• ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအပေါ် စွမ်းဆောင်ရည်နဲ့ အကဲဖြတ်ကြည့်ခြင်း

    Posted in Budget Transparency, Political Institutions on Jun 12, 2019

    ဘဏ္ဍာနှစ်ဝက် (၆) လပတ် ကာလ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အားရလောက်စရာ မကောင်းတာကို အချက်အလက်တွေက ဖော်ပြနေပါတယ်။ (၆) ပတ်ကာလအတွင်း တည်ဆောက်ရေးနဲ့ လုပ်ငန်းစီမံကိန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လုံးလုံး မလုပ်ဆောင်နိုင်ထားသလို ဆောင်ရွက်ပြီးနဲ့ ဆောင်ရွက်ဆဲ လုပ်ငန်းတွေရဲ့ အသုံးစရိတ်ကလည်း ခွင့်ပြုပေးထားငွေရဲ့ ၂၂.၆၆ % ပဲ ရှိနေပါသေးတယ်။

  • လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကြမ်းအား နိုင်ငံတကာအလေ့အထများဖြင့် နှိုင်းယှဉ် ခွဲခြမ်းလေ့လာခြင်း

    Posted in Political Institutions on Jun 06, 2019

    တာဝန်မှရုပ်သိမ်းခြင်းဆိုတာ တိုက်ရိုက်ဒီမိုကရေစီပုံစံ တစ်မျိုးဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေကို သက်တမ်းမကုန်ဆုံးခင်ကာလမှာ ရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒရှင်တွေက ပြန်လည်ရုပ်သိမ်းဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်ဆိုတာ သူတို့ကို ရွေးကောက်ပေးလိုက်တဲ့ မဲဆန္ဒရှင်တွေကို အမြဲမပြတ် တာဝန်ခံရမယ်ဆိုတဲ့ အယူအဆနဲ့ တာဝန်မှ ရုပ်သိမ်းခြင်းကိစ္စဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။

  • ဥပဒေကြမ်းအနှစ်ချုပ် - မြန်မာနိုင်ငံဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များဥပဒေကြမ်း

    Posted in Political Institutions on Jun 04, 2019

    ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေ အပ်နှင်းပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေကတော့ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေအရ တည်ထောင်တဲ့ တက္ကသိုလ်တွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းတွေအပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေ ပါ၀င်ပါတယ်။

  • တရားရေးမဏ္ဍိုင် တည့်မတ်စေဖို့ ကျမ်းသစ္စာ ကျိန်ဆိုခြင်းအပြင် အခြားရွေးချယ်စရာများ

    Posted in Political Institutions on May 28, 2019

    ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်တို့ဟာ အပြန်အလှန် ထိန်းကျောင်းမှု ပြုရမှာဖြစ်ပြီး လွှမ်းမိုးဖို့ ကြိုးစားရမှာ မဟုတ်ပါဘူး။ တရားရေးမဏ္ဍိုင်က အားနည်း၊ ချို့ယွင်းချက်တွေကို ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေချိန်မှာ ကျန်မဏ္ဍိုင်တွေက လိုအပ်တဲ့ ထောက်ကူမှုပြုဖို့ လုပ်ဆောင်ပေးသင့်ပြီး လိုအပ်တဲ့ ဥပဒေတွေပြုတာ၊ ပြင်ဆင်တာတွေအတွက် တရားရေးမဏ္ဍိုင်နဲ့ ဆွေးနွေးအဖြေရှာသင့်ပါတယ်။

  • ဥပဒေကြမ်းမိတ်ဆက် - စက်မှုဇုန်ဥပဒေ

    Posted in Political Institutions on May 23, 2019

    ကုန်ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေအတွက် အခြေခံအဆောက်အအုံတည်ရှိမှု၊ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှု၊ သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ကျစေမှု၊ နည်းပညာရရှိမှုနဲ့ ပြည်တွင်းပြည်ပဈေးကွက်ရရှိမှု စတာတွေ စနစ်ကျစေဖို့ စက်မှုဇုန်ဥပဒေတစ်ရပ် မဖြစ်မနေ လိုအပ်ပါတယ်။ ဥပဒေတစ်ရပ်မရှိဘဲ စက်မှုဇုန်တွေကို ဖော်ဆောင်ခဲ့မယ်ဆိုရင်တော့ တခြားသော ကျန်းမာရေးဆိုင်ရာဥပဒေတွေ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေနဲ့ တစ်ချိန်ချိန်မှာ ပဋိပက္ခ ဖြစ်လာနိုင်စရာ ရှိပါတယ်။

  • ဘဏ္ဍာနှစ်အပြောင်းအလဲရဲ့ ပထမသုံးလ မျက်နှာပန်းလှခဲ့သလား

    Posted in Budget Transparency on May 23, 2019

    အခုဆိုရင် ဘဏ္ဍာရေးနှစ် အချိန်ပြောင်းလဲမှု ကျင့်သုံးတာဟာ ခြောက်လကျော် သက်တမ်းကို ရောက်နေပါပြီ။ ဒီတော့ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ ပထမ သုံးလပတ်လို့ ခေါ်တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်မှုတွေဟာ ဘဏ္ဍာရေးနှစ် ပြောင်းလဲရခြင်းရဲ့ ရည်ရွယ်ချက်တွေကို ဘယ်လောက်အထိ ဖြည့်ဆည်းနိုင်တယ်ဆိုတာကို ဆန်းစစ်တိုင်းတာကြည့်ဖို့ လိုပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မတ်လမှာ ပြည်ထောင်စု၊ တိုင်းနဲ့ပြည်နယ်အစိုးရ တွေရဲ့ ပထမ သုံးလပတ် အစီရင်ခံစာကို ထုတ်ပြန်ထားပါတယ်။ ဒီအစီရင်ခံစာပါ ဘဏ္ဍာငွေ လျာထားချက်နဲ့ အသုံးပြုနိုင်မှုဆိုင်ရာ အချက်အလက်တွေအပေါ် အခြေခံပြီး ဆန်းစစ်တိုင်းတာကြည့်မှာ ဖြစ်ပါတယ်။

  • ဒေသန္တရအမိန့်အောက် ဆုံးရှုံးသွားတဲ့ နိုင်ငံသားအခွင့်အရေး

    Posted in Political Institutions on May 21, 2019

    ကယားပြည်နယ်က ဒေသန္တရအမိန့်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအရရော၊ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ငြိမ်း၊စု၊စီ ဥပဒေ ရည်ရွယ်ချက်နဲ့ သွေဖည်နေသလို အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်စေရန် ဒေသအဖွဲ့အစည်းတစ်ခုရဲ့ ကြိုတင်တားမြစ် လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးနဲ့ ထိပ်တိုက်တွေ့လာရင် ဖွဲ့စည်းပုံအခြေခံဥပဒေရော၊ ငြိမ်း၊စု၊စီ ဥပဒေရောဟာ အသက်မဝင်တော့တဲ့ အပြင် နိုင်ငံသားတွေဟာလည်း နစ်နာနေရပါတယ်။

  • ဥပဒေကြမ်း အနှစ်ချုပ် - စက်မှုဇုန်ဥပဒေကြမ်း

    Posted in Political Institutions on May 15, 2019

    စက်မှုဇုန်တည်ထောင်ရာမှာတော့ စက်မှုလုပ်ငန်းနယ်မြေအတွက် ရာခိုင်နှုန်း ၆၀ မှ ၇၀ အထိ၊ ကုန်သွယ်မှုနယ်မြေအတွက် ၁ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းအထိ၊ စက်မှုဇုန်ဝန်ဆောင်မှုနှင့်အထောက်အကူပြုအသုံးချနယ်မြေအတွက် ရာခိုင်နှုန်း ၂၀ မှ ၂၅ အ ထိ၊ စိမ်းလန်းနယ်မြေအတွက် ၉ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်စေရပါမယ်။

  • ဥပဒေကြမ်း သုံးသပ်ချက် - လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း

    Posted in Political Institutions on May 09, 2019

    နိုင်ငံတကာမှာတော့ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေတွေကို မြို့နယ်အဆင့်၊ပြည်နယ်အဆင့် လွှတ်တော်များတွင် အများအားဖြင့်တွေ့ရသော်လည်း နိုင်ငံတော်အဆင့်(ပြည်ထောင်စုအဆင့်) မှာတွေ့ရခဲပါတယ်။ ဒီလိုတာဝန်မှရုပ်သိမ်းခြင်းမျိုးဟာ တိုက်ရိုက်ဒီမိုကရေစီစနစ်အတွက် အကျိုးရှိတဲ့ နည်းလမ်းဖြစ်နိုင်တဲ့ ဥပမာအချို့ရှိပေမဲ့လို့ နိုင်ငံတကာအတွေ့အကြုံများအရ တာဝန်ခံမှုကို တိုးတက်စေရာမှာ ထိရောက်မှုမရှိသလို နိုင်ငံရေးအရထိုးနှက်ချက်တစ်ခုအနေနဲ့ အလွယ်တကူအသုံးပြုလာနိုင်တဲ့ အန္တရာယ်ရှိကြောင်းကိုလည်း ဖော်ပြနေပါတယ်။

  • ကိုယ်ပိုင်ဝင်ငွေ နှစ်ဆနီးပါး ဘာသာရေးလုပ်ငန်းတွေမှာ သုံးထားတဲ့ ကယားအစိုးရ

    Posted in Budget Transparency, Political Institutions on May 07, 2019

    ပြည်နယ်ရဲ့ ကိုယ်ပိုင်ဝင်ငွေထက် နှစ်ဆနီးပါးကို ကယားပြည်နယ်အစိုးရက အခုလိုမျိုး ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေမှာ သုံးစွဲနေတာက ပြည်နယ်အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးအားနည်းလို့ အခြားပြည်နယ်တွေထက် ပိုမိုရရှိနေတဲ့ ပြည်ထောင်စုဘဏ္ဍာငွေခွဲဝေရရှိမှုကိုပါ ဘာသာရေးအတွက် ထည့်သွင်းသုံးစွဲနေ တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒီလိုဖွံ့ဖြိုးရေးအားနည်းပြီး အစိုးရရဲ့ ကိုယ်ပိုင်ဝင်ငွေနည်းပါးတဲ့ ပြည်နယ်တစ်ခုမှာ ပြည်သူ့ဘဏ္ဍာကို ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေမှာ သုံးစွဲနေတဲ့ ပြည်နယ်အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။