အာနန္ဒာ

သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုမှသည် အားကောင်းသော ဒီမိုကရေစီသို့

ဒီမိုကရေစီစနစ်တွင် နိုင်ငံသားများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို သတင်းအချက်အလက်အားဖြင့် ခိုင်မာအားကောင်းစေမည်

နောက်ဆုံးဆောင်းပါးများ

ရွေးကောက်ပွဲအလွန် နိုင်ငံရေး အငြင်းပွါးမှုများကို ကျော်လွှားခြင်း

အိုးရွဲ့ကို စလောင်းပဲ့နဲ့ ဖုံးနေကြတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးမှာတော့ အများလက်ခံကျေနပ်မယ့် အဖြေကို ရှာတွေ့ဖို့ မလွယ်ပဲ ရေတိုအနိုင်အရှုံးကိုပဲ ဆက်ပြီး အာရုံစိုက်နေကြမှာပါ။ ဒီအနေအထားမှာ ဘယ်ဘက်အခြမ်းကပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အခြေအနေတစ်ရပ်ရပ်မှာ နစ်နာတယ်လို့ထင်ရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ငါမပြင်ချင်လို့ဖြစ်ရတာ၊ ငါမပြင်နိုင်လို့ဖြစ်ရတာ၊ ငါမပြင်ခဲ့လို့ဖြစ်ရတာဆိုပြီး ကိုယ့်ကိုယ်ကိုယ်သာ လက်ညှိုးထိုး အပြစ်တင်ကြဖို့ ရှိပါတယ်။ နောင်မျိုးဆက်တွေအတွက် ချန်ထားခဲ့ရမယ့် နိုင်ငံရေးအနေနဲ့ကတော့ ဒီဖွဲ့စည်းပုံကို ကျနော်တို့ မဖြစ်မနေ ပြင်ကိုပြင်ရပါမယ်။ ပြင်တဲ့အခါမှာလည်း နိုင်ငံရေး ယန္တရားတွေကို ဘယ်လိုနေရာချမလဲ၊ ဘယ်လိုအပြန်အလှန်ထိန်းကျောင်းစေမလဲဆိုတာကို အလေးထား ပြင်ဆင်ရပါမယ်ဆိုတာ လက်ရှိအခြေအနေတွေကနေ သင်ခန်းစာယူသင့်ပါတယ်။

နှစ်အလိုက် ပြောင်းလဲလာခဲ့သည့် အမျိုးသားရေးဦးတည်ချက် ဇာတ်ကြောင်းများ

ယနေ့ဟာ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့အတွက် အချက် ငါးချက်ပါတဲ့ အမျိုးသားရေးဦးတည်ချက်တွေကိုလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီလို ထုတ်ပြန်ချက်တွေဟာ လွတ်လပ်ရေးနေ့ ရောက်တိုင်း နှစ်စဉ် ထုတ်ပြန်နေကျ ဖြစ်ပြီးတော့ထုတ်ပြန်ချက်ပါ အမျိုးသားရေးဦးတည်ချက်တွေဟာ ကုန်လွန်ခဲ့တဲ့ နှစ်တစ်နှစ်ရဲ့ အဖြစ်အပျက်တွေကို ထင်ဟပ်မှု ရှိသလို လာမယ့် နှစ်အတွက်လည်း အစိုးရရဲ့ ဦးစားပေးမှုတွေကို အတိုင်းအတာတစ်ခုထိ ခန့်မှန်းနိုင်ပါတယ်။

ရွေးကောက်ပွဲနှင့် ကတိကဝတ်စီမံကိန်း (အပိုင်း - ၆)

ခွဲခြားဆက်ဆံမှုတွေ ဆက်လက်ဖြစ်ပေါ်နေရတဲ့ အကြောင်းအရင်းတစ်ခုက လူတိုင်းအတွက် တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ တာ၀န်ယူရတဲ့ အဓိက အဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတော်အစိုးရဟာ ခွဲခြားဆက်ဆံခံရခြင်းနဲ့ ခွဲခြား ဆက်ဆံခံရခြင်းရဲ့ ခံစားချက်ကိုနားလည်နိုင်ခြင်း မရှိတဲ့ အချက်ပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အင်စတီ ကျူးရှင်း အားလုံးကို သက်ကြီးပိုင်း ဗမာလူမျိုး အမျိုးသားတွေက အကြီးအကျယ် လွှမ်းမိုး ဦးဆောင်နေပါတယ်။ အကျိုးဆက် ဥပမာအားဖြင့် လွှတ်တော်က အစိုးရရဲ့ မိတ်ဆွေခရိုနီများကို အထောက် အကူပြုမည့် စီးပွားရေးကိစ္စရပ်များနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပုံမှန် ပြဋ္ဌာန်းခဲ့ပေမယ့်လည်း အမျိုးသမီးတွေကို အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်ဖို့ရာ ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတဲ့အခါမှာ (၈) နှစ်ကျော်ကြာခဲ့သည့်တိုင်အောင် အခုအချိန်ထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးတဲ့အချက် ဖြစ်ပါတယ်။

နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်များ

မြန်မာနိုင်ငံမှာ ဥပဒေတစ်ခု ဘယ်လိုပြု

မြန်မာနိုင်ငံမှာ ဥပဒေတစ်ခု ဘယ်လိုပြု

လွှတ်တော်အစည်းအဝေး မှတ်တမ်းများ

လွှတ်တော်အစည်းအဝေး မှတ်တမ်းများ

ဥပဒေကြမ်း အကြံပြု ပြင်ဆင်ချက်များ

ဥပဒေကြမ်း အကြံပြု ပြင်ဆင်ချက်များ

လစဉ် သတင်းလွှာ ရယူရန် စာရင်းသွင်းပါ