• ဥပဒေကြမ်းမိတ်ဆက် - မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Oct 09, 2019

    ဥပဒေကြမ်းအရ ပေါ်ပေါက်လာမယ့် မြန်မာ့ဆက်သွယ်ရေးကော်မရှင်ကို ဦးဆောင်မယ့် ပုဂ္ဂိုလ်ဟာ ပြည်ထောင်စုအဆင့်၀န်ကြီးဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်တွေက ဒုတိယဝန်ကြီးအဆင့် ဖြစ်နေပါတယ်။ ဒီအတွက် ကော်မရှင်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဌာန၀န်ကြီးတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေက ထပ်နေမလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

  • ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တင်ဖို့လိုတဲ့ ငြိမ်း/စု/စီ နဲ့ နော်အုန်းလှ အမှု

    Posted in Legislative Analysis on Oct 03, 2019

    နော်အုံးလှတို့အမှုကို ငြိမ်း/စု/စီ ဥပဒေပုဒ်မ (၂၀) နဲ့ စီရင်ချက်ချမှတ်ပြီးသွားပေမယ့် ချမှတ်တဲ့ ပြစ်ဒဏ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးဆိုင်ရာနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်ပေးတဲ့ဥပဒေတွေကို ကျော်လွန်နေသလားဆိုတာ ပြန်လည်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စရပ်ကို လုပ်ဆောင်ရမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးပဲ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Oct 03, 2019

    “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်း” ရှိသူကို ခန့်အပ်ခွင့်ဟာ "နိုင်ငံတော်သမ္မတက ရွေးချယ်သူတွေ" အတွက်လို့ အတိအကျ ပြဌာန်းထားတာကို ဖွဲ့စည်းပုံနဲ့ ကိုက်ညီစေဖို့အတွက် "နိုင်ငံတော်သမ္မတက ယူဆသူ" လို့ ပြင်ဆင်လာတယ်လို့ ယူဆလို့ ရပါတယ်။

  • ဥပဒေကြမ်းဆန်းစစ်မှု - အမျိုးသားစာကြည့်တိုက်ဥပဒေမူကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 27, 2019

    အမျိုးသားစာကြည့်တိုက်ဥပဒေကြမ်းအနေနဲ့ အားသာချက်အချို့ ပါဝင်တယ်ဆိုပေမယ့် စာကြည့်တိုက်တွေအားလုံးကို လွှမ်းခြုံနိုင်တဲ့ အခြေအနေတစ်ရပ် မပါရှိသလို အခြားအားနည်းချက်တွေ အပါအဝင် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေလည်း ရှိနေပြီး အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်းဥပဒေနဲ့လည်း စပ်ဆက်စဉ်းစားဖို့ လိုအပ်နေပါတယ်။ အကြံပြုချက်တွေအနေနဲ့ အခုဥပဒေကြမ်းဆန်းစစ်မှုမှာ ဖော်ပြထားပြီး ဒီ့ထက်ကောင်းမွန်တဲ့ အကြံပြုချက်မျိုးကိုလည်း အာနန္ဒာကို စာမူတွေ ပေးပို့နိုင်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ဥပဒေမူကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 26, 2019

    ရွေးချယ်ရေးကော်မတီဟာ ဖွဲ့စည်းပြီး ရက်ပေါင်း (၃၀)အတွင်း ကော်မရှင်အဖွဲ့ဝင်လောင်းစာရင်းကို သမ္မတထံ တင်ပြရမှာ ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်လောင်းတွေနဲ့ ပတ်သက်ရင် စည်းကမ်းတွေ သတ်မှတ်ထားပြီး ရွေးချယ်ရေးကော်မတီဟာ အဖွဲ့ဝင်လောင်းအဆိုပြုလွှာတွေကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်နဲ့ သတင်းမီဒီယာတွေကတဆင့် ခေါ်ယူရမှာ ဖြစ်ပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အဖွဲ့ဝင်လောင်း ခုနှစ်ဦးကနေ ဆယ်ဦးထိ အမည်စာရင်းကို သမ္မတထံ ပေးပို့ရမှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - အမျိုးသားစာကြည့်တိုက်ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 19, 2019

    ၁၉၆၄ ခုနှစ် ဥပဒေထဲမှာပါရှိတဲ့ စာကြည့်တိုက်ဆိုတဲ့ စကားရပ်အရ အများပြည်သူတွေအတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ စာကြည့်တိုက်တွေ ပါဝင်တယ်လို့ ဆိုထားတဲ့အတွက် အမျိုးသားစာကြည့်တိုက်လည်း အကျုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ အမျိုးသားစာကြည့်တိုက်ကို စီမံခန့်ခွဲဖို့ သီးသန့်ဥပဒေမရှိသေးဘဲ အမျိုးသားစာကြည့်တိုက်ဥပဒေမူကြမ်း အတည်ဖြစ်လာရင်တော့ ပထမဆုံးသီးသန့်ဥပဒေဖြစ်လာမှာ ဖြစ်ပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - အမျိုးသားစာကြည့်တိုက်ဥပဒေ မူကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 17, 2019

    အဖွဲ့အစည်းအသီးသီးရဲ့ ပုံနှိပ် ဒါမှမဟုတ် ပုံနှိပ်မဟုတ်တဲ့ စာပေအနုပညာပစ္စည်းတွေ ထုတ်ဝေပြီး တစ်လအတွင်း အရေအတွက် (၅) ခုကို အမျိုးသားစာကြည့်တိုက်ဆီ အခမဲ့ပေးပို့ရပါမယ်။ ပုံနှိပ်သူ၊ ထုတ်ဝေသူနဲ့ ဖြန့်ချိသူတွေဟာ စာအုပ်ထုတ်ဝေရာမှာ အမျိုးသားစာကြည့်တိုက်က ပြုစုပေးတဲ့ CIP ကို ဖြစ်စေ၊ စာအုပ်နဲ့ စာနယ်ဇင်းတွေအတွက် ISBN နဲ့ ISSN ဖြစ်စေ ဖော်ပြပေးရပါမယ်။

  • အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး ဥပဒေ ဘာကြောင့် မပြဌာန်းသင့်တာလဲ

    Posted in Legislative Analysis on Sep 13, 2019

    အစားအသောက်က ကျွန်တော်တို့ ယဉ်ကျေးမှုပါ။ မှိုနတို၊ လယ်ပတူ၊ ကန်ဇွန်း၊ ပုဇွန်စာ တွေကို သူတို့ရဲ့ တစ်ဆက်တည်းတကွင်းတည်း စိုက်ကွင်းကြီးတွေမှာ ဘယ်လိုရှာကြမလဲ။ ကျွန်တော်တို့က အဲဒီ ကွင်းကြီးတွေထဲ မဆိုင်လို့ကတော့ ဝင်လို့တောင် ရမှာ မဟုတ်။ ငါးရှာ၊ ဖားရှာ၊ ပုဇွန်လုံးနှိုက်၊ ငါးရှဉ့်ထောင်၊ ကြွက်ထောင် လုပ်နေကြ လယ်ကန်သင်းရိုးတွေကလဲ ဧရာမစိုက်ခင်းကြီးတွေအောက်မှာ ပြောင်တလင်းခါကြတော့မယ်။ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး ဆိုတာကြီးက တစ်မျိုးတည်း စိုက်ဖို့များတာကိုး။ တစ်မျိုးတည်း လုပ်ရင်တော့ အမျိုးမျိုးတွေက ကွယ်ပျောက်ရမှာပါ။ ကျွန်တော်တို့ရဲ့ အမျိုးမျိုးသော စားစရာတွေ ရှားပါးကုန်မှာပါ။ မုန့်ဆီကြော်၊ မုန့်လုံးရေပေါ်၊ မုန့်ဆမ်း၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆိုင်းတွေ က ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု။ ပဲနက် တွေနဲ့ အရဿာရှိစေတဲ့ကောက်ညှင်းဆိုင်း၊ ငှက်ပျောဖတ်၊ ထန်းဖူးရွက်နု၊ ကြံရွက်တွေနဲ့ ထုတ်ပိုးရတဲ့ ကောက်ညှင်းဆိုင်း၊ ဝါးနှီးလေးနဲ့ ချည်တုတ်ရတဲ့ ကောက်ညှင်းဆိုင်း၊ အများအတူ ကူညီဝိုင်းဝန်း ဝေငှကြတဲ့ ကောက်ညှင်းဆိုင်းတွေလဲ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးမှာ ရှိမှာ မဟုတ်တော့ပါဘူး။

  • ဥပဒေကြမ်းမိတ်ဆက် - ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်း

    Posted in Legislative Analysis, Political Institutions on Sep 12, 2019

    ဒီဥပဒေကြမ်းရဲ့အထင်ရှားဆုံးထူးခြားချက်ကတော့ ဥပဒေအမည်ဖြစ်ပြီး မော်တော်ယာဉ်ဥပဒေလို့ မခေါ်တော့ဘဲ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေလို့ ခေါ်တွင်လာတဲ့အပြင် ဥပဒေကြမ်းရဲ့ရည်ရွယ်ချက်မှာလည်း ယာဉ်မတော်မဆမှုလျှော့ချရေးနဲ့ လမ်းလုံခြုံရေးတွေကို အလေးထားထည့်သွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။

  • နိုင်ငံသားတွေရဲ့ သိပိုင်ခွင့်ကို လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေက ကန့်သတ်မှု ဖြစ်စေသလား

    Posted in Legislative Analysis, Political Institutions on Sep 12, 2019

    လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေမှာ မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ တကယ့်တကယ်တော့ လွှတ်တော်တွင်း ဆွေးနွေးတဲ့အခါ ကိုယ်စားလှယ်တွေအနေနဲ့ (၆) မိနစ်သာ ဆွေးနွေးခွင့်ရရှိပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ဖြစ်ရပ်အရဆိုရင် ဆွေးနွေးမှုတွေအတွက် အချိန်ကန့်သတ်ထားတာက ကိုယ်စားလှယ် တင်ပြချင်တဲ့ အကြောင်းကိစ္စရပ်အတွက် လုံလောက်မှု မရှိဘူးဆိုတာ ရှင်းလင်းနေပါတယ်။