• ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာ လွှတ်တော်ကို တင်သွင်းခြင်းမရှိတာ ဥပဒေနဲ့ ညီသလား

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Oct 17, 2019

    ပွင့်လင်းဘတ်ဂျက်စစ်တမ်းတွေမှာ စာရင်းစစ်ချုပ်အစီရင်ခံစာကို အရေးကြီးတဲ့ ဘတ်ဂျက်စာရွက်စာတမ်း ရှစ်မျိုးအနက် တစ်ခုအပါအဝင်ဖြစ်ဖော်ပြခံရတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ လွှတ်တော်တစ်ရပ်အနေနဲ့ အစိုးရကို စိစစ်ထိန်းကျောင်းနိုင်ရေးမှာ အလွန်အရေးကြီးတဲ့ စာရွက်စာတမ်းဖြစ်တဲ့အတွက် စာရင်းစစ်ချုပ်အစီရင်ခံစာဟာ စာရင်းစစ်ချုပ်နဲ့ ကော်မတီလောက်တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ စာရင်းစစ်ချုပ်အစီရင်ခံစာဟာ လူထုက ရွေးချယ် တာဝန်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။

  • ၂၀၁၉-၂၀ မှာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရတွေ ဝင်ငွေဘယ်ကရမလဲ၊ ဘယ်လောက်ရမလဲ

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Aug 27, 2019

    လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ဒီဘတ်ဂျက်ကို ဆွေးနွေးမှုတွေ လုပ်နေပါပြီ။ လွှတ်တော်က စိစစ်တာ၊ ဖြတ်တောက်တာတွေ လုပ်ပြီတဲ့အခါကျမှသာလျှင် နောက်လာမယ့် ဘက်ဂျက်နှစ်အတွက် ပြည်ထောင်စုအသုံးစရိတ်တွေက အတည်ဖြစ်လာမှာဖြစ်ပါတယ်။ ပြည်ထောင်စုအသုံးစရိတ်ထဲပါတဲ့ ပြည်နယ်/တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ ထောက်ပံ့ငွေတွေကိုတော့ လွှတ်တော်က ဖြတ်တောက်ဖို့မရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်က ဘတ်ဂျက်အတည်ပြုပြီးရင်တော့ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်တွေကတော့ သက်ဆိုင်ရာ အစိုးရတွေရဲ့ အသေးစိတ် အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ခွင့်ပြုတာတွေ ဆောင်ရွက်ကြရဦးမှာပါ။

  • လွှတ်တော်ကိုတင်ထားတဲ့ ဘတ်ဂျက်အဆိုပြုချက် အကျဉ်းချုပ် သုံးသပ်ချက်

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Aug 21, 2019

    ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၉-၂၀ ခုနှစ် ဘတ်ဂျက်ကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ လွှတ်တော်ကို တင်သွင်းထားတဲ့ အဆိုပြုတင်ပြချက်ဟာ အရေးကြီးတဲ့ စာရွက်စာတမ်းတစ်စောင်ဖြစ်ပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကတစ်ဆင့် တင်ပြထားတဲ့ အဆိုပြုတင်ပြချက် အနှစ်ချုပ်ပါ အချက်အလက်အချို့ကို အလွယ်တကူ လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - တိုင်း/ ပြည်နယ်ရဲ့ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကြမ်း

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Aug 05, 2019

    နှစ်လတ်ဘဏ္ဍာရေးလျာထားချက် တင်ပြရာမှာလည်း ပါဝင်ရမယ့်အချက်တွေကို ဥပဒေကြမ်းမှာ ဖော်ပြထားပြီးတော့ လျာထားချက် ရေးဆွဲရာမှာလည်း ရှေ့လာမယ့် ဘဏ္ဍာရေးနှစ် (၂)နှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတွေအတွက် လျာထားမယ့် ထောက်ပံ့ငွေနဲ့ ချေးငွေတွေကို ၎င်းတို့ ကြိုတင်သိရှိစေရန် ထည့်သွင်းဖော်ပြရပါမယ်။ မက်ခရိုစီးပွားရေး အခြေအနေဖော်ပြရာမှာလည်း ပါဝင်ရမယ့်အချက်တွေကို ဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲထားပါတယ်။

  • မီတာခတိုးမြှင့်ခြင်းက မီးပုံမှန်လာစေမှာလား

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jun 26, 2019

    လျှပ်စစ်အသုံးပြုမှုအတွက် အစိုးရက စိုက်ထုတ်သုံးစွဲနေရတာကို လျော့နည်းစေဖို့အတွက် တိုးကောက်ဖို့ လိုအပ်ကြောင်းကိုတော့ ပညာရှင်အသိုင်းအဝိုင်းက လက်ခံထားကြပါတယ်။ လျှပ်စစ်မီတာခ တိုးကောက်တဲ့အပေါ် လူမှုစီးပွားဘဝကို ထိခိုက်တယ်လို့ ထောက်ပြကြသူတွေရှိသလို၊ ဘာအာမခံချက်တွေ ပေးမှာလဲဆိုတာမျိုး မေးခွန်းထုတ်ကြသူတွေလည်း ရှိပါတယ်။ မီတာခအပြင် အခြားစိုးရိမ်စရာ၊ စောင့်ကြည့်စရာ အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။

  • ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအပေါ် စွမ်းဆောင်ရည်နဲ့ အကဲဖြတ်ကြည့်ခြင်း

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jun 12, 2019

    ဘဏ္ဍာနှစ်ဝက် (၆) လပတ် ကာလ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အားရလောက်စရာ မကောင်းတာကို အချက်အလက်တွေက ဖော်ပြနေပါတယ်။ (၆) ပတ်ကာလအတွင်း တည်ဆောက်ရေးနဲ့ လုပ်ငန်းစီမံကိန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လုံးလုံး မလုပ်ဆောင်နိုင်ထားသလို ဆောင်ရွက်ပြီးနဲ့ ဆောင်ရွက်ဆဲ လုပ်ငန်းတွေရဲ့ အသုံးစရိတ်ကလည်း ခွင့်ပြုပေးထားငွေရဲ့ ၂၂.၆၆ % ပဲ ရှိနေပါသေးတယ်။

  • ဘဏ္ဍာနှစ်အပြောင်းအလဲရဲ့ ပထမသုံးလ မျက်နှာပန်းလှခဲ့သလား

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on May 23, 2019

    အခုဆိုရင် ဘဏ္ဍာရေးနှစ် အချိန်ပြောင်းလဲမှု ကျင့်သုံးတာဟာ ခြောက်လကျော် သက်တမ်းကို ရောက်နေပါပြီ။ ဒီတော့ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ ပထမ သုံးလပတ်လို့ ခေါ်တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်မှုတွေဟာ ဘဏ္ဍာရေးနှစ် ပြောင်းလဲရခြင်းရဲ့ ရည်ရွယ်ချက်တွေကို ဘယ်လောက်အထိ ဖြည့်ဆည်းနိုင်တယ်ဆိုတာကို ဆန်းစစ်တိုင်းတာကြည့်ဖို့ လိုပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မတ်လမှာ ပြည်ထောင်စု၊ တိုင်းနဲ့ပြည်နယ်အစိုးရ တွေရဲ့ ပထမ သုံးလပတ် အစီရင်ခံစာကို ထုတ်ပြန်ထားပါတယ်။ ဒီအစီရင်ခံစာပါ ဘဏ္ဍာငွေ လျာထားချက်နဲ့ အသုံးပြုနိုင်မှုဆိုင်ရာ အချက်အလက်တွေအပေါ် အခြေခံပြီး ဆန်းစစ်တိုင်းတာကြည့်မှာ ဖြစ်ပါတယ်။

  • ကိုယ်ပိုင်ဝင်ငွေ နှစ်ဆနီးပါး ဘာသာရေးလုပ်ငန်းတွေမှာ သုံးထားတဲ့ ကယားအစိုးရ

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on May 07, 2019

    ပြည်နယ်ရဲ့ ကိုယ်ပိုင်ဝင်ငွေထက် နှစ်ဆနီးပါးကို ကယားပြည်နယ်အစိုးရက အခုလိုမျိုး ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေမှာ သုံးစွဲနေတာက ပြည်နယ်အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးအားနည်းလို့ အခြားပြည်နယ်တွေထက် ပိုမိုရရှိနေတဲ့ ပြည်ထောင်စုဘဏ္ဍာငွေခွဲဝေရရှိမှုကိုပါ ဘာသာရေးအတွက် ထည့်သွင်းသုံးစွဲနေ တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒီလိုဖွံ့ဖြိုးရေးအားနည်းပြီး အစိုးရရဲ့ ကိုယ်ပိုင်ဝင်ငွေနည်းပါးတဲ့ ပြည်နယ်တစ်ခုမှာ ပြည်သူ့ဘဏ္ဍာကို ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေမှာ သုံးစွဲနေတဲ့ ပြည်နယ်အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

  • အချက်အလက်အားဖြင့် တိုင်ဆိုင်စစ်ဆေးခြင်း - လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနကို လွှတ်တော်က တကယ်ပဲ ဘတ်ဂျက်ဖြတ်နေသလား

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Apr 30, 2019

    လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနဟာ နှစ်စဉ်ပိုလျှံရန်ပုံငွေထဲကို အသားတင် မြန်မာကျပ် ၃၀၀ ဘီလီယံကျော် ပြန်လည် အပ်နှံနေရတဲ့ ဝန်ကြီးဌာနလည်းဖြစ်ပါတယ်။ ပိုလျှံရန်ပုံငွေဆိုတာ ဝန်ကြီးဌာနတွေအနေနဲ့ သုံးလို့မကုန်တဲ့ ဘတ်ဂျက်တွေကို ပြန်လည်အပ်နှံရတဲ့ ငွေစာရင်းဖြစ်ပါတယ်။​

  • အလုံးစုံနီးပါး ဗဟိုကို အားကိုးရပြီး ၀င်ငွေနည်းနေတဲ့ ကယားပြည်နယ်

    Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Apr 29, 2019

    ဘက်ဂျက်ထဲမှာ ကယားပြည်နယ်တွင်းပါဝင်တဲ့ မြို့နယ် ခုနစ်ခုအလိုက် လုပ်ဆောင်မယ့် လုပ်ငန်းတွေအလိုက် စီမံကိန်းတွေနဲ့ သုံးစွဲမယ့် ငွေပမာဏတွေကိုလည်း ဖော်ပြထားပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာဆိုရင် တံတားနဲ့ ဆက်စပ်တဲ့ စီမံကိန်း ၁၁၆ ခုအထိ လုပ်ကိုင်ဖို့ လျာထားပြီး ပြည်နယ်မြို့တော် လွိုင်ကော်မှာဆိုရင် လမ်းနဲ့ ဆက်စပ်တဲ့ စီမံကိန်း ၈၇ အထိ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော်မယ့် စီမံကိန်းလျာထားမှု အနည်းဆုံးမြို့နယ်ကတော့ ဖားဆောင်းဖြစ်ပြီး လမ်း၊ တံတား၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး အပါအဝင် အခြားဖွံ့ဖြိုးရေး စီမံကိန်း စုစုပေါင်း ၄၅ ခုသာရှိပြီး လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုတို့မှာဆိုရင် လုပ်ငန်းပေါင်း ၂၀ဝ ကျော်စီ ရှိပါတယ်။