• ဥပဒေကြမ်းအနှစ်ချုပ်- ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Aug 20, 2019

    ဥပဒေကြမ်းမှာ တားမြစ်ချက်တွေလည်း ပါရှိပြီး ပြစ်မှုပြစ်ဒဏ်အနေနဲ့ အများဆုံး ထောင်ဒဏ်နှစ် နှစ်ဆယ်ထိ သတ်မှတ်ထားတာမျိုး တွေ့ရပြီး ကြက်ခြေနီအမှတ်အသား၊ လခြမ်းနီအမှတ်အသားနဲ့ ခရစ္စတယ်နီ အမှတ်အသားတွေနဲ့ အမည်တွေကို တုပသုံးစွဲပြီးဖြစ်စေ၊ ဘယ်သာသာနဲ့မဆို ဘာသာပြန်သုံးစွဲရင်ဖြစ်စေ အသုံးပြုသူတွေဟာ သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဈေးကွက်ကနေ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်အတွင်းမှာ ပြန်လည်သိမ်းဆည်းရမှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Aug 15, 2019

    ဝန်ကြီးဌာနဟာ တိရစ္ဆာန်ကူးစက်ရောဂါတွေကို အခါအားလျော်စွာ သတ်မှတ်ကြေညာရပါမယ်။ ဦးစီးဌာနအနေနဲ့တော့ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး နဲ့ ထိန်းချုပ်ရေး၊ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး လျင်မြန်စွာ ကြေညာခြင်း နဲ့ အခြားဆက်စပ်အဖွဲ့တွေနဲ့ ညှိနှိုင်းခြင်း တို့ လုပ်ဆောင်နိုင်ပါတယ်။ မွေးမြူသူဟာ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး သံသယဖြစ်ရင် ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ အမြန်ဆုံး သတင်းပေးပို့ရပါမယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေလည်း အဆိုပါကိစ္စရပ်အတွက် သံသယရှိရင် နီးစပ်ရာဦးစီးဌာနကို အမြန်ဆုံးအသိပေးအကြောင်းကြားရပါမယ်။

  • ဥပဒေကြမ်းမိတ်ဆက် - တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Aug 15, 2019

    ၁၉၉၃ ခုနှစ်၊ တိရစ္ဆာန်ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေဟာဆိုရင် ၂၀၁၀ ခုနှစ်မှာ ပြင်ဆင်ချက်ဥပဒေ ထွက်ရှိခဲ့ပြီး ထူးခြားချက်အနေနဲ့ ပြင်ဆင်ချက်ထဲမှာတော့ ပျားမွေးမြူရေးအတွက် သီးခြားပုဒ်မတွေ ထပ်ထည့်ခဲ့ပါတယ်။ ဒါဟာဆိုရင် အရှိန်ရလာနေတဲ့ မြန်မာ့ပျားမွေးမြူရေးလုပ်ငန်းကို ထိန်းကျောင်းမြှင့်တင်ပေးဖို့လို့ ယေဘုယျယူဆနိုင်ပြီး လက်ရှိဥပဒေကြမ်းမှာလည်း ပျားမွေးမြူရေးအတွက် ထိန်းကျောင်းပေးမယ့် ပုဒ်မတွေ ထပ်မံပါရှိလာပါတယ်။

  • ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ ပြင်ဆင်ဖို့ကြိုးစားခြင်းနောက်ကွယ်က နိုင်ငံရေးဝိရောဓိ

    Posted in Legislative Analysis, Political Institutions on Aug 07, 2019

    ကြားဖြတ်ရွေးကောက်ပွဲတွေ ပြုလုပ်ရခြင်းရဲ့ အနှစ်သာရက လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေမှာရှိတဲ့ မဲဆန္ဒရှင်တွေအတွက် ကိုယ်စားပြုမှုကို ပြန်လည်ရရှိစေဖို့ဆိုတဲ့ အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ရပ် ပါရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရတဲ့ အနှစ်သာရကို မစဉ်းစားဘဲ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ သတ်မှတ်ထားသော တိကျတဲ့ အချိန်ကာလအပိုင်းအခြားတစ်ခုကို ဖြုတ်လိုက်ပြီး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲ ပေးအပ်လိုက်ခြင်းဟာ မူလရည်ရွယ်ချက်တွေအပေါ်မှာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က လွှမ်းမိုးလိုက်သလိုမျိုး ဖြစ်နေပါတယ်။

  • ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ အစီရင်ခံစာဆွေးနွေးမှု ဒုတိယမြောက်နေ့ ပါတီအလိုက် ဆွေးနွေးမှု ရှု့ထောင့်များ

    Posted in Legislative Analysis, Political Institutions on Aug 02, 2019

    ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဆွေးနွေးမှုမှာတော့ ကော်မတီရဲ့ အစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ခြင်းအခန်းရှိ ပြဋ္ဌာန်းချက်များဖြင့်သာ ပြင်ဆင်မည်ဟု ဖော်ပြထားရာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အချိန်ဇယား တိတိကျကျ သတ်မှတ်ရန်လိုအပ်ကြောင်းနဲ့ ပြင်ဆင်ခြင်းဆိုင်ရာ ပုဒ်မ ၄၃၆ (က) အရ ပြင်ဆင်ရန်လိုအပ်တဲ့ ပုဒ်မတွေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမှာ ဖြစ်တာ‌‌ကြောင့် အချိန်မလုံလောက်နိုင်ပါကြောင်း

  • ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ ဆွေးနွေးမှု ပထမနေ့ ပါတီအလိုက် ဆွေးနွေးမှုရှုထောင့်များ

    Posted in Legislative Analysis, Political Institutions on Jul 31, 2019

    ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ပထမဆုံးဆွေးနွေးတဲ့နေ့မှာ ပါတီ (၅)ပါတီမှ ကိုယ်စားလှယ် (၁၇)ဦး ဆွေးနွေးခဲ့ပြီး၊ ပူးပေါင်းကော်မတီနဲ့ အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွှတ်လို့ ကန့်ကွက်တဲ့ ကိုယ်စားလှယ်တွေရယ်၊ ထောက်ခံဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေရယ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာပါ ပြင်ဆင်ချက်တွေကို ဆွေးနွေးခဲ့တဲ့ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးသဘောတူညီမှုလိုအပ်ကြောင်းကို ထည့်သွင်း ထောက်ပြဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေရယ်ဆိုပြီး ကွဲပြားခဲ့တာကို တွေ့ရပါတယ်။

  • ၇၀ % ကျော် တရားမဝင်တဲ့ ငါးမွေးမြေပြဿနာနဲ့ ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Jul 29, 2019

    အစိုးရအနေနဲ့ ငါးမွေးမြူရေးကဏ္ဍ တိုးတက်ဖို့ဆိုရင် လတ်တလော စိန်ခေါ်ချက်တစ်ခုဖြစ်တဲ့ လ.န.ရ ၃၉ မရှိသေးဘဲ လုပ်ကိုင်နေတဲ့ ငါးမွေးမြူရေးမြေတွေကို တရားဝင်ဖြစ်လာအောင် အမြန်ဆုံး လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ တရားဝင် ငါးလုပ်ငန်းမြေတွေ ဖြစ်ဖို့အတွက် လျှောက်ထားမှုတွေမှာ ကန့်သတ်ချက်တွေ ဖြစ်နေတဲ့အချက်တွေကိုလည်း ပြန်လည်စိစစ် ဖြေလျှော့ပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒီလိုဖြေလျှော့ရာမှာ ဆက်စပ်နေတဲ့ မြေယာစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ဆက်စပ်သုံးသပ်သင့်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - ငါးမွေးမြူရေးဆိုင်ရာဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Jul 29, 2019

    စစ်ဆေးရေးမှူးဟာ ငါးလုပ်ငန်းဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု၊ ငါးလုပ်ငန်းဆိုင်ရာနေရာနဲ့အဆောက်အအုံတွေထဲကို သတ်မှတ်ချက်နဲ့အညီ ဝင်ရောက်စစ်ဆေးရှာဖွေနိုင်ပြီး၊ ဥပဒေပါပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်တာရှိခဲ့ရင် ဖမ်းဆီးခြင်းနဲ့ အရေးယူခြင်းလည်း လုပ်ဆောင်နိုင်ပါတယ်။

  • မှတ်တမ်းနဲ့မော်ကွန်းဥပဒေကြမ်းကို ဘာလို့စိတ်ဝင်စားသင့်တာလဲ

    Posted in Legislative Analysis, Political Institutions on Jun 21, 2019

    မှတ်တမ်း နဲ့ မော်ကွန်းတွေကို ပြည်သူတွေ သိရှိခြင်းအားဖြင့်လည်း အစိုးရတွေဟာ သူတို့ရဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်တဲ့ အခါတိုင်းမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် ဖြစ်လာစေဖို့အတွက် ကြိုးစားအားထုတ်လာနိုင်ပါတယ်။ မော်ကွန်းတွေဟာ အစိုးရပွင့်လင်းမြင်သာမှုရဲ့ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေအတွက် ပိုမိုကောင်းမွန်လာစေမယ့် အနေအထားလည်း ဖြစ်ပြီး၊ နိုင်ငံသားတွေအတွက် သတင်းအချက်အလက် ရရှိနိုင်မှုကို ပိုမိုလွယ်ကူစေပါတယ်။