• ဥပဒေကြမ်းမိတ်ဆက် - ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေကြမ်း

    Posted in Political Institutions on Jan 10, 2019

    ၂၀၁၉ မှာ အစိုးရက လွှတ်တော်ကို ပထမဆုံး ပေးပို့လာတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။​ ဒီဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ရန်” လို့ ဖော်ပြထားပြီး၊ အထူးသဖြင့် ကျေးလက်ဒေသရေရရှိရေးနဲ့ သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးလက်နေပြည်သူတွေ ကိုယ်တိုင် ပါဝင်တင်ပြအဆိုပြုနိုင်ဖို့နဲ့ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

  • မကြာခင် ပြန်လည်စတင်တော့မယ့် လွှတ်တော်အစည်းအဝေးမှာ ဘာဥပဒေကြမ်းတွေ ဆွေးနွေးဖို့ရှိလဲ

    Posted in Political Institutions on Jan 07, 2019

    ၂၀၁၉ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။​ ဒီအစည်းအဝေးဟာ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ပုံမှန်အစည်းအဝေးဖြစ်သလို၊ ဘဏ္ဍာရေးနှစ်ရဲ့ ပထမသုံးလပတ်ကာလကို ကုန်ဆုံးခဲ့တဲ့ ကာလဖြစ်တဲ့အတွက် နောက်ထပ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အဓိက ဆွေးနွေးမယ့် ပုံမှန်အစည်းအဝေးဖြစ်ပါတယ်။​ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြက္ခဒိန်အရ ဒီပုံမှန်အစည်းအဝေးဟာ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးဖြစ်လို့ အခြားသော ဥပဒေကြမ်းတွေကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။​ ဒီအထဲက ဥပဒေကြမ်းအချို့ရဲ့ အခြေအနေနဲ့ အလားအလာကို ဖော်ပြပေးလိုက်ပါတယ်။​

  • မြန်မာနိုင်ငံရဲ့ အာဏာရပါတီ NLD က ပါတီကိုယ်စားပြုအမတ်တွေကို ဘယ်လိုထိန်းကွပ်နေသလဲ

    Posted in Political Institutions on Nov 14, 2018

    လွှတ်တော်ပိုင်းကနေ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ချနိုင်ဖို့ဆိုရင်အာဏာရပါတီခေါင်းဆောင်ပိုင်းအနေနဲ့ လွှတ်တော်ထဲမှာ ညီညီညွတ်ညွတ်မဲပေးမယ့် အစုအဖွဲ့တစ်ရပ်ကို ပိုင်ဆိုင်ထားဖို့၊ လိုအပ်ရင် လွှတ်တော်အမတ်တွေကို စည်းရုံးလှုံ့ဆော်နိုင်ဖို့၊ အင်အားစုစည်းပြီး ကန့်ကွက်ဆန့်ကျင်တာကို တားဆီးနိုင်ဖို့ဆိုတဲ့ အခြေအနေတွေ လိုပါတယ်။

  • လွှတ်တော်မှ အတည်ပြုခဲ့သည့် ဘတ်ဂျက် ၂၀၁၈-၁၉

    Posted in Budget Transparency on Sep 20, 2018

    လွှတ်တော်က စက်တင်ဘာ ၁၃ မှာ ဘတ်ဂျက်ကို အတည်ပြုခဲ့ပြီး၊ ဝန်ကြီးဌာနတွေက တင်ပြခဲ့တဲ့ ဘတ်ဂျက်စုစုပေါင်းရဲ့ ၀.၉၂ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၂၀ ဟာ ၂၀၁၈ ဇူလိုင် ၂၃ မှာ စတင်ခဲ့တဲ့ နဝမပုံမှန်အစည်းအဝေးအစကတည်းက ဘတ်ဂျက်အဆိုပြုချက်တွေကို စိစစ်နေခဲ့တာဖြစ်ပါတယ်။​

  • လွှတ်တော်ကိုတင်သွင်းထားတဲ့ ၂၀၁၈-၁၉ ဘတ်ဂျက်အဆိုပြုချက်များ

    Posted in Budget Transparency on Aug 12, 2018

    ယခုနှစ် ပြည်ထောင်စုအစိုးရဘတ်ဂျက် အဆိုပြုချက်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးက လွှတ်တော်ကို ၂၃ နဲ့ ၂၅ ဇူလိုင်လတွေမှာ တင်သွင်းခဲ့ပါတယ်။​ အခုအချိန်မှာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ဘတ်ဂျက်တွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၁၆ ဖွဲ့က စိစစ်နေပြီး သူတို့ရဲ့ စိစစ်ချက်တွေ စုပေါင်းပြီး၊ မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကို ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့က အစီရင်ခံစာတင်သွင်းကြမှာဖြစ်ပါတယ်။

  • ပြန်သုံးသပ်ဖို့လိုနေတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့အခန်းကဏ္ဍ

    Posted in Political Institutions on Aug 07, 2018

    ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ပထမအကြိမ်လွှတ်တော် သက်တမ်းကာလမှာ အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလမှာ ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၇ ခုနှစ် မေလ ၂၆ ရက်နေ့မှာ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေအရ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

  • အာဏာခွဲဝေကျင့်သုံးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ

    Posted in Political Institutions on Aug 07, 2018

    စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီနိုင်ငံရေးစနစ်သို့ အကူးအပြောင်းတွင် တရားဝင်မှုအရအငြင်းပွားဖွယ်ရာ များစွာရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် ပြဿနာများကို ပထမအကြိမ်အစိုးရ သက်တမ်းကာလမှာပင် စတင်မြင်တွေ့ခဲ့ရသည်။

  • ဖွဲ့စည်းပုံကို ဘယ်သူတွေ အဓိပ္ပာယ်ဖွင့်နေသလဲ

    Posted in Political Institutions on Jul 10, 2018

    မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများအတွက် ဖွဲစည်းပုံအခြေခံဥပဒေ ခုံရုံးတစ်ခု ဖွဲ့စည်းထားပြီး အငြင်းပွားမှုများ ဖြေရှင်းရန် ဆုံးဖြတ်ပိုင်ခွင့်ပေးအပ်ထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကိုလည်း ပြဌာန်းထားရှိပြီး ခုံရုံးဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ အစရှိသည်တို့ကိုထည့်သွင်းရေးဆွဲထားသည်။

  • ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးအရ လာမည့်နှစ် အစိုးရဘတ်ဂျက်

    Posted in Budget Transparency on Jul 07, 2018

    ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့တွင် သမ္မတဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ထိုင်ခဲ့ပြီး လာမည့်လွှတ်တော်မှာ တင်သွင်းမယ့် ဘတ်ဂျက်ကို အတည်ပြုဆွေးနွေးခဲ့သည်။

  • ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တွေ ပိုတိုးလာပေမယ့် ကျောင်းတွေ၊ ဆေးခန်းတွေ ပိုကောင်းမလာရခြင်း အကြောင်းရင်း

    Posted in Budget Transparency on Jul 07, 2018

    တစ်နှစ်ပြီးတစ်နှစ် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ ပိုပိုသုံးစွဲရေးအတွက် တောင်းဆိုမှုများ၊ တိုက်တွန်းမှုများမှာ မပြတ်ကြားရလေ့ရှိသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် လွှတ်တော်အစိရင်ခံစာတစ်စောင်တွင် “အရေးကြီးသည့် အခြေခံအဆောက်အအုံများနှင့် လူမှုအသုံးစရိတ်များဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး”တို့ကို ပိုမိုသုံးစွဲရန် တိုက်တွန်းထားသည်။