Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Aug 21, 2019

1920topspend-REVISED.png

ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၉-၂၀ ခုနှစ် ဘတ်ဂျက်ကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ လွှတ်တော်ကို တင်သွင်းထားတဲ့ အဆိုပြုတင်ပြချက်ဟာ အရေးကြီးတဲ့ စာရွက်စာတမ်းတစ်စောင်ဖြစ်ပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကတစ်ဆင့် တင်ပြထားတဲ့ အဆိုပြုတင်ပြချက် အနှစ်ချုပ်ပါ အချက်အလက်အချို့ကို အလွယ်တကူ လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဝင်ငွေ

ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေရဲ့ ဝင်ငွေအများစုဟာ သာမန်ဝင်ငွေတွေဖြစ်ပါတယ်။ အခွန်အကောက်ရငွေဟာ သာမန်ဝင်ငွေအနေနဲ့ ပါဝင်တာကြောင့်လည်း အများဆုံးဖြစ်နေတာဖြစ်ပါတယ်။ ငွေလုံးငွေရင်းရငွေအနေနဲ့ဆိုရင်တော့ ပြည်ပ အကူအညီနဲ့ ရငွေက အများဆုံး ပါဝင်ပါတယ်။ ကြွေးမြီရငွေထဲမှာ ချေးငွေရရှိမှုနဲ့ အတိုးရရှိမှုတွေပါဝင်ပါတယ်။

ပြည်ထောင်စုအစိုးရ ဝင်ငွေ

ပြည်ထောင်စုရဲ့ ရငွေကို အသေးစိတ်ကြည့်မယ်ဆိုရင်တော့ သာမန်ရငွေထဲမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကနေတစ်ဆင့် ရရှိတဲ့ ဝင်ငွေတွေ လွှမ်းမိုးထားတာ တွေ့ရပါမယ်။ အခွန်ဝင်ငွေထဲမှာဆိုရင်တော့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကနေ ရရှိတဲ့အခွန်က အများဆုံး ရရှိနေပါတယ်။

ရေနံဝင်ငွေ

ဒီနှစ်အဆိုပြုတင်ပြချက်ထဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကနေရတဲ့ ရငွေကိုလည်း ဖော်ပြထားပါတယ်။

သုံးငွေ

ဒီနှစ်အတွက် သုံးငွေအပိုင်းမှာတော့ ပြည်ထောင်စုအစိုးရက သာမန်သုံးငွေ ပိုသုံးမှာဖြစ်ပြီး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေကတော့ ငွေလုံးငွေရင်း ပိုသုံးမှာပါ။ ဆိုလိုတာက ပြည်ထောင်စုက လုပ်ငန်းလည်ပတ်နေရတဲ့ အသုံးစရိတ်က စီမံကိန်းကြီးတွေ အကောင်အထည်ဖော်တဲ့ အသုံးစရိတ်စတဲ့ အသုံးစရိတ်ထက် ပိုများမယ့် သဘောလို့ အကြမ်းဖျဉ်းယူဆလို့ရပါတယ်။

ဝန်ကြီးဌာနအလိုက် သုံးငွေ

ဝန်ကြီးဌာနအလိုက်သုံးငွေတွေထဲမှာတော့ လျှပ်စစ်စွမ်းအင်က ဦးဆောင်နေပြီး၊ ပညာရေးက အဆင့် ၄ နဲ့ ကျန်းမာရေးက အဆင့် ၈ နေရာတွေမှာ ရှိနေပါတယ်။

အသေးစိတ်သိရှိလိုတာရှိရင်လည်း အာနန္ဒာကို ဆက်သွယ်နိုင်ပါတယ်။

OBS Guideline_18 Jan 2019-bur.png

Made with Flourish