• ဥပဒေကြမ်းအနှစ်ချုပ် - ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 11, 2019

    ဥပဒေကြမ်းဟာ မော်တော်ယာဉ်တွေကို ဥပဒေနဲ့အညီ မှတ်ပုံတင်ဖို့ နဲ့ ယာဉ်မောင်းလိုင်စင် ထုတ်ပေးဖို့ မော်တော်ယာဉ်ကြောင့် လေထု၊ ရေထု၊ မြေထု ညစ်ညမ်းတာ နဲ့ အသံဆူညံတာတွေ လျော့နည်းစေဖို့ ယာဉ်မတော်တဆ ဖြစ်တာတွေ ကျဆင်းလာစေဖို့ ရည်ရွယ်ပါတယ်။

  • ပဲခူးတိုင်းဒေသကြီး အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေး ဥပဒေကြမ်းပါ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များ

    Posted in Legislative Analysis on Sep 09, 2019

    ဥပဒေပါ ရည်ရွယ်ချက်တွေ လုပ်ဆောင်နိုင်ဖို့အတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်တာ တွေ့ရပေမယ့် တိုင်းဒေသကြီးကြပ်မှုကော်မတီရဲ့ လုပ်ပိုင်ခွင့်ကသာ လွှမ်းမိုးထားပါတယ်။ တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီကို အစိုးရအဖွဲ့ရဲ့ သဘောတူညီမှုနဲ့ ဖွဲ့စည်းရပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးဆောင်ပါတယ်။ ကော်မတီရဲ့ လုပ်ကိုင်ခွင့်နဲ့ တာဝန်တွေ ဥပဒေကြမ်းမှာ ပါရှိပေမယ့် ကော်မတီဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို တာဝန်ယူ ဆောင်ရွက်တဲ့ ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တာဝန်ခံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးကို ထည့်သွင်းထားတာ မတွေ့ရပါဘူး။

  • ပဲခူးတိုင်းဒေသကြီးအကျိုးတူပူးပေါင်းလယ်ယာစနစ် ဥပဒေကြမ်း သုံးသပ်ချက်

    Posted in Legislative Analysis on Sep 09, 2019

    နောက်ဆုံး ပြဿနာ တစ်ခုကတော့ ပဲခူးတိုင်းဒေသကြီး အစိုးရက ချဉ်းကပ်ခဲ့တဲ့ နည်းလမ်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်နေတဲ့ နည်းလမ်းနဲ့ ကွဲပြားနေတာကိုလည်း တွေ့ရပြီး အထူးသဖြင့် စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ကွဲလွှဲနေတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ ချဉ်းကပ်ပုံ နည်းလမ်းက စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်း (SOP) ကို ဖော်ထုတ်တည်ဆောက်ပြီး အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်မယ်ဆိုရင် အစိုးရက ကြားဝင် ကြပ်မတ်ပေးမယ့်ပုံစံ ဖြစ်ပါတယ်။

  • အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေး ဥပဒေကြမ်းတစ်ရပ်အတွက် ထည့်သွင်းစဉ်းစားရန် အချက်များ

    Posted in Legislative Analysis on Sep 09, 2019

    အကျိုးတူပူးပေါင်းလယ်ယာ လိုမလို၊ ကောင်းမကောင်းဆိုတာကို ဒီအချိန်မှာ ငြင်းခုန်တာထက် အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို ဆောင်ရွက်ကြမယ်ဆိုရင် ကုမ္ပဏီ၊ လယ်သမားနဲ့ ရပ်ရွာဘက်က ရရမယ့် အခွင့်အရေးနဲ့ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ကာကွယ် စည်းကြပ်ပေးတဲ့ ဥပဒေကြမ်းဖြစ်ရေးကို ဦးတည်သင့်ပါတယ်။ ဒီအချက်ကို အာရုံပြုပြီး ဒီစနစ်ရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 04, 2019

    ကောင်စီရဲ့လုပ်ပိုင်ခွင့်ဖြစ်တဲ့ မှတ်ပုံတင်ပယ်ဖျက်ခြင်းကိစ္စရပ်ကို သေချာသုံးသပ်သင့်ပါတယ်။ မှတ်ပုံတင်ပယ်ဖျက်ခွင့်ကို ကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ လမ်းမဆုံးသင့်ပဲ နစ်နာသူအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒါမှမဟုတ် တရားရုံးထိ အယူခံဝင်ခွင့် ဆက်လက်လျှောက်ထားခြင်းကို ထည့်သွင်းထားသင့်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 04, 2019

    မှတ်ပုံတင်စာရင်းပယ်ဖျက်ခံရခြင်းအတွက် ပြန်လည်လျှောက်ထားနိုင်မှု ကို ထပ်တိုးထည့်သွင်းထားပါတယ်။ မူလဥပဒေအရဆိုရင် မှတ်ပုံတင်ဆရာဝန်တစ်ဦးကို မူးယစ် ဆေးဝါးသုံးစွဲမှု၊ ပြစ်မှုကျူးလွန်မှု၊ ကျင့်ဝတ်သိက္ခာပျက်ကွက်မှုတို့ကြောင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ပြီး ပြန်လည်လျှောက်ထားခွင့်အတွက် ပြဋ္ဌာန်းချက် ပါရှိမထားပါဘူး။ ဒီပြင်ဆင်ချက်ဥပဒေကြမ်းအရဆိုရင် အဆိုပါဆရာဝန်တွေဟာ ပြန်လည်ပြုပြင်ပြီးပါက ဆရာဝန်မှတ်ပုံတင် ပြန်လည်လျှောက်ထားနိုင်ပြီး ကောင်စီကလည်း စီစစ်၊ စစ်ဆေး၊ သုံးသပ်ကာ ပြန်လည်ထုတ်ပေးတာတွေလုပ်နိုင်မှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 03, 2019

    လတ်တလော မြန်မာနိုင်ငံမှာ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်မီး ဖြစ်ပွားနေတဲ့အတွက် စစ်အတွင်း ပိတ်မိခံစားနေရတဲ့ ဒေသခံတွေ၊ နေရပ်စွန့်ခွာပြည်သူတွေ၊ ဌာနေတိုင်းရင်းသားတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေက နှောင့်နှေးကြန့်ကြာမှုတွေ ရှိမနေသင့်ပါဘူး။ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေရင် မလိုလားအပ်တဲ့ လူမှုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တာကို သတိချပ်သင့်ပါတယ်။ ဒါကြောင့် အကာအကွယ်ပေးရေး အမှတ်အသား အသုံးပြုခြင်းမျိုးကို မြန်မြန်ဆန်ဆန် ဖြစ်လာစေဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနကဖြစ်ဖြစ် ဒါမှမဟုတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဖြစ်ဖြစ် တစ်ခုတည်းကသာ အမှတ်အသားအသုံးပြုခွင့် ထုတ်ပေးသင့်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Aug 29, 2019

    ၂၀၁၉ ခုနှစ်မှာ တင်သွင်းတဲ့ ဥပဒေကြမ်းကတော့ ၂၀၁၈ ခုနှစ်က ဥပဒေကြမ်းကို ထပ်မံပြင်ဆင်ပြီး တင်သွင်းလာတာ ဖြစ်တယ်လို့ ယူဆနိုင်ပြီး ဥပဒေပုဒ်မတွေ လျော့နည်းသွားကာ ပိုမိုစနစ်ကျလာတာကိုလည်း တွေ့နိုင်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ စာချုပ်စာတမ်းတွေကို အများပြည်သူသိအောင် ချပြမယ်လို့ ဥပဒေကြမ်း ထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့အတွက် ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာအဖွဲ့တွေ ဝေဖန် နေတဲ့အ‌ပေါ် ဖြေရှင်းဖို့ ကောင်းမွန်တဲ့ ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း ဥပဒေကြမ်းထဲမှာ ထောက်ပြစရာအချက်လေးတွေ ရှိပါတယ်။

  • ပဲခူးတိုင်းဒေသကြီး အကျိုးတူပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Aug 27, 2019

    မြေငှားရမ်းဆောင်ရွက်သည့် စနစ်မှာ လုပ်ငန်းရှင်က လယ်သမားအစုအဖွဲ့ထံက မြေငှားပြီး တစ်ကွင်းတစ်စပ်တည်း မြေယာပြုပြင်ကာ စိုက်ပျိုးထုတ်လုပ် ရိပ်သိမ်းပြီးသည်အထိ ဦးဆောင်စီမံခန့်ခွဲလုပ်ဆောင်မှာ ဖြစ်ပါတယ်။ လယ်သမားတွေက မြေကို ရှယ်ယာအဖြစ် ထည့်ဝင်ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုခုမှာ လယ်သမားတိုင်းက ပါဝင်လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ ရရှိတဲ့ ထုတ်ကုန်တန်ဖိုးကနေ မြေနဲ့ လုပ်အား ထည့်ဝင်မှုအပေါ် အချိုးကျ အကျိုးခံစားတဲ့ စနစ် ဖြစ်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Aug 21, 2019

    မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို နိုင်ငံတော်ရဲ့ ရေနံလုပ်ကွက်တွေမှာ ရေနံလုပ်ငန်းတစ်ရပ် ဒါမှမဟုတ် တစ်ရပ်ထက်ပိုပြီး လုပ်ကိုင်ဖို့ ဝန်ကြီးဌာနက ခွင့်ပြုနိုင်ပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ လုပ်ငန်းတွေကို မိမိဘာသာ လုပ်ကိုင်နိုင်သလို ပြည်ထောင်စုအစိုးရ အတည်ပြုချက်ရယူပြီးလည်း ကုမ္ပဏီ၊ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။