• သမ္မတမိန့်ခွန်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တရားမျှတမှုဆိုင်ရာ အယူအဆများ

    Posted in Political Institutions on Jul 18, 2019

    မေလ ၂၄ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်က လွှတ်တော်အမတ်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေကို မိန့်ခွန်းပြောကြားရာမှာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိနိုင်ဖို့အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ရေး အဓိကထားပြောသွားခဲ့ပါတယ်။ အထူးသဖြင့် သမ္မတက တရားမျှတမှုဆိုတဲ့ စကားလုံးတွေကို ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်ကို တွေ့ ရှိနိုင်သည်။ သမ္မတ ဦးဝင်းမြင့်ဟာ မဏ္ဍိုင်သုံးရပ်မှ အရာရှိတွေကို မိန့်ခွန်းပြောကြားသည် အခါတိုင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးကို သွားရောက်တဲ့ ခရီးစဉ်တိုင်းမှာ ဒီစကားလုံးတွေကို မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိတာကိုလည်း တွေ့ရှိရပါတယ်။

  • ပါတီအလိုက် တင်သွင်းသည့် ဖွဲ့စည်းပုံ ပြင်ဆင်ချက်များ

    Posted in Political Institutions on Jul 15, 2019

    ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။ အစီရင်ခံစာကို ဖတ်ကြားတင်ပြရာမှာ ပါတီအလိုက် တင်သွင်းထားတဲ့ အဆိုပြချက်တွေကိုလည်း ဖော်ပြခဲ့ပါတယ်။ ဒီဂရပ်မှာတော့ ပါတီအလိုက်တင်သွင်းခဲ့တဲ့ ပြင်ဆင်ချက်အရေအတွက်တွေကို ဖော်ပြထားပါတယ်။

  • သတ်မှတ်မှုဘောင်အတွင်း ဝင်လာမှ အားကောင်းမောင်းသန်ဖြစ်လာမယ့် ကုန်သွယ်မှုဆိုင်ရာ ဘေးကင်းရန်ကာလုပ်ထုံး

    Posted in Political Institutions on Jul 09, 2019

    ပြည်တွင်းရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကြီးထွားလာဖို့ အချိန်ကာလပေးချင်တယ်လို့ ဆိုထားတဲ့အတွက် အစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သတ်မှတ်မှုဘောင်ပြင်ပက စီးပွားရေးလုပ်ငန်းကဏ္ဍ (Informal Economic Sector) ရဲ့ပမာဏဟာ သတ်မှတ်မှုဘောင်အတွင်းက စီးပွားလုပ်ငန်းကဏ္ဍ (Formal Economic Sector) နဲ့ ယှဉ်ရင် အတော့်ကို ကြီးမားနေတာကို သတိထားရပါမယ်။

  • ဥပဒေကြမ်း အနှစ်ချုပ် - မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်း

    Posted in Political Institutions on Jun 27, 2019

    ဘူမိသိပ္ပံပညာနဲ့ အသုံးချဘူမိသိပ္ပံပညာရပ်တွေ ခေတ်မီတိုးတက်လာစေဖို့၊ ဘူမိသိပ္ပံပညာရှင်တွေရဲ့ ကျင့်ဝတ်နဲ့ အရည်အသွေးတွေကို ထိန်းသိမ်းမြှင့်တင်ဖို့၊ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာစေဖို့နဲ့ ဒေသဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာအစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်တယ်လို့ ဥပဒေကြမ်းက ဆိုထားပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကြမ်း

    Posted in Political Institutions on Jun 22, 2019

    အမျိုးသားမှတ်တမ်းနဲ့မော်ကွန်းဦးစီးဌာနဟာ မှတ်တမ်းနဲ့မော်ကွန်းတွေရဲ့ လုံခြုံမှုသက်တမ်းကုန်ဆုံးပေမယ်လို့ လိုအပ်ရင် ဖတ်ရှု့ကိုးကားမှုကို ခွင့်မပြုဘဲ ထားနိုင်ပါတယ်။ ဌာနဆိုင်ရာသုတေသီတွေအနေနဲ့ လုံခြုံမှုအဆင့်ရှိ မှတ်တမ်းနဲ့မော်ကွန်းတွေ အသုံးပြုလိုပါက သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်းအကြီးအကဲရဲ့ ထောက်ခံစာပါရှိရမှာဖြစ်ပြီး၊ ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ထား ချက်နဲ့အညီ ခွင့်ပြုနိုင်ပါတယ်။ ဘယ်သူမဆို မှတ်တမ်းနဲ့မော်ကွန်းတွေကို ပုံနှိပ်ထုတ်ဝေလိုရင် ဒါမှမဟုတ် မိတ္တူကူးယူလိုရင် ညွှန်ကြားရေးမှူးချုပ်ရဲ့သဘောတူညီချက်ရယူပြီး သတ်မှတ်ထားတဲ့ အခကြေး ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။ဒါအပြင် ပုံနှိပ်ထုတ်ဝေခြင်းအတွက် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာပါမယ်ဆိုတဲ့ ကတိခံ ဝန်ချက်ပါရှိရပါ

  • သတင်းတွေရဲ့ နောက်ကွယ်က ဥပဒေ - အလုပ်ခွင်ပြင်ပမှာ ဆရာဝန်တွေ ဘယ်လိုဝတ်သင့်တယ်ဆိုတာကို အစိုးရက ဝင်ရောက်စွက်ဖက်ခွင့်ရှိသလား

    Posted in Political Institutions on Jun 22, 2019

    အာနန္ဒာအနေနဲ့ ဒီငြင်းခုံမှုမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဝင်ရောက်ဆုံးဖြတ်ပေးဖို့ ရည်ရွယ်ရင်းမရှိပါဘူး။ ကျွန်တော်တို့ စိတ်ဝင်စားတာက ဆေးကောင်စီ ဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ဘယ်ဥပဒေက ခွင့်ပြုပေးထားသလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ အမှန်တကယ် ဆောင်ရွက်ခြင်း ဖြစ်ပါသလား၊ ဥပဒေက ဘယ်လို ပြောထားသလဲ စတဲ့ အချက်တွေကို စိတ်ဝင်စားပါတယ်။

  • မှတ်တမ်းနဲ့မော်ကွန်းဥပဒေကြမ်းကို ဘာလို့စိတ်ဝင်စားသင့်တာလဲ

    Posted in Political Institutions on Jun 21, 2019

    မှတ်တမ်း နဲ့ မော်ကွန်းတွေကို ပြည်သူတွေ သိရှိခြင်းအားဖြင့်လည်း အစိုးရတွေဟာ သူတို့ရဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်တဲ့ အခါတိုင်းမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် ဖြစ်လာစေဖို့အတွက် ကြိုးစားအားထုတ်လာနိုင်ပါတယ်။ မော်ကွန်းတွေဟာ အစိုးရပွင့်လင်းမြင်သာမှုရဲ့ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေအတွက် ပိုမိုကောင်းမွန်လာစေမယ့် အနေအထားလည်း ဖြစ်ပြီး၊ နိုင်ငံသားတွေအတွက် သတင်းအချက်အလက် ရရှိနိုင်မှုကို ပိုမိုလွယ်ကူစေပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - မြန်မာနိုင်ငံဆေးပညာရပ်များဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ

    Posted in Political Institutions on Jun 19, 2019

    လွှတ်တော်ကို ပေးပို့ထားတဲ့ ဥပဒေကြမ်းအရ ရန်ကုန် တက္ကသိုလ်တစ်ခုတည်းက ပေးအပ်ပိုင်ခွင့်ရှိတဲ့ ဆေးပညာရပ်ဆိုင်ရာဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေကို ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေအရ တည်ထောင်တဲ့ တက္ကသိုလ်တွေ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းတွေအပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေကပါ ပေးအပ်ပိုင်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။

  • စက်မှုဇုန်ဥပဒေကြမ်းကို ပိုကောင်းလာဖို့ ဘာတွေလိုမလဲ

    Posted in Political Institutions on Jun 19, 2019

    နိုင်ငံအများအပြားမှာ အထူးစီးပွားရေးဇုန်တွေကို အစိုးရက ဖန်တီးဖော်ထုတ်နိုင်တဲ့ ဥပဒေတွေ ရှိကြပါတယ်။ ဒီဥပဒေတွေရဲ့ ရည်ရွယ်ချက်က သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ လုပ်ငန်းတွေထူထောင်ဖို့အတွက် အခွန်နှုန်းထားတွေ လျော့ချပေးခြင်း၊ ကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံတွေ တည်ထောင်ပေးခြင်းနဲ့ ကုန်ကြမ်းတွေ၊ လုပ်အားတွေကို အလွယ်တကူ ရရှိစေနိုင်ဖို့ ဖန်တီးပေးခြင်း၊ ဒီစီးပွားရေး လုပ်ငန်းတွေ ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ဖို့ အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းနဲ့ ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

  • ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအပေါ် စွမ်းဆောင်ရည်နဲ့ အကဲဖြတ်ကြည့်ခြင်း

    Posted in Budget Transparency, Political Institutions on Jun 12, 2019

    ဘဏ္ဍာနှစ်ဝက် (၆) လပတ် ကာလ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အားရလောက်စရာ မကောင်းတာကို အချက်အလက်တွေက ဖော်ပြနေပါတယ်။ (၆) ပတ်ကာလအတွင်း တည်ဆောက်ရေးနဲ့ လုပ်ငန်းစီမံကိန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လုံးလုံး မလုပ်ဆောင်နိုင်ထားသလို ဆောင်ရွက်ပြီးနဲ့ ဆောင်ရွက်ဆဲ လုပ်ငန်းတွေရဲ့ အသုံးစရိတ်ကလည်း ခွင့်ပြုပေးထားငွေရဲ့ ၂၂.၆၆ % ပဲ ရှိနေပါသေးတယ်။