အာနန္ဒာ ဒေတာ

အချက်အလက်မှ အပြောင်းအလဲသို့

နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေက လွှတ်တော်အပေါ်ထားရှိတဲ့ နိုင်ငံသားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်သလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းတဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကော်မတီဖွဲ့စည်းရန်"ဆိုတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ မတူညီမှု၊ လုပ်နည်းလုပ်ဟန် သဘောမတူညီမှု စတဲ့ အကြောင်းအချက်တွေနဲ့ အငြင်းပွားကြတာ ကောင်းမွန်တဲ့အလေ့အထတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဌာန်းထားသော လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ခြင်းမရှိဆိုတဲ့အချက်ကို ကိုင်စွဲမယ်ဆိုရင်တော့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်အပေါ် နိုင်ငံသားတွေရဲ့ ယုံကြည်မှုဆုံးရှုံးစေပါတယ်။


ဥပဒေကြမ်းအနှစ်ချုပ် - အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း

ဥပဒေစတင်အာဏာတည်ချိန်မှ စတင်ပြီး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လိုသူဟာ တစ်နှစ်အတွင်း လုပ်ငန်းမှတ်ပုံတင်ခြင်း၊ ယာယီလိုင်စင်လျှောက်ထားခြင်းတွေကို လုပ်ဆောင်ရမှာဖြစ်ပြီး ယာယီလိုင်စင်ရဲ့ သက်တမ်းက သုံးနှစ်ဖြစ်ပါတယ်။ ယာယီလိုင်စင်ရရှိသူဟာ သင်တန်းတက်ပြီး လိုင်စင်လျှောက်ထားခြင်းတွေ လုပ်နိုင်တယ်။ ယာယီလိုင်စင်လျှောက်ထားခွင့် တစ်နှစ်ကုန်ဆုံးပြီးနောက်မှ ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်လိုသူများဟာ မှတ်ပုံတင်စာရင်းသွင်း၊ သင်တန်းတက်ပြီးနောက် လိုင်စင်လျှောက်ထားနိုင်ပါတယ်။


ဥပဒေကြမ်းမိတ်ဆက် - အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း

ဒီဥပဒေကို ပြဌားန်ခြင်းအားဖြင့် အစိုးရအနေနဲ့လည်း အခွန်၊ ဥပဒေနည်းလမ်းများနဲ့ ကြပ်မတ်မှု အားနည်းနေသေးတဲ့ အိမ်ခြံမြေဌားရမ်းရောင်းဝယ်မှုတွေကနေတဆင့် အခွန်ရလာနိုင်မယ်လို့ မျှော်မှန်းရသလို အိမ်ခြံမြေဌားရမ်းရောင်းဝယ်မှုဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ အဲ့ဒိ သတင်းအချက်အလက်တွေက အစိုးရအနေနဲ့ အိမ်ခြံမြေဈေးကွက်တည်ငြိမ်ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။


ဥပဒေကြမ်းအနှစ်ချုပ် - အခြေခံပညာရေးဥပဒေကြမ်း

ကောင်စီအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ကျောင်းများဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း၊ အဆင့်တိုးမြှင့်ခြင်းနဲ့ အဆင့်လျော့ချခြင်းတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ မူဝါဒနဲ့အညီ ကြီးကြပ်ခြင်း၊ ကျောင်း အရည်အသွေးစံ သတ်မှတ်ချက်ကို အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီနဲ့ ညှိနှိုင်းသတ်မှတ်ပေးခြင်းအပြင် ဆရာတွေရဲ့ အရည်အချင်းသတ်မှတ်ချက်ကို ဝန်ကြီးဌာနရဲ့ အတည်ပြုချက်နဲ့ သတ်မှတ်ပေးခြင်းစတာတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


ဥပဒေကြမ်းမိတ်ဆက် - အခြေခံပညာရေးဥပဒေကြမ်း

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းမှာ ဖော်ပြထားတဲ့ အစိုးရရဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဦးစားပေးသတ်မှတ်ချက်တွေထဲမှာလည်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးမှာပါ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေ ပါဝင်လာပြီး တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေကိုပါ မြှင့်တင်ဖို့ဆိုတဲ့ ဦးစားပေးချက်ကလည်း တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ ဒီဥပဒေမှာလည်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီး သင်ရိုးညွန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီကို ပြည်ထောင်စုအဆင့်ဖွဲ့စည်းပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းဖို့ ပြဌာန်းချက်တွေ ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။​


ဥပဒေကြမ်းအနှစ်ချုပ် - ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင်ရေးဥပဒေကြမ်း

အစိုးရက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားပြီး လွှတ်တော်တွေမှာ မဆွေးနွေးရသေးတဲ့ ဥပဒေကြမ်းတွေထဲမှာ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့ဥပဒေကြမ်းမှာ ကောင်စီဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်၊ ကော်မတီဖွဲ့စည်းပုံနဲ့လုပ်ငန်း တာဝန်တွေ၊ ဘဏ္ဍာရေးဆိုင်ရာတွေသာ အသေးစိတ်ပါဝင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။


ဥပဒေကြမ်း အနှစ်ချုပ် - ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း

ဥပဒေအရ ကျေးလက်နေပြည်သူတွေဟာ မိမိကျေးရွာ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တင်ပြခွင့်ရမှာဖြစ်ပြီး၊ ကျေးရွာလုပ်ငန်းကော်မတီတွေ၊ ဆပ်ကော်မတီတွေကနေတစ်ဆင့် လုပ်ငန်းအကောင်အထည်ဖော်မှုမှာ ပါဝင်တာဖြစ်စေ၊ ဝေဖန်အကြံပြုတာဖြစ်စေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းကော်မတီတွေ၊ ဆပ်ကော်မတီတွေကို ဘယ်လိုဖွဲ့စည်းရမယ်ဆိုတာနဲ့ ကျေးလက်နေပြည်သူတွေက ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးဖို့ လိုအပ်ချက်တွေကို တင်ပြတာနဲ့ ဝေဖန်အကြံပြုတာကို ဘယ်လိုပုံစံနဲ့ ဆောင်ရွက်မယ်ဆိုတာတွေကိုတော့ အသေးစိတ် ဖော်ပြမထားပါဘူး။


ဥပဒေကြမ်းမိတ်ဆက် - ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေကြမ်း

၂၀၁၉ မှာ အစိုးရက လွှတ်တော်ကို ပထမဆုံး ပေးပို့လာတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။​ ဒီဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ရန်” လို့ ဖော်ပြထားပြီး၊ အထူးသဖြင့် ကျေးလက်ဒေသရေရရှိရေးနဲ့ သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးလက်နေပြည်သူတွေ ကိုယ်တိုင် ပါဝင်တင်ပြအဆိုပြုနိုင်ဖို့နဲ့ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။​


မကြာခင် ပြန်လည်စတင်တော့မယ့် လွှတ်တော်အစည်းအဝေးမှာ ဘာဥပဒေကြမ်းတွေ ဆွေးနွေးဖို့ရှိလဲ

၂၀၁၉ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။​ ဒီအစည်းအဝေးဟာ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ပုံမှန်အစည်းအဝေးဖြစ်သလို၊ ဘဏ္ဍာရေးနှစ်ရဲ့ ပထမသုံးလပတ်ကာလကို ကုန်ဆုံးခဲ့တဲ့ ကာလဖြစ်တဲ့အတွက် နောက်ထပ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အဓိက ဆွေးနွေးမယ့် ပုံမှန်အစည်းအဝေးဖြစ်ပါတယ်။​ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြက္ခဒိန်အရ ဒီပုံမှန်အစည်းအဝေးဟာ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးဖြစ်လို့ အခြားသော ဥပဒေကြမ်းတွေကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။​ ဒီအထဲက ဥပဒေကြမ်းအချို့ရဲ့ အခြေအနေနဲ့ အလားအလာကို ဖော်ပြပေးလိုက်ပါတယ်။​


မြန်မာနိုင်ငံရဲ့ အာဏာရပါတီ NLD က ပါတီကိုယ်စားပြုအမတ်တွေကို ဘယ်လိုထိန်းကွပ်နေသလဲ

လွှတ်တော်ပိုင်းကနေ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ချနိုင်ဖို့ဆိုရင်အာဏာရပါတီခေါင်းဆောင်ပိုင်းအနေနဲ့ လွှတ်တော်ထဲမှာ ညီညီညွတ်ညွတ်မဲပေးမယ့် အစုအဖွဲ့တစ်ရပ်ကို ပိုင်ဆိုင်ထားဖို့၊ လိုအပ်ရင် လွှတ်တော်အမတ်တွေကို စည်းရုံးလှုံ့ဆော်နိုင်ဖို့၊ အင်အားစုစည်းပြီး ကန့်ကွက်ဆန့်ကျင်တာကို တားဆီးနိုင်ဖို့ဆိုတဲ့ အခြေအနေတွေ လိုပါတယ်။


၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အချက်အလက်များ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်တစ်ခုချင်းအလိုက် အချက်အလက်အချို့


ပြန်သုံးသပ်ဖို့လိုနေတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့အခန်းကဏ္ဍ

ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ပထမအကြိမ်လွှတ်တော် သက်တမ်းကာလမှာ အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလမှာ ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၇ ခုနှစ် မေလ ၂၆ ရက်နေ့မှာ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေအရ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။


အာဏာခွဲဝေကျင့်သုံးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ

စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီနိုင်ငံရေးစနစ်သို့ အကူးအပြောင်းတွင် တရားဝင်မှုအရအငြင်းပွားဖွယ်ရာ များစွာရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် ပြဿနာများကို ပထမအကြိမ်အစိုးရ သက်တမ်းကာလမှာပင် စတင်မြင်တွေ့ခဲ့ရသည်။


ဖွဲ့စည်းပုံကို ဘယ်သူတွေ အဓိပ္ပာယ်ဖွင့်နေသလဲ

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများအတွက် ဖွဲစည်းပုံအခြေခံဥပဒေ ခုံရုံးတစ်ခု ဖွဲ့စည်းထားပြီး အငြင်းပွားမှုများ ဖြေရှင်းရန် ဆုံးဖြတ်ပိုင်ခွင့်ပေးအပ်ထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကိုလည်း ပြဌာန်းထားရှိပြီး ခုံရုံးဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ အစရှိသည်တို့ကိုထည့်သွင်းရေးဆွဲထားသည်။


Tool: လော်ဘီဒိုင်ယာရီ

လွှတ်တော်၏ ဥပဒေကြမ်းကော်မတီများမှ အကြောင်းအရာအလိုက်၊ ဥပဒေကြမ်းအလိုက် ခေါ်ယူကြားနာသည့် အဖွဲ့အစည်းများ၏ စာရင်းကို အလွယ်တကူ ရှာဖွေနိုင်စေရန်အတွက် ဖန်တီးပေးထားသည့် စာမျက်နှာဖြစ်ပါသည်။ ဥပဒေကြမ်းများတွင် ခေါ်ယူဆွေနွေးခံရသည့် အဖွဲ့အစည်းအများစုမှာ အစိုးရအဖွဲ့အစည်းများဖြစ်နေလေ့ရှိပြီး၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပိုမိုပါဝင်နိုင်ရန် လိုအပ်နေဆဲဖြစ်ပါသည်။


အာရုံစိုက်ဖို့ လိုသေးတဲ့ တရားစီရင်ရေး

အာဏာများခွဲဝေကျင့်သုံးရာမှ ဥပဒေပြုရေးမဏ္ဍိုင်သည် ဥပဒေများ အသစ်ရေးစွဲခြင်း၊ ပြင်ခြင်း၊ ဖျက်ခြင်းများနှင့်အတူ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို စိစစ်ထိန်းကျောင်းမှု ပြုလုပ်သည်ကို တွေ့ရှိခဲ့ရသည်။ နှစ်ပေါင်းမြောက်မြားစွာ အုပ်ချုပ်ရေးအာဏာ၏ လွှမ်းမိုးမှုကိုခံခဲ့ရသည့် တရားရေးမဏ္ဍိုင်တွင်မူ သိသာထင်ရှားလှသော အပြောင်းအလဲများအား မြင်တွေ့ရခြင်းမရှိခဲ့ပါ။


အာဏာရပါတီ လောင်းရိပ်အောက်က ရွေးကောက်ပွဲကော်မရှင်

ကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတို့ကို ကိုင်တွယ်ဖော်ဆောင်ရသဖြင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရပါသည်။ ထိုသို့ နိုင်ငံရေးပါတီများကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် ဥပဒေအရထိန်းကျောင်းနိုင်ခွင့်ရှိနေပေရာ ကော်မရှင်အပေါ် အနိုင်ရပါတီ၏ လွှမ်းမိုးမှုရှိနေပါက ကော်မရှင်၏ လွတ်လပ် မျှတစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းကို ထိခိုက်နိုင်ပါသည်။


ပြောင်းလဲရန် တွန့်ဆုတ်ခြင်းနဲ့ ရှေ့မတိုးနောက်မဆုတ် ဒီမိုကရေစီရဲ့ ဥပမာတစ်ခု

မကြာသေးခင်က လွှတ်တော်အစည်းအဝေးအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကြိုးပမ်းမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရသည်။


ဂုဏ်သိက္ခာနှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများအတွက် အရေးပါသော လူ့အခွင့်အရေးကော်မရှင်၏ အခန်းကဏ္ဍ

နိုင်ငံသားများ၏အခွင့်အရေးကိုအပြည့်အဝဖော်ဆောင်၍ လူ့ဂုဏ်သိက္ခာပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရန်အတွက်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် များစွာအရေးပါပေသည်။ကော်မရှင်၏လုပ်ငန်းဆောင်တာများကို အပြည့်အဝနှင့်ထိထိရောက်ရောက်ဆောင်ရွက်စေနိုင်ရန် ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။


လွှတ်တော်ရောက် မြေယာဥပဒေကြမ်း များ၏ နောက်ဆုံးအခြေအနေ

မြေယာနှင့် ပတ်သက်သည့် ဥပဒေသုံးရပ်ဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြေသိမ်းဥပဒေကြမ်းတို့ကို လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။ ဥပဒေများကို ၂၀၁၇ နှစ်ကုန်ပိုင်း အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဥပဒေကြမ်းမှအပ အခြားဥပဒေနှစ်ခုကို ဆွေးနွေးမှုမှာ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ရပ်တန့်နေခဲ့ခြင်းဖြစ်ပြီး၊ ယခုမှ ထိုဥပဒေကြမ်းများနှင့် ပတ်သက်သည့် ကော်မတီတွင်း ဆွေးနွေးမှုများ ပြန်လည်မြင်တွေ့လာရခြင်းဖြစ်သည်။​


အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတွင် အရေးပါလာသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှု အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်နှင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ဖြစ်ထွန်းလာစေရန် နိုင်ငံတစ်နိုင်ငံကို လည်ပတ်မောင်းနှင်နေသာ အဖွဲ့အစည်းများအပြန်အလှန် ထိန်းကျောင်းနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးတို့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် လျှောက်လှမ်းသော နိုင်ငံများအတွက် များစွာ အရေးကြီးပါသည်။


မြန်မာနိုင်ငံမှာ ဥပဒေတစ်ခု ဘယ်လိုပြု

မြန်မာနိုင်ငံမှာ ဥပဒေတွေ ဘယ်လိုရေးဆွဲ အတည်ပြုနေသလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။ အဲ့ဒါဆိုရင်တော့ ဒီအင်တာနက်စာမျက်နှာက ရှင်းပြပေးနိုင်ပါလိမ့်မယ်။ မေးခွန်းလေးတွေ တစ်ခုချင်းဖြေကြည့်ပြီး ဖြစ်နိုင်ချေရှိတဲ့ ဥပဒေပြုတွေ ရေးဆွဲ အတည်ပြုတာတွေကို လေ့လာနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်လိုက်ရှာနေတဲ့ ဥပဒေမူကြမ်းတွေ ဘယ်နားရောက်နေနိုင်သလဲဆိုတာလည်း ရှာကြည့်နိုင်ပါတယ်။