• စည်ပင်ရွေးကောက်ပွဲမှာ မဲပေးမယ်ဆိုရင်

    Posted in Budget Transparency, Political Institutions on Mar 18, 2019

    စည်ပင်ကော်မတီဟာ ဒီဝန်ဆောင်မှုတွေကို မြို့နေလူထုအတွက် ဖြည့်ဆည်းပေးတဲ့နေရာမှာ အဓိကကျတဲ့အဖွဲ့အစည်း ဖြစ်ပြီး ဝန်ဆောင်မှုတွေအတွက် မူဝါဒ ချမှတ်ခြင်း၊ လမ်းညွှန်မှုများ ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေအတွက် အဓိက ကျပါတယ်။ ဒီလို အဓိကကျတဲ့ ကော်မတီဝင်တွေကို ရွေးချယ်တဲ့နေရာမှာ စည်ပင်ရဲ့ လုပ်ငန်းတာဝန်တွေကို သိနားလည်ပြီး တကယ်ကို လုပ်ဆောင်နိုင်မယ့်သူကို ရွေးချယ်နိုင်ခြင်းဟာ မြို့တော် တည်ဆောက် ရေးမှာ ပူးပေါင်းပါဝင်ခြင်းလည်း ဖြစ်ပါတယ်။

  • NLD က အထူးကော်မရှင်ကို ဘာလို့ဖျက်သိမ်းခဲ့တာလဲ

    Posted in Political Institutions on Mar 12, 2019

    NLD အနေဖြင့် သူရဦးရွှေမန်း အုပ်စုနဲ့ ပူးပေါင်းခဲ့သည့်အတွက် စစ်တပ်နဲ့ ရင်ကြားစေ့ရေးမှာ များစွာ တိုးတက်ထူးခြားမှု မရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် သူရဦးရွှေမန်း၏ လူအချို့ကတော့ NLD အမာခံတွေကို ကျော်ဖြတ်ပြီး ဝန်ကြီး၊ ဒုဝန်ကြီး နှင့် အစိုးရ အဖွဲ့အတွင်း အရေးပါသော နေရာ အများအပြားကို ရရှိခဲ့တာကလွဲလို့ NLD အတွက် ဘယ်လို နိုင်ငံရေး အကျိုးကျေးဇူးမှ ရရှိခဲ့တာ မတွေ့ရပါ။

  • ဥပဒေကြမ်းအနှစ်ချုပ် - မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေကြမ်း

    Posted in Political Institutions on Mar 07, 2019

    ကော်ပိုရေးရှင်းသည် နိုင်ငံတော်မှထုတ်ပေးသော မတည်ရန်ပုံငွေ၊မြန်မာဆက်သွယ်ရေးပိုင် ပြည်တွင်းပြည်ပရှိ ငွေကြေးများ၊ရန်ပုံငွေများအစရှိသောငွေကြေးများ၊စုဆောင်းငွေမှအတိုးရငွေများနဲ့စီးပွားရေးလုပ်ငန်းများမှ ရရှိသောအကျိုးအမြတ်များအစရှိတဲ့ငွေကြေးများဖြင့် ဘဏ္ဍာရန်ပုံငွေထူထောင်ထားရှိနိုင်သည်။ကော်ပိုရေးရှင်းသည် ဘဏ္ဍာရေးနှစ်အလိုက်စုစုပေါင်းရငွေသုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစရင်းတွင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ထည့်သွင်းဖော်ပြပေးရမည်ဖြစ်သည်။

  • ဥပဒေကြမ်းမိတ်ဆက် - မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေကြမ်း

    Posted in Political Institutions on Mar 07, 2019

    ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့ ဥပဒေကြမ်းကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော်၏ဒသမပုံမှန်အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တင်သွင်းပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့အစီရင်ခံစာကိုလည်း တင်သွင်းခဲ့တာတွေ့ရပါတယ်။

  • လွှတ်တော်ရဲ့ အထူးကော်မရှင် ဘာတွေလုပ်ခဲ့သလဲ

    Posted in Political Institutions on Feb 28, 2019

    ကော်မရှင်က ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်း ၃၉ ခုအနေနဲ့ ၁၀ ခုကို လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

  • စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်း နောက်ပြန်လှည့်စေသလား

    Posted in Political Institutions on Feb 25, 2019

    If Members of Pyidaungsu Hluttaw decided to suspend the whole Chapter of the Consumer Protection Bill and enact the Bill, there will be enormous damage to the public interest and Representatives will fail to improve the existing law. Instead, they are moving in backward direction.

  • ဗြိတိန်နိုင်ငံရဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ

    Posted in Political Institutions on Feb 25, 2019

    ဗြိတိန်နိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ကို ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေကြမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်တဲ့ အကြောင်းပြချက် သုံးချက်ကို ဖော်ပြထားပါတယ်။

  • ဝန်ကြီးချုပ် ခန့်အပ်နိုင်ရုံနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေ ပိုအားကောင်းသွားမှာလား

    Posted in Budget Transparency, Political Institutions on Feb 25, 2019

    လတ်တလောတင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းဟာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေကို ကိုယ့်လွှတ်တော်တွေကနေပြီး ခန့်လို့ရလာတဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရဲ့လုပ်ပိုင်ခွင့်တွေပိုမိုရရှိတယ်လို့ ထင်မြင်ယူဆရပေမဲ့ "ပေးကားပေး၏ မရ" ဆိုသလိုမျိုး ဗဟိုအစိုးရရဲ့ဘဏ္ဍာရေးအရလွှမ်းမိုးမှုတွေက ရှိနေအုံးမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေဟာ သမ္မတနဲ့ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့မျက်နှာကိုကြည့်နေရအုံးမှာ ဖြစ်ပါတယ်။

  • အားနည်းချက်တွေနဲ့ တစ်ကျော့ပြန် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်း

    Posted in Political Institutions on Feb 20, 2019

    နိုင်ငံသားတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံတွေကိုတာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်မယ့် ဥပဒေကို ပြဌာန်းဖို့ ကြိုးစားတာဟာ နိုင်ငံတော်ရဲ့ အာဏာကို မူလပိုင်ရှင်များထံ အပြည့်အဝပြန်လည်ပေးအပ်နိုင်ရန်အတွက် ဆောင်ရွက်ကြခြင်းဖြစ်တဲ့အတွက် ကြိုဆိုရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဥပဒေကြမ်းဟာ အားနည်းချက်တွေရှိနေလို့ အသေအချာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။​

  • လူထုပါဝင်မှု တိုးပေးဖို့ လိုအပ်နေတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ အသုံးပြုမှု

    Posted in Budget Transparency on Feb 19, 2019

    ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အသုံးပြုခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲမှု အခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက တင်ပြတဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အစီရင်ခံစာမှာ မြို့နယ်အလိုက် ဆောင်ရွက်ခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေသုံး စီမံကိန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားရာမှာ အဓိကအားဖြင့် သောက်သုံးရေနှင့် ရေရရှိရေးလုပ်ငန်း၊ ကျေးလက်လမ်းများ/တံတားများ ပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်း၊ အခြားလုပ်ငန်းများဟူ၍ ကဏ္ဍသုံးရပ် ဖော်ပြထားပြီး အခြားလုပ်ငန်းတွေမှာတော့ ပညာရေး၊ ကျန်းမာရေးနှင့် မီးလင်းရေးကဏ္ဍတွေ ပါဝင်ပါတယ်။