-
ကျေးလက်လမ်းနဲ့ စည်ပင်ကို ဦးစားပေးပြီး လျှပ်စစ်ကို နှစ်ဆတိုးမယ့် တနင်္သာရီ
Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Apr 02, 2019
တနင်္သာရီတိုင်းအစိုးရအဖွဲ့က လာမယ့် ၂၀၁၉-၂၀၂၀ အတွက် ဘက်ဂျက်အကြိုထုတ်ပြန်ချက် (Pre-Budget Statement) ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဘက်ဂျက်အကြိုထုတ်ပြန်ချက်မှာ တိုင်းအစိုးရရဲ့ ရငွေနဲ့ သုံးငွေတွေကို ဖော်ပြထားတဲ့အပြင် ဦးစားပေး လုပ်ဆောင်မယ့် ဦးစားပေးကဏ္ဍတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်
-
စည်ပင်ရွေးကောက်ပွဲမှာ မဲပေးမယ်ဆိုရင်
Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Mar 18, 2019
စည်ပင်ကော်မတီဟာ ဒီဝန်ဆောင်မှုတွေကို မြို့နေလူထုအတွက် ဖြည့်ဆည်းပေးတဲ့နေရာမှာ အဓိကကျတဲ့အဖွဲ့အစည်း ဖြစ်ပြီး ဝန်ဆောင်မှုတွေအတွက် မူဝါဒ ချမှတ်ခြင်း၊ လမ်းညွှန်မှုများ ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေအတွက် အဓိက ကျပါတယ်။ ဒီလို အဓိကကျတဲ့ ကော်မတီဝင်တွေကို ရွေးချယ်တဲ့နေရာမှာ စည်ပင်ရဲ့ လုပ်ငန်းတာဝန်တွေကို သိနားလည်ပြီး တကယ်ကို လုပ်ဆောင်နိုင်မယ့်သူကို ရွေးချယ်နိုင်ခြင်းဟာ မြို့တော် တည်ဆောက် ရေးမှာ ပူးပေါင်းပါဝင်ခြင်းလည်း ဖြစ်ပါတယ်။
-
လူထုပါဝင်မှု တိုးပေးဖို့ လိုအပ်နေတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ အသုံးပြုမှု
Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Feb 19, 2019
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အသုံးပြုခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲမှု အခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက တင်ပြတဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အစီရင်ခံစာမှာ မြို့နယ်အလိုက် ဆောင်ရွက်ခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေသုံး စီမံကိန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားရာမှာ အဓိကအားဖြင့် သောက်သုံးရေနှင့် ရေရရှိရေးလုပ်ငန်း၊ ကျေးလက်လမ်းများ/တံတားများ ပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်း၊ အခြားလုပ်ငန်းများဟူ၍ ကဏ္ဍသုံးရပ် ဖော်ပြထားပြီး အခြားလုပ်ငန်းတွေမှာတော့ ပညာရေး၊ ကျန်းမာရေးနှင့် မီးလင်းရေးကဏ္ဍတွေ ပါဝင်ပါတယ်။
-
လွှတ်တော်မှ အတည်ပြုခဲ့သည့် ဘတ်ဂျက် ၂၀၁၈-၁၉
Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Sep 20, 2018
လွှတ်တော်က စက်တင်ဘာ ၁၃ မှာ ဘတ်ဂျက်ကို အတည်ပြုခဲ့ပြီး၊ ဝန်ကြီးဌာနတွေက တင်ပြခဲ့တဲ့ ဘတ်ဂျက်စုစုပေါင်းရဲ့ ၀.၉၂ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၂၀ ဟာ ၂၀၁၈ ဇူလိုင် ၂၃ မှာ စတင်ခဲ့တဲ့ နဝမပုံမှန်အစည်းအဝေးအစကတည်းက ဘတ်ဂျက်အဆိုပြုချက်တွေကို စိစစ်နေခဲ့တာဖြစ်ပါတယ်။
-
လွှတ်တော်ကိုတင်သွင်းထားတဲ့ ၂၀၁၈-၁၉ ဘတ်ဂျက်အဆိုပြုချက်များ
Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Aug 12, 2018
ယခုနှစ် ပြည်ထောင်စုအစိုးရဘတ်ဂျက် အဆိုပြုချက်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးက လွှတ်တော်ကို ၂၃ နဲ့ ၂၅ ဇူလိုင်လတွေမှာ တင်သွင်းခဲ့ပါတယ်။ အခုအချိန်မှာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ဘတ်ဂျက်တွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၁၆ ဖွဲ့က စိစစ်နေပြီး သူတို့ရဲ့ စိစစ်ချက်တွေ စုပေါင်းပြီး၊ မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကို ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့က အစီရင်ခံစာတင်သွင်းကြမှာဖြစ်ပါတယ်။
-
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးအရ လာမည့်နှစ် အစိုးရဘတ်ဂျက်
Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jul 07, 2018
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့တွင် သမ္မတဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ထိုင်ခဲ့ပြီး လာမည့်လွှတ်တော်မှာ တင်သွင်းမယ့် ဘတ်ဂျက်ကို အတည်ပြုဆွေးနွေးခဲ့သည်။
-
ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တွေ ပိုတိုးလာပေမယ့် ကျောင်းတွေ၊ ဆေးခန်းတွေ ပိုကောင်းမလာရခြင်း အကြောင်းရင်း
Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jul 07, 2018
တစ်နှစ်ပြီးတစ်နှစ် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ ပိုပိုသုံးစွဲရေးအတွက် တောင်းဆိုမှုများ၊ တိုက်တွန်းမှုများမှာ မပြတ်ကြားရလေ့ရှိသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် လွှတ်တော်အစိရင်ခံစာတစ်စောင်တွင် “အရေးကြီးသည့် အခြေခံအဆောက်အအုံများနှင့် လူမှုအသုံးစရိတ်များဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး”တို့ကို ပိုမိုသုံးစွဲရန် တိုက်တွန်းထားသည်။
-
ဘာလို့အခွန်ဆောင်သင့်တာလဲ
Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jun 07, 2018
အခုကာလ မြန်မာနိုင်ငံမှာ စကားပြောဆို ဆွေးနွေးကြရင် ကြားရလေ့ရှိတဲ့ မေးခွန်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ လက်ဘက်ရည်ဆိုင်ထိုင်ပြီး နိုင်ငံရေးအကြောင်း၊ အစိုးရအကြောင်း ပြောကြတဲ့အခါ ကြားရတတ်တဲ့ မေးခွန်းဖြစ်ပါတယ်။ “အခွန်ဆောင်ထားလား၊ အခွန်ဆောင်ဖူးလား” ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းနဲ့ ကပ်လျက်မှာ ထပ်ကြားရလေ့ရှိတဲ့ နောက်မေးခွန်းတစ်ခုက “အခွန်လေး နည်းနည်းပါးပါး ဆောင်တာလောက်နဲ့ ဘာလုပ်လို့ရမှာလဲ” ဆိုတာမျိုးပါ။ အဲ့ဒိအတွက်တော့ သတင်းကောင်းတစ်ခုရှိပါတယ်။
အာနန္ဒာ