• ဂုဏ်သိက္ခာနှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများအတွက် အရေးပါသော လူ့အခွင့်အရေးကော်မရှင်၏ အခန်းကဏ္ဍ

    Posted in Political Institutions on Jun 05, 2018

    နိုင်ငံသားများ၏အခွင့်အရေးကိုအပြည့်အဝဖော်ဆောင်၍ လူ့ဂုဏ်သိက္ခာပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရန်အတွက်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် များစွာအရေးပါပေသည်။ကော်မရှင်၏လုပ်ငန်းဆောင်တာများကို အပြည့်အဝနှင့်ထိထိရောက်ရောက်ဆောင်ရွက်စေနိုင်ရန် ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။

  • လွှတ်တော်ရောက် မြေယာဥပဒေကြမ်း များ၏ နောက်ဆုံးအခြေအနေ မြေယာဥပဒေကြမ်းတွေ ဘက်လောက်ခရီးပေါက်ကြပြီလဲ

    Posted in Political Institutions on May 30, 2018

    မြေယာနှင့် ပတ်သက်သည့် ဥပဒေသုံးရပ်ဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြေသိမ်းဥပဒေကြမ်းတို့ကို လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။ ဥပဒေများကို ၂၀၁၇ နှစ်ကုန်ပိုင်း အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဥပဒေကြမ်းမှအပ အခြားဥပဒေနှစ်ခုကို ဆွေးနွေးမှုမှာ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ရပ်တန့်နေခဲ့ခြင်းဖြစ်ပြီး၊ ယခုမှ ထိုဥပဒေကြမ်းများနှင့် ပတ်သက်သည့် ကော်မတီတွင်း ဆွေးနွေးမှုများ ပြန်လည်မြင်တွေ့လာရခြင်းဖြစ်သည်။​

  • အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတွင် အရေးပါလာသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

    Posted in Political Institutions on May 29, 2018

    အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှု အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်နှင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ဖြစ်ထွန်းလာစေရန် နိုင်ငံတစ်နိုင်ငံကို လည်ပတ်မောင်းနှင်နေသာ အဖွဲ့အစည်းများအပြန်အလှန် ထိန်းကျောင်းနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးတို့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် လျှောက်လှမ်းသော နိုင်ငံများအတွက် များစွာ အရေးကြီးပါသည်။