• ဝန်ကြီးချုပ် ခန့်အပ်နိုင်ရုံနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေ ပိုအားကောင်းသွားမှာလား

    Posted in Budget Transparency, Political Institutions on Feb 25, 2019

    လတ်တလောတင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းဟာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေကို ကိုယ့်လွှတ်တော်တွေကနေပြီး ခန့်လို့ရလာတဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရဲ့လုပ်ပိုင်ခွင့်တွေပိုမိုရရှိတယ်လို့ ထင်မြင်ယူဆရပေမဲ့ "ပေးကားပေး၏ မရ" ဆိုသလိုမျိုး ဗဟိုအစိုးရရဲ့ဘဏ္ဍာရေးအရလွှမ်းမိုးမှုတွေက ရှိနေအုံးမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေဟာ သမ္မတနဲ့ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့မျက်နှာကိုကြည့်နေရအုံးမှာ ဖြစ်ပါတယ်။

  • အားနည်းချက်တွေနဲ့ တစ်ကျော့ပြန် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်း

    Posted in Political Institutions on Feb 20, 2019

    နိုင်ငံသားတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံတွေကိုတာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်မယ့် ဥပဒေကို ပြဌာန်းဖို့ ကြိုးစားတာဟာ နိုင်ငံတော်ရဲ့ အာဏာကို မူလပိုင်ရှင်များထံ အပြည့်အဝပြန်လည်ပေးအပ်နိုင်ရန်အတွက် ဆောင်ရွက်ကြခြင်းဖြစ်တဲ့အတွက် ကြိုဆိုရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဥပဒေကြမ်းဟာ အားနည်းချက်တွေရှိနေလို့ အသေအချာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။​

  • ဥပဒေကြမ်းအနှစ်ချုပ် - လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း

    Posted in Political Institutions on Feb 15, 2019

    If the UEC does not find any ground to reject the report and the allegation is considered true, it will ask the voters of the constituency concerned in accord with the law. Until then the alleged MP will have the right to defend themselves in person or through a representative, but he/she will be banned from being elected as the Hluttaw representative from that day to the next Hluttaw period if more than 50pc of the original voters in the constituency agree to recall their MP.

  • ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်လို ခရီးဆက်နိုင်သလဲ

    Posted in Political Institutions on Feb 15, 2019

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဆောလျင်စွာ" ဖွဲ့စည်းနိုင်ရေး အဆိုကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဇန်နဝါရီလ ၅ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းရင်းသားလူနည်းစုပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြပြီး ဖွဲ့စည်းပုံပြင်ရေးကိုပဲ အားလုံးက သဘောတူညီစွာ ဆွေးနွေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

  • နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေက လွှတ်တော်အပေါ်ထားရှိတဲ့ နိုင်ငံသားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်သလား

    Posted in Political Institutions on Feb 04, 2019

    ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ မြှောက်အစည်းအဝေးရဲ့ တတိယမြောက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အရေးကြီးအဆိုတစ်ခုတင်သွင်းခဲ့ပါတယ်။ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်း"ဖို့ ဖြစ်ပါတယ်။ အဲဒီနေ့မတိုင်ခင် တစ်ရက်အလိုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေပြင်ဆင်ဖို့အတွက် လွှတ်တော်မှာ တင်သွင်းမယ်ဆိုတဲ့ အသံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေခဲ့ပြီးဖြစ်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း

    Posted in Political Institutions on Jan 31, 2019

    အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ထံ အစိုးရက ၂၀၁၈ ဇွန်လ ကတည်းက ပေးပို့ထားပြီးဖြစ်ပေမယ့် ဘယ်လွှတ်တော်မှာမှ စဆွေးနွေးခြင်း မရှိသေးပါဘူး။ ဥပဒေကြမ်းမှာ စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ အိမ်ခြံမြေဝန်ဆောင်မှုပေးသူများ ပေါ်ပေါက်လာစေဖို့၊ ဝန်ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုရယူသူအကြား ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ရရှိစေဖို့ဆိုတဲ့အချက်တွေအပြင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်တာကို တွေ့ရပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း

    Posted in Political Institutions on Jan 31, 2019

    အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ထံ အစိုးရက ၂၀၁၈ ဇွန်လ ကတည်းက ပေးပို့ထားပြီးဖြစ်ပေမယ့် ဘယ်လွှတ်တော်မှာမှ စဆွေးနွေးခြင်း မရှိသေးပါဘူး။ ဥပဒေကြမ်းမှာ စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ အိမ်ခြံမြေဝန်ဆောင်မှုပေးသူများ ပေါ်ပေါက်လာစေဖို့၊ ဝန်ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုရယူသူအကြား ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ရရှိစေဖို့ဆိုတဲ့အချက်တွေအပြင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်တာကို တွေ့ရပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အခြေခံပညာရေးဥပဒေကြမ်း

    Posted in Political Institutions on Jan 25, 2019

    အခြေခံပညာရေးရဲ့ ရည်မှန်းချက်အဖြစ် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာရေးကို ပြီးဆုံးသည်ထိတက်မြောက်ရန်၊ နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးအတွက် အခြေခံကောင်းများရရှိစေရန်၊ အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိစေရန်နှင့်လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းအလိုက်ဖြစ်စေ မတူကွဲပြားမှုများအား နားလည်လက်ခံ၍ တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားပြီး ငြိမ်းချမ်းရေးအခြေခံအသိများနှင့်အညီ လက်တွေ့ကျင့်သုံးနေထိုင်တက်သည့် ကမ္ဘာ့နိုင်ငံသားများ ဖြစ်လာစေရန်”ဟု ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - အခြေခံပညာရေးဥပဒေကြမ်း

    Posted in Political Institutions on Jan 25, 2019

    အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ စက်တင်ဘာမှာ ပြဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လမှာ ပြင်ဆင်တဲ့ ဥပဒေကို ထပ်မံအတည်ပြုခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေဟာ ပညာရေးဆိုင်ရာကဏ္ဍအားလုံးကို လွှမ်းခြုံထားတဲ့ ပင်မဥပဒေဖြစ်တဲ့အတွက် အခြေခံပညာရေးကဏ္ဍ၊ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍစတဲ့ ကဏ္ဍတစ်ခုစီအတွက် ဥပဒေတွေ ရေးဆွဲဖို့ လိုအပ်လာခဲ့ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင်ရေးဥပဒေကြမ်း

    Posted in Political Institutions on Jan 15, 2019

    အစိုးရက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားပြီး လွှတ်တော်တွေမှာ မဆွေးနွေးရသေးတဲ့ ဥပဒေကြမ်းတွေထဲမှာ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပေးပို့ထားတဲ့ဥပဒေကြမ်းမှာ ကောင်စီဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်၊ ကော်မတီဖွဲ့စည်းပုံနဲ့လုပ်ငန်း တာဝန်တွေ၊ ဘဏ္ဍာရေးဆိုင်ရာတွေသာ အသေးစိတ်ပါဝင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။