝန်ပေးအပ်နိုင်ပါတယ်။ပထမအကြိမ်တာဝန်ပေးခံရတဲ့ အမှုဆောင်အရာရှိချုပ်ရဲ့သက်တမ်းကုန်ဆုံးလို့ပဲဖြစ်ဖြစ် လစ်လပ်သွားရင်ဖြစ်ဖြစ် စီမံခန့်ခွဲရေးအဖွဲ့ကနေထောက်ခံတင်ပြတဲ့ သတ်မှတ်အရည်အချင်းများနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရရဲ့သဘောတူညီမှုနဲ့ ခန့်အပ်ရမှာဖြစ်ပါတယ်။စီမံခန့်ခွဲရေးအဖွဲ့ဝင်တွေဟာ အဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်တဲ့အခါမှာ လုပ်ငန်းတာဝန်ဆောင်ရွက်ခြင်းကို ထိခိုက်နိုင်တဲ့ငွေးကြေးဆိုင်ရာခံစားခွင့်တွေနဲ့ အခြားခံစားခွင့်ရှိသူတွေ မဖြစ်ရပါဘူး။စီမံခန့်ခွဲ့ရေးအဖွဲ့ဝင်တွေဟာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲရေးအဖွဲ့က လုပ်ဆောင်မဲ့ ပဋိညာဉ်တွေ၊ဝန်ဆောင်မှုတွေ၊ပစ္စည်းရောင်းဝယ် ဌားရမ်းမှုတွေ စတာတွေမှာ မိမိနဲ့အကျိုးစီးပွား သက်ဆိုင်နေရင် စီမံခန့်ခွဲရေးအဖွဲ့ရဲ့အစည်းအဝေးမကျင်းပမီဖြစ်ဖြစ် အစည်းအဝေးကျင်းပတဲ့အချိန်မှာဖြစ်ဖြစ် ထုတ်ဖော်ပြောပြရမှာဖြစ်ပါတယ်။အဖွဲ့ဝင်တစ်ယောက်ယောက်နဲ့အကျိုးစီးပွားသက်ဆိုင်တဲ့လုပ်ငန်းကိစ္စရပ်မှာ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ သက်ဆိုင်သူအဖွဲ့ဝင်ဟာ အစည်းအဝေးတက်ရောက်ခွင့်မရှိခြင်းနဲ့ဆွေးနွေးခြင်းနဲ့ဆုံးဖြတ်ခြင်းတွေမှာ ပါဝင်ခွင့်မရှိတဲ့အပြင် အဖွဲ့ကနေပြီး ငွေးကြေးအရအကျိုးသက်ဆိုင်ခွင့်နဲ့အခြားအကျိုးသက်ဆိုင်ခွင့် ရှိမရှိကို ဆုံးဖြတ်နိုင်ပါတယ်။စီမံခန့်ခွဲရေးအဖွဲ့ရဲ့အစည်းအဝေးကျင်းပခြင်းတွေ၊ဆွေးနွေးဆုံးဖြတ်ခြင်းတွေကို သတ်မှတ်ထားတဲ့နည်းလမ်းများနဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၏သက်တမ်းသည်ငါးနှစ်ဖြစ်ပြီး အမှုဆောင်အရာရှိချုပ်မှလွဲ၍ ကျန်အဖွဲ့ဝင်အားလုံးသည် ရာထူးသက်တမ်းတစ်ဆက်ထဲနှစ်ကြိမ်ထက်ပိုထမ်းဆောင်ခွင့်မရှိပေ။ဝန်ကြီးဌာနသည် သတ်မှတ်ထားသောစည်းကမ်းချက်များကို ဖောက်ဖျက်သည့် စီမံခန့်ခွဲရေးအဖွဲ့ဝင်ကို ပြည်ထောင်စုအစိုးရ၏သဘောတူညီမှုဖြင့် တာဝန်မှရပ်စဲနိုင်သည်။

စီမံခန့်ခွဲရေးအဖွဲ့ဟာ မူဝါဒချမှတ်ခြင်း၊ ပြည်တွင်းပြည်ပဆက်သွယ်ရေးဝန်ဆောင်မှုရုံးခွဲများဖွင့်လှစ်ခြင်း၊ကော်ပိုရေးရှင်းကဆောင်ရွက်နေတဲ့ ဆက်သွယ်ရေးလုပ်ငန်းများရဲ့အောင်မြင်မှုနဲ့ဆုံးရှုံးမှုကို တာဝန်ခံခြင်း၊ နဲ့ ဘဏ္ဍာရေးနှင့်အခြားကိစ္စရပ်များကို စိစစ် ကြီးကြပ်ခြင်းစတဲ့ လုပ်ငန်းတာဝန်များအပါအဝင် ဥပဒေပါလုပ်ငန်း တာဝန်များကို ဆောင်ရွက်ရပါမယ်။ ဝန်ကြီးဌာနရဲ့သဘောတူညီချက်နဲ့လည်း ဘဏ်တွေကငွေချေးယူခြင်း၊ငွေထုတ်ချေးခြင်း၊ ဝန်ဆောင်မှုတခုချင်းအလိုက် အခွန်ကင်းလွတ်ခွင့်/သက်သာခွင့် လျှောက်ထားခြင်း၊ပြည်တွင်းပြည်ပက ရင်းနှီးမြှပ်နှံသူတွေနဲ့ဖက်စပ်ကုမ္ပဏီတည်ထောင်တာတွေ၊လုပ်ငန်းလွှဲပြောင်းရယူတာတွေအပါအဝင်ကော်ပိုရေးရှင်းရဲ့မတည်ရင်းနှီးငွေနဲ့တည်ထောင်ထားတဲ့ လက်အောက်ခံကုမ္ပဏီတွေကို အများနှင့်မသက်ဆိုင်သောကုမ္ပဏီတွေ၊အများပြည်သူတွေ ရှယ်ယာထည့်ဝင်လို့ရတဲ့ အများဆိုင်ကုမ္ပဏီတွေကိုလည်း တည်ထောင်လုပ်ကိုင်နိုင်ပါတယ်။

ကော်ပိုရေးရှင်းဟာ အမှုဆောင်အရာရှိချုပ်ရဲ့ကြီးကြပ်မှုနဲ့ လုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်ခြင်း၊လိုအပ်တဲ့ လုပ်ငန်းအဖွဲ့တွေဖွဲ့စည်းခြင်း၊ သုတေ သနလုပ်ငန်းများဆောင်ရွက်ခြင်း၊ သင်တန်းဖွင့်လှစ်ခြင်း၊ နဲ့ တခြားဆက်စပ်ဝန်ဆာင်မှုလုပ်ငန်းတွေကို လုပ်ကိုင် နိုင်ပြီး၊ စီးပွားရေးလုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်များကို လွတ်လပ်စွာချမှတ်ခြင်း၊ ကျွမ်းကျင်ပညာရှင်/အကြံပေးများကိုခန့်အပ်ခြင်း၊ နဲ့ ကော်ပိုရေး ရှင်းရဲ့ အသိဉာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့်များကို ထိန်းသိမ်းခြင်းစတဲ့ လုပ်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနရဲ့အတည်ပြုချက်ရယူပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို တည်ဆောက်-လုပ်ကိုင်- လွှဲပြောင်းဆိုတဲ့စနစ်မျိုးနဲ့လည်း စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစနစ်တစ်မျိုးမျိုးနဲ့လည်း ဆောင်ရွက်နိုင်တယ်။ဝန်ထမ်းတွေရဲ့အရည်အချင်း၊ဆောင်ရွက်ရမဲ့လုပ်ငန်းအမျိုးအစား၊တာဝန်ခွဲဝေမှုနဲ့တာဝန်ခံမှုတို့ကို ဖွဲ့စည်းပုံ အရ ကော်ပိုရေးရှင်းသည် လိုအပ်သလိုသတ်မှတ်နိုင်သည်။

ဝန်ကြီးဌာနသည် မြန်မာဆက်သွယ်ရေးလုပ်ငန်းတွင်တာဝန်ထမ်းဆောင်ခဲ့သောဝန်ထမ်းများ၏ ကော်ပိုရေးရှင်းတွင် ဆက်လက်လုပ်ဆောင်ခြင်း၊ဌာနရွှေ့ပြေင်းခြင်း၊ပင်စင်လျော်ကြေးခံစားခွင့်များစသည့် ကိစ္စရပ်အဝဝကို လုပ်ကိုင်ဆောင်ရွက်ပေးရမည်။ဝန်ကြီးဌာနသည် ကော်ပိုရေးရှင်း၏ ကနဦးမတည်ရင်းနှီးငွေကို ကော်ပိုရေးရှင်းအားအဆိုပြုတင်ပြစေပြီး စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာနစိစစ်မှုဖြင့် ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေမှ တောင်းခံနိုင်ပြီး ကော်ပိုရေးရှင်းရဲ့ဘဏ္ဍာရန်ပုံငွေကနေ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ပင်စင်ခံစားခွင့်တွေ၊ ပြည်ပချေးငွေတွေ၊နဲ့ ဝန်ထမ်းများအတွက် လုပ်သက်ဆုငွေ၊ချီးမြှင့်ငွေ၊အငြိမ်းစားလစာတွေ ရရှိအောင်လည်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ကော်ပို ရေးရှင်းသည် နိုင်ငံတော်မှထုတ်ပေးသော မတည်ရန်ပုံငွေ၊မြန်မာဆက်သွယ်ရေးပိုင် ပြည်တွင်းပြည်ပရှိ ငွေကြေးများ၊ရန်ပုံငွေများအစရှိသောငွေကြေးများ၊စုဆောင်းငွေမှအတိုးရငွေများနဲ့စီးပွားရေးလုပ်ငန်းများမှ ရရှိသောအကျိုးအမြတ်များအစရှိတဲ့ငွေကြေးများဖြင့် ဘဏ္ဍာရန်ပုံငွေထူထောင်ထားရှိနိုင်သည်။ကော်ပိုရေးရှင်းသည် ဘဏ္ဍာရေးနှစ်အလိုက်စုစုပေါင်းရငွေသုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစရင်းတွင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ထည့်သွင်းဖော်ပြပေးရမည်ဖြစ်သည်။နိုင်ငံတော်သို့ အခွန်အကောက်နဲ့အမြတ်ခွဲဝေပေးသွင်းပြီးလျှင် ကော်ပိုရေးရှင်းသည် ဆုကြေးရန်ပုံငွေ၊ဖွံ့ဖြိုးမှုရန်ပုံငွေ၊တန်ဖိုးယုတ်လျော့ရန်ပုံငွေ၊အိုနာစာရန်ပုံငွေ၊သက်သာချောင်ချိရေးရန်ပုံငွေနဲ့အခြားလိုအပ်သောရန်ပုံငွေများကို ထူထောင်ထားရှိနိုင်သည်။ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနဲ့စရိတ်တို့ကို ကော်ပိုရေးရှင်းရဲ့ဘဏ္ဍာရန်ပုံငွေမှကျခံသုံးစွဲရမှာဖြစ်ပါတယ်။ဌာနတွင်းဘဏ္ဍာရေးကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းစေပြီး ဝင်ငွေထွက်ငွေများကို ကြီးကြပ်ခြင်း၊ဌာနတွင်းစာရင်းစစ်အဖွဲ့ဖွဲ့စည်း၍ ပုံမှန်စစ်ဆေးခြင်းနဲ့စာရင်းစစ်ဆေးမှုအစီရင်ခံစာကို ပြင်ပမှစာရင်းစစ်ဆေးမှုမတိုင်မီ ဘဏ္ဍာရေးကြီးကြပ်ရေးအဖွဲ့အားစိစစ်စေပြီး စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြခြင်းများလုပ်ဆောင်ရမှာဖြစ်ပါတယ်။နှစ်စဉ်စာရင်းစစ်အစီရင်ခံစာကိုလည်း စီမံခန့်ခွဲမှုအဖွဲ့မှတဆင့် ဝန်ကြီးဌာနကို တင်ပြရမှာဖြစ်ပြီး စာရင်းစစ်ချုပ်ရုံး ဒါမှမဟုတ် မှတ်ပုံတင်ထားတဲ့စာရင်းစစ်အဖွဲ့တို့ နိုင်ငံတကာအသိအမှတ်ပြုစာရင်းစစ်အဖွဲ့တို့ရဲ့ စာရင်းစစ်ဆေးမှုကိုလည်း ခံယူရမှာဖြစ်ပါတယ်။ကော်ပိုရေးရှင်းပိုင် ငွေကြေးနှင့်ပစ္စည်းများသည် နိုင်ငံတော်ပိုင်ဖြစ်သည်။