• အာဏာခွဲဝေကျင့်သုံးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ

    Posted in Political Institutions on Aug 07, 2018

    စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီနိုင်ငံရေးစနစ်သို့ အကူးအပြောင်းတွင် တရားဝင်မှုအရအငြင်းပွားဖွယ်ရာ များစွာရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် ပြဿနာများကို ပထမအကြိမ်အစိုးရ သက်တမ်းကာလမှာပင် စတင်မြင်တွေ့ခဲ့ရသည်။

  • ဖွဲ့စည်းပုံကို ဘယ်သူတွေ အဓိပ္ပာယ်ဖွင့်နေသလဲ

    Posted in Political Institutions on Jul 10, 2018

    မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများအတွက် ဖွဲစည်းပုံအခြေခံဥပဒေ ခုံရုံးတစ်ခု ဖွဲ့စည်းထားပြီး အငြင်းပွားမှုများ ဖြေရှင်းရန် ဆုံးဖြတ်ပိုင်ခွင့်ပေးအပ်ထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကိုလည်း ပြဌာန်းထားရှိပြီး ခုံရုံးဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ အစရှိသည်တို့ကိုထည့်သွင်းရေးဆွဲထားသည်။

  • ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးအရ လာမည့်နှစ် အစိုးရဘတ်ဂျက်

    Posted in Budget Transparency on Jul 07, 2018

    ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့တွင် သမ္မတဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ထိုင်ခဲ့ပြီး လာမည့်လွှတ်တော်မှာ တင်သွင်းမယ့် ဘတ်ဂျက်ကို အတည်ပြုဆွေးနွေးခဲ့သည်။

  • ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တွေ ပိုတိုးလာပေမယ့် ကျောင်းတွေ၊ ဆေးခန်းတွေ ပိုကောင်းမလာရခြင်း အကြောင်းရင်း

    Posted in Budget Transparency on Jul 07, 2018

    တစ်နှစ်ပြီးတစ်နှစ် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ ပိုပိုသုံးစွဲရေးအတွက် တောင်းဆိုမှုများ၊ တိုက်တွန်းမှုများမှာ မပြတ်ကြားရလေ့ရှိသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် လွှတ်တော်အစိရင်ခံစာတစ်စောင်တွင် “အရေးကြီးသည့် အခြေခံအဆောက်အအုံများနှင့် လူမှုအသုံးစရိတ်များဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး”တို့ကို ပိုမိုသုံးစွဲရန် တိုက်တွန်းထားသည်။

  • အာရုံစိုက်ဖို့ လိုသေးတဲ့ တရားစီရင်ရေး

    Posted in Political Institutions on Jun 28, 2018

    အာဏာများခွဲဝေကျင့်သုံးရာမှ ဥပဒေပြုရေးမဏ္ဍိုင်သည် ဥပဒေများ အသစ်ရေးစွဲခြင်း၊ ပြင်ခြင်း၊ ဖျက်ခြင်းများနှင့်အတူ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို စိစစ်ထိန်းကျောင်းမှု ပြုလုပ်သည်ကို တွေ့ရှိခဲ့ရသည်။ နှစ်ပေါင်းမြောက်မြားစွာ အုပ်ချုပ်ရေးအာဏာ၏ လွှမ်းမိုးမှုကိုခံခဲ့ရသည့် တရားရေးမဏ္ဍိုင်တွင်မူ သိသာထင်ရှားလှသော အပြောင်းအလဲများအား မြင်တွေ့ရခြင်းမရှိခဲ့ပါ။

  • အာဏာရပါတီ လောင်းရိပ်အောက်က ရွေးကောက်ပွဲကော်မရှင်

    Posted in Political Institutions on Jun 12, 2018

    ကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတို့ကို ကိုင်တွယ်ဖော်ဆောင်ရသဖြင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရပါသည်။ ထိုသို့ နိုင်ငံရေးပါတီများကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် ဥပဒေအရထိန်းကျောင်းနိုင်ခွင့်ရှိနေပေရာ ကော်မရှင်အပေါ် အနိုင်ရပါတီ၏ လွှမ်းမိုးမှုရှိနေပါက ကော်မရှင်၏ လွတ်လပ် မျှတစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းကို ထိခိုက်နိုင်ပါသည်။

  • ပြောင်းလဲရန် တွန့်ဆုတ်ခြင်းနဲ့ ရှေ့မတိုးနောက်မဆုတ် ဒီမိုကရေစီရဲ့ ဥပမာတစ်ခု

    Posted in Political Institutions on Jun 08, 2018

    မကြာသေးခင်က လွှတ်တော်အစည်းအဝေးအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကြိုးပမ်းမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရသည်။

  • ဘာလို့အခွန်ဆောင်သင့်တာလဲ

    Posted in Budget Transparency on Jun 07, 2018

    အခုကာလ မြန်မာနိုင်ငံမှာ စကားပြောဆို ဆွေးနွေးကြရင် ကြားရလေ့ရှိတဲ့ မေးခွန်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ လက်ဘက်ရည်ဆိုင်ထိုင်ပြီး နိုင်ငံရေးအကြောင်း၊ အစိုးရအကြောင်း ပြောကြတဲ့အခါ ကြားရတတ်တဲ့ မေးခွန်းဖြစ်ပါတယ်။ “အခွန်ဆောင်ထားလား၊ အခွန်ဆောင်ဖူးလား” ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းနဲ့ ကပ်လျက်မှာ ထပ်ကြားရလေ့ရှိတဲ့ နောက်မေးခွန်းတစ်ခုက “အခွန်လေး နည်းနည်းပါးပါး ဆောင်တာလောက်နဲ့ ဘာလုပ်လို့ရမှာလဲ” ဆိုတာမျိုးပါ။ အဲ့ဒိအတွက်တော့ သတင်းကောင်းတစ်ခုရှိပါတယ်။

  • ဂုဏ်သိက္ခာနှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများအတွက် အရေးပါသော လူ့အခွင့်အရေးကော်မရှင်၏ အခန်းကဏ္ဍ

    Posted in Political Institutions on Jun 05, 2018

    နိုင်ငံသားများ၏အခွင့်အရေးကိုအပြည့်အဝဖော်ဆောင်၍ လူ့ဂုဏ်သိက္ခာပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရန်အတွက်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် များစွာအရေးပါပေသည်။ကော်မရှင်၏လုပ်ငန်းဆောင်တာများကို အပြည့်အဝနှင့်ထိထိရောက်ရောက်ဆောင်ရွက်စေနိုင်ရန် ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။

  • လွှတ်တော်ရောက် မြေယာဥပဒေကြမ်း များ၏ နောက်ဆုံးအခြေအနေ မြေယာဥပဒေကြမ်းတွေ ဘက်လောက်ခရီးပေါက်ကြပြီလဲ

    Posted in Political Institutions on May 30, 2018

    မြေယာနှင့် ပတ်သက်သည့် ဥပဒေသုံးရပ်ဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြေသိမ်းဥပဒေကြမ်းတို့ကို လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။ ဥပဒေများကို ၂၀၁၇ နှစ်ကုန်ပိုင်း အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဥပဒေကြမ်းမှအပ အခြားဥပဒေနှစ်ခုကို ဆွေးနွေးမှုမှာ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ရပ်တန့်နေခဲ့ခြင်းဖြစ်ပြီး၊ ယခုမှ ထိုဥပဒေကြမ်းများနှင့် ပတ်သက်သည့် ကော်မတီတွင်း ဆွေးနွေးမှုများ ပြန်လည်မြင်တွေ့လာရခြင်းဖြစ်သည်။​