• ဥပဒေကြမ်း အနှစ်ချုပ် - ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း

    Posted in Political Institutions on Jan 11, 2019

    “မြို့ပြနှင့် ကျေးလက်ဒေသအကြား လူမှုစီးပွားအဆင့်အတန်း ကွာဟချက်များ ကျဉ်းမြောင်းလာစေရန်”၊ “လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကို ထိရောက်အကျိုးရှိစွာအသုံးချနိုင်ရန်”၊ “ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာနေပြည်သူများ၏ လူနေမှုဘဝနှင့် ဖွံ့ဖြိးတိုးတက်ရေးများဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းပါဝင်မှု မြင့်တင်ရန်”နဲ့ “ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်” စတဲ့ ရည်ရွယ်ချက်တွေကို ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေကြမ်း

    Posted in Political Institutions on Jan 10, 2019

    ၂၀၁၉ မှာ အစိုးရက လွှတ်တော်ကို ပထမဆုံး ပေးပို့လာတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။​ ဒီဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ရန်” လို့ ဖော်ပြထားပြီး၊ အထူးသဖြင့် ကျေးလက်ဒေသရေရရှိရေးနဲ့ သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးလက်နေပြည်သူတွေ ကိုယ်တိုင် ပါဝင်တင်ပြအဆိုပြုနိုင်ဖို့နဲ့ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

  • မကြာခင် ပြန်လည်စတင်တော့မယ့် လွှတ်တော်အစည်းအဝေးမှာ ဘာဥပဒေကြမ်းတွေ ဆွေးနွေးဖို့ရှိလဲ

    Posted in Political Institutions on Jan 07, 2019

    ၂၀၁၉ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။​ ဒီအစည်းအဝေးဟာ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ပုံမှန်အစည်းအဝေးဖြစ်သလို၊ ဘဏ္ဍာရေးနှစ်ရဲ့ ပထမသုံးလပတ်ကာလကို ကုန်ဆုံးခဲ့တဲ့ ကာလဖြစ်တဲ့အတွက် နောက်ထပ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အဓိက ဆွေးနွေးမယ့် ပုံမှန်အစည်းအဝေးဖြစ်ပါတယ်။​ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြက္ခဒိန်အရ ဒီပုံမှန်အစည်းအဝေးဟာ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးဖြစ်လို့ အခြားသော ဥပဒေကြမ်းတွေကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။​ ဒီအထဲက ဥပဒေကြမ်းအချို့ရဲ့ အခြေအနေနဲ့ အလားအလာကို ဖော်ပြပေးလိုက်ပါတယ်။​

  • မြန်မာနိုင်ငံရဲ့ အာဏာရပါတီ NLD က ပါတီကိုယ်စားပြုအမတ်တွေကို ဘယ်လိုထိန်းကွပ်နေသလဲ

    Posted in Political Institutions on Nov 14, 2018

    လွှတ်တော်ပိုင်းကနေ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ချနိုင်ဖို့ဆိုရင်အာဏာရပါတီခေါင်းဆောင်ပိုင်းအနေနဲ့ လွှတ်တော်ထဲမှာ ညီညီညွတ်ညွတ်မဲပေးမယ့် အစုအဖွဲ့တစ်ရပ်ကို ပိုင်ဆိုင်ထားဖို့၊ လိုအပ်ရင် လွှတ်တော်အမတ်တွေကို စည်းရုံးလှုံ့ဆော်နိုင်ဖို့၊ အင်အားစုစည်းပြီး ကန့်ကွက်ဆန့်ကျင်တာကို တားဆီးနိုင်ဖို့ဆိုတဲ့ အခြေအနေတွေ လိုပါတယ်။

  • ပြန်သုံးသပ်ဖို့လိုနေတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့အခန်းကဏ္ဍ

    Posted in Political Institutions on Aug 07, 2018

    ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ပထမအကြိမ်လွှတ်တော် သက်တမ်းကာလမှာ အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလမှာ ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၇ ခုနှစ် မေလ ၂၆ ရက်နေ့မှာ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေအရ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

  • အာဏာခွဲဝေကျင့်သုံးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ

    Posted in Political Institutions on Aug 07, 2018

    စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီနိုင်ငံရေးစနစ်သို့ အကူးအပြောင်းတွင် တရားဝင်မှုအရအငြင်းပွားဖွယ်ရာ များစွာရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် ပြဿနာများကို ပထမအကြိမ်အစိုးရ သက်တမ်းကာလမှာပင် စတင်မြင်တွေ့ခဲ့ရသည်။

  • ဖွဲ့စည်းပုံကို ဘယ်သူတွေ အဓိပ္ပာယ်ဖွင့်နေသလဲ

    Posted in Political Institutions on Jul 10, 2018

    မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများအတွက် ဖွဲစည်းပုံအခြေခံဥပဒေ ခုံရုံးတစ်ခု ဖွဲ့စည်းထားပြီး အငြင်းပွားမှုများ ဖြေရှင်းရန် ဆုံးဖြတ်ပိုင်ခွင့်ပေးအပ်ထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကိုလည်း ပြဌာန်းထားရှိပြီး ခုံရုံးဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ အစရှိသည်တို့ကိုထည့်သွင်းရေးဆွဲထားသည်။

  • အာရုံစိုက်ဖို့ လိုသေးတဲ့ တရားစီရင်ရေး

    Posted in Political Institutions on Jun 28, 2018

    အာဏာများခွဲဝေကျင့်သုံးရာမှ ဥပဒေပြုရေးမဏ္ဍိုင်သည် ဥပဒေများ အသစ်ရေးစွဲခြင်း၊ ပြင်ခြင်း၊ ဖျက်ခြင်းများနှင့်အတူ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို စိစစ်ထိန်းကျောင်းမှု ပြုလုပ်သည်ကို တွေ့ရှိခဲ့ရသည်။ နှစ်ပေါင်းမြောက်မြားစွာ အုပ်ချုပ်ရေးအာဏာ၏ လွှမ်းမိုးမှုကိုခံခဲ့ရသည့် တရားရေးမဏ္ဍိုင်တွင်မူ သိသာထင်ရှားလှသော အပြောင်းအလဲများအား မြင်တွေ့ရခြင်းမရှိခဲ့ပါ။

  • အာဏာရပါတီ လောင်းရိပ်အောက်က ရွေးကောက်ပွဲကော်မရှင်

    Posted in Political Institutions on Jun 12, 2018

    ကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတို့ကို ကိုင်တွယ်ဖော်ဆောင်ရသဖြင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရပါသည်။ ထိုသို့ နိုင်ငံရေးပါတီများကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် ဥပဒေအရထိန်းကျောင်းနိုင်ခွင့်ရှိနေပေရာ ကော်မရှင်အပေါ် အနိုင်ရပါတီ၏ လွှမ်းမိုးမှုရှိနေပါက ကော်မရှင်၏ လွတ်လပ် မျှတစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းကို ထိခိုက်နိုင်ပါသည်။

  • ပြောင်းလဲရန် တွန့်ဆုတ်ခြင်းနဲ့ ရှေ့မတိုးနောက်မဆုတ် ဒီမိုကရေစီရဲ့ ဥပမာတစ်ခု

    Posted in Political Institutions on Jun 08, 2018

    မကြာသေးခင်က လွှတ်တော်အစည်းအဝေးအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကြိုးပမ်းမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရသည်။