-
ဥပဒေကြမ်းအနှစ်ချုပ်- ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာဥပဒေကြမ်း
Posted in Legislative Analysis, Political Institutions on Aug 20, 2019
ဥပဒေကြမ်းမှာ တားမြစ်ချက်တွေလည်း ပါရှိပြီး ပြစ်မှုပြစ်ဒဏ်အနေနဲ့ အများဆုံး ထောင်ဒဏ်နှစ် နှစ်ဆယ်ထိ သတ်မှတ်ထားတာမျိုး တွေ့ရပြီး ကြက်ခြေနီအမှတ်အသား၊ လခြမ်းနီအမှတ်အသားနဲ့ ခရစ္စတယ်နီ အမှတ်အသားတွေနဲ့ အမည်တွေကို တုပသုံးစွဲပြီးဖြစ်စေ၊ ဘယ်သာသာနဲ့မဆို ဘာသာပြန်သုံးစွဲရင်ဖြစ်စေ အသုံးပြုသူတွေဟာ သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဈေးကွက်ကနေ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်အတွင်းမှာ ပြန်လည်သိမ်းဆည်းရမှာ ဖြစ်ပါတယ်။
-
ဥပဒေကြမ်းအနှစ်ချုပ် - တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း
Posted in Legislative Analysis, Political Institutions on Aug 15, 2019
ဝန်ကြီးဌာနဟာ တိရစ္ဆာန်ကူးစက်ရောဂါတွေကို အခါအားလျော်စွာ သတ်မှတ်ကြေညာရပါမယ်။ ဦးစီးဌာနအနေနဲ့တော့ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး နဲ့ ထိန်းချုပ်ရေး၊ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး လျင်မြန်စွာ ကြေညာခြင်း နဲ့ အခြားဆက်စပ်အဖွဲ့တွေနဲ့ ညှိနှိုင်းခြင်း တို့ လုပ်ဆောင်နိုင်ပါတယ်။ မွေးမြူသူဟာ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး သံသယဖြစ်ရင် ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ အမြန်ဆုံး သတင်းပေးပို့ရပါမယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေလည်း အဆိုပါကိစ္စရပ်အတွက် သံသယရှိရင် နီးစပ်ရာဦးစီးဌာနကို အမြန်ဆုံးအသိပေးအကြောင်းကြားရပါမယ်။
-
ဥပဒေကြမ်းမိတ်ဆက် - တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း
Posted in Legislative Analysis, Political Institutions on Aug 15, 2019
၁၉၉၃ ခုနှစ်၊ တိရစ္ဆာန်ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေဟာဆိုရင် ၂၀၁၀ ခုနှစ်မှာ ပြင်ဆင်ချက်ဥပဒေ ထွက်ရှိခဲ့ပြီး ထူးခြားချက်အနေနဲ့ ပြင်ဆင်ချက်ထဲမှာတော့ ပျားမွေးမြူရေးအတွက် သီးခြားပုဒ်မတွေ ထပ်ထည့်ခဲ့ပါတယ်။ ဒါဟာဆိုရင် အရှိန်ရလာနေတဲ့ မြန်မာ့ပျားမွေးမြူရေးလုပ်ငန်းကို ထိန်းကျောင်းမြှင့်တင်ပေးဖို့လို့ ယေဘုယျယူဆနိုင်ပြီး လက်ရှိဥပဒေကြမ်းမှာလည်း ပျားမွေးမြူရေးအတွက် ထိန်းကျောင်းပေးမယ့် ပုဒ်မတွေ ထပ်မံပါရှိလာပါတယ်။
-
ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ ပြင်ဆင်ဖို့ကြိုးစားခြင်းနောက်ကွယ်က နိုင်ငံရေးဝိရောဓိ
Posted in Legislative Analysis, Political Institutions on Aug 07, 2019
ကြားဖြတ်ရွေးကောက်ပွဲတွေ ပြုလုပ်ရခြင်းရဲ့ အနှစ်သာရက လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေမှာရှိတဲ့ မဲဆန္ဒရှင်တွေအတွက် ကိုယ်စားပြုမှုကို ပြန်လည်ရရှိစေဖို့ဆိုတဲ့ အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ရပ် ပါရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရတဲ့ အနှစ်သာရကို မစဉ်းစားဘဲ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ သတ်မှတ်ထားသော တိကျတဲ့ အချိန်ကာလအပိုင်းအခြားတစ်ခုကို ဖြုတ်လိုက်ပြီး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲ ပေးအပ်လိုက်ခြင်းဟာ မူလရည်ရွယ်ချက်တွေအပေါ်မှာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က လွှမ်းမိုးလိုက်သလိုမျိုး ဖြစ်နေပါတယ်။
-
ဥပဒေကြမ်းအနှစ်ချုပ် - တိုင်း/ ပြည်နယ်ရဲ့ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကြမ်း
Posted in Budget Transparency, Political Institutions on Aug 05, 2019
နှစ်လတ်ဘဏ္ဍာရေးလျာထားချက် တင်ပြရာမှာလည်း ပါဝင်ရမယ့်အချက်တွေကို ဥပဒေကြမ်းမှာ ဖော်ပြထားပြီးတော့ လျာထားချက် ရေးဆွဲရာမှာလည်း ရှေ့လာမယ့် ဘဏ္ဍာရေးနှစ် (၂)နှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတွေအတွက် လျာထားမယ့် ထောက်ပံ့ငွေနဲ့ ချေးငွေတွေကို ၎င်းတို့ ကြိုတင်သိရှိစေရန် ထည့်သွင်းဖော်ပြရပါမယ်။ မက်ခရိုစီးပွားရေး အခြေအနေဖော်ပြရာမှာလည်း ပါဝင်ရမယ့်အချက်တွေကို ဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲထားပါတယ်။
-
ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ အစီရင်ခံစာဆွေးနွေးမှု ဒုတိယမြောက်နေ့ ပါတီအလိုက် ဆွေးနွေးမှု ရှု့ထောင့်များ
Posted in Legislative Analysis, Political Institutions on Aug 02, 2019
ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဆွေးနွေးမှုမှာတော့ ကော်မတီရဲ့ အစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ခြင်းအခန်းရှိ ပြဋ္ဌာန်းချက်များဖြင့်သာ ပြင်ဆင်မည်ဟု ဖော်ပြထားရာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အချိန်ဇယား တိတိကျကျ သတ်မှတ်ရန်လိုအပ်ကြောင်းနဲ့ ပြင်ဆင်ခြင်းဆိုင်ရာ ပုဒ်မ ၄၃၆ (က) အရ ပြင်ဆင်ရန်လိုအပ်တဲ့ ပုဒ်မတွေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမှာ ဖြစ်တာကြောင့် အချိန်မလုံလောက်နိုင်ပါကြောင်း
-
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ ဆွေးနွေးမှု ပထမနေ့ ပါတီအလိုက် ဆွေးနွေးမှုရှုထောင့်များ
Posted in Legislative Analysis, Political Institutions on Jul 31, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ပထမဆုံးဆွေးနွေးတဲ့နေ့မှာ ပါတီ (၅)ပါတီမှ ကိုယ်စားလှယ် (၁၇)ဦး ဆွေးနွေးခဲ့ပြီး၊ ပူးပေါင်းကော်မတီနဲ့ အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွှတ်လို့ ကန့်ကွက်တဲ့ ကိုယ်စားလှယ်တွေရယ်၊ ထောက်ခံဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေရယ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာပါ ပြင်ဆင်ချက်တွေကို ဆွေးနွေးခဲ့တဲ့ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးသဘောတူညီမှုလိုအပ်ကြောင်းကို ထည့်သွင်း ထောက်ပြဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေရယ်ဆိုပြီး ကွဲပြားခဲ့တာကို တွေ့ရပါတယ်။
-
၇၀ % ကျော် တရားမဝင်တဲ့ ငါးမွေးမြေပြဿနာနဲ့ ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်း
Posted in Legislative Analysis, Political Institutions on Jul 29, 2019
အစိုးရအနေနဲ့ ငါးမွေးမြူရေးကဏ္ဍ တိုးတက်ဖို့ဆိုရင် လတ်တလော စိန်ခေါ်ချက်တစ်ခုဖြစ်တဲ့ လ.န.ရ ၃၉ မရှိသေးဘဲ လုပ်ကိုင်နေတဲ့ ငါးမွေးမြူရေးမြေတွေကို တရားဝင်ဖြစ်လာအောင် အမြန်ဆုံး လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ တရားဝင် ငါးလုပ်ငန်းမြေတွေ ဖြစ်ဖို့အတွက် လျှောက်ထားမှုတွေမှာ ကန့်သတ်ချက်တွေ ဖြစ်နေတဲ့အချက်တွေကိုလည်း ပြန်လည်စိစစ် ဖြေလျှော့ပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒီလိုဖြေလျှော့ရာမှာ ဆက်စပ်နေတဲ့ မြေယာစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ဆက်စပ်သုံးသပ်သင့်ပါတယ်။
-
ဥပဒေကြမ်းအနှစ်ချုပ် - ငါးမွေးမြူရေးဆိုင်ရာဥပဒေကြမ်း
Posted in Legislative Analysis, Political Institutions on Jul 29, 2019
စစ်ဆေးရေးမှူးဟာ ငါးလုပ်ငန်းဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု၊ ငါးလုပ်ငန်းဆိုင်ရာနေရာနဲ့အဆောက်အအုံတွေထဲကို သတ်မှတ်ချက်နဲ့အညီ ဝင်ရောက်စစ်ဆေးရှာဖွေနိုင်ပြီး၊ ဥပဒေပါပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်တာရှိခဲ့ရင် ဖမ်းဆီးခြင်းနဲ့ အရေးယူခြင်းလည်း လုပ်ဆောင်နိုင်ပါတယ်။
-
သမ္မတမိန့်ခွန်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တရားမျှတမှုဆိုင်ရာ အယူအဆများ
Posted in Political Institutions on Jul 18, 2019
မေလ ၂၄ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်က လွှတ်တော်အမတ်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေကို မိန့်ခွန်းပြောကြားရာမှာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိနိုင်ဖို့အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ရေး အဓိကထားပြောသွားခဲ့ပါတယ်။ အထူးသဖြင့် သမ္မတက တရားမျှတမှုဆိုတဲ့ စကားလုံးတွေကို ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်ကို တွေ့ ရှိနိုင်သည်။ သမ္မတ ဦးဝင်းမြင့်ဟာ မဏ္ဍိုင်သုံးရပ်မှ အရာရှိတွေကို မိန့်ခွန်းပြောကြားသည် အခါတိုင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးကို သွားရောက်တဲ့ ခရီးစဉ်တိုင်းမှာ ဒီစကားလုံးတွေကို မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိတာကိုလည်း တွေ့ရှိရပါတယ်။

