• ဒေသန္တရအမိန့်အောက် ဆုံးရှုံးသွားတဲ့ နိုင်ငံသားအခွင့်အရေး

    Posted in Political Institutions on May 21, 2019

    ကယားပြည်နယ်က ဒေသန္တရအမိန့်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအရရော၊ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ငြိမ်း၊စု၊စီ ဥပဒေ ရည်ရွယ်ချက်နဲ့ သွေဖည်နေသလို အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်စေရန် ဒေသအဖွဲ့အစည်းတစ်ခုရဲ့ ကြိုတင်တားမြစ် လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးနဲ့ ထိပ်တိုက်တွေ့လာရင် ဖွဲ့စည်းပုံအခြေခံဥပဒေရော၊ ငြိမ်း၊စု၊စီ ဥပဒေရောဟာ အသက်မဝင်တော့တဲ့ အပြင် နိုင်ငံသားတွေဟာလည်း နစ်နာနေရပါတယ်။

  • ဥပဒေကြမ်း အနှစ်ချုပ် - စက်မှုဇုန်ဥပဒေကြမ်း

    Posted in Political Institutions on May 15, 2019

    စက်မှုဇုန်တည်ထောင်ရာမှာတော့ စက်မှုလုပ်ငန်းနယ်မြေအတွက် ရာခိုင်နှုန်း ၆၀ မှ ၇၀ အထိ၊ ကုန်သွယ်မှုနယ်မြေအတွက် ၁ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းအထိ၊ စက်မှုဇုန်ဝန်ဆောင်မှုနှင့်အထောက်အကူပြုအသုံးချနယ်မြေအတွက် ရာခိုင်နှုန်း ၂၀ မှ ၂၅ အ ထိ၊ စိမ်းလန်းနယ်မြေအတွက် ၉ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်စေရပါမယ်။

  • ဥပဒေကြမ်း သုံးသပ်ချက် - လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း

    Posted in Political Institutions on May 09, 2019

    နိုင်ငံတကာမှာတော့ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေတွေကို မြို့နယ်အဆင့်၊ပြည်နယ်အဆင့် လွှတ်တော်များတွင် အများအားဖြင့်တွေ့ရသော်လည်း နိုင်ငံတော်အဆင့်(ပြည်ထောင်စုအဆင့်) မှာတွေ့ရခဲပါတယ်။ ဒီလိုတာဝန်မှရုပ်သိမ်းခြင်းမျိုးဟာ တိုက်ရိုက်ဒီမိုကရေစီစနစ်အတွက် အကျိုးရှိတဲ့ နည်းလမ်းဖြစ်နိုင်တဲ့ ဥပမာအချို့ရှိပေမဲ့လို့ နိုင်ငံတကာအတွေ့အကြုံများအရ တာဝန်ခံမှုကို တိုးတက်စေရာမှာ ထိရောက်မှုမရှိသလို နိုင်ငံရေးအရထိုးနှက်ချက်တစ်ခုအနေနဲ့ အလွယ်တကူအသုံးပြုလာနိုင်တဲ့ အန္တရာယ်ရှိကြောင်းကိုလည်း ဖော်ပြနေပါတယ်။

  • ကိုယ်ပိုင်ဝင်ငွေ နှစ်ဆနီးပါး ဘာသာရေးလုပ်ငန်းတွေမှာ သုံးထားတဲ့ ကယားအစိုးရ

    Posted in Budget Transparency, Political Institutions on May 07, 2019

    ပြည်နယ်ရဲ့ ကိုယ်ပိုင်ဝင်ငွေထက် နှစ်ဆနီးပါးကို ကယားပြည်နယ်အစိုးရက အခုလိုမျိုး ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေမှာ သုံးစွဲနေတာက ပြည်နယ်အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးအားနည်းလို့ အခြားပြည်နယ်တွေထက် ပိုမိုရရှိနေတဲ့ ပြည်ထောင်စုဘဏ္ဍာငွေခွဲဝေရရှိမှုကိုပါ ဘာသာရေးအတွက် ထည့်သွင်းသုံးစွဲနေ တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒီလိုဖွံ့ဖြိုးရေးအားနည်းပြီး အစိုးရရဲ့ ကိုယ်ပိုင်ဝင်ငွေနည်းပါးတဲ့ ပြည်နယ်တစ်ခုမှာ ပြည်သူ့ဘဏ္ဍာကို ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေမှာ သုံးစွဲနေတဲ့ ပြည်နယ်အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

  • Two new Bills threaten to further marginalise smallholders

    Posted in Political Institutions on Apr 29, 2019

    The Hluttaw is currently considering two new Bills which, if passed in their current form, may unfairly disadvantage smallholders. This comes as widespread concern continues about the Vacant, Fallow and Virgin Land Act. In order to build trust in the democratic process, Parliament needs stronger mechanisms for considering the cumulative impact of different Laws, particularly to protect their most vulnerable and marginalised constituents.

  • ဥပဒေကြမ်းအနှစ်ချုပ် - ၂၀၁၉ ခုနှစ် အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်း

    Posted in Political Institutions on Apr 26, 2019

    စီးပွားဖြစ်မဟုတ်ဘဲ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ခြင်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းနဲ့ ကာကွယ်ခွင့်ရရှိထားတဲ့မျိုးများ ထုတ်လုပ်ခြင်းမဟုတ်ဘဲ အခြားမျိုးများထုတ်လုပ်ခြင်းတို့အတွက် ခြွင်းချက်ပေးထားပြီး တောင်သူလယ်သမားတွေက ကာကွယ်ခွင့်ရရှိထားတဲ့မျိုးကို ကိုယ်ပိုင်မြေမှာ မျိုးထိန်းစိုက်ပျိုးခြင်းနဲ့ စိုက်ပျိုးခြင်းမှရတဲ့ ထွက်ကုန်များကို စားသုံးခြင်းအတွက်လည်း အပင်မျိုးမွေးမြူသူရဲ့ ရပိုင်ခွင့်ချိုးဖောက်ရာ မကျပါဘူး။ တောင်သူတွေအတွက် ကင်းလွတ်ခွင့်ပေးရာမှာ ကာကွယ်ခွင့်ရရှိထားတဲ့ သစ်သီးပင်များ၊ အလှစိုက်ပန်းပင်များ၊ ဟင်းသီးဟင်းရွက်များနဲ့ သစ်တောသစ်ပင်များကို ခွင့်ပြုပေးထားခြင်း မရှိပါဘူး...

  • ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ဘယ်ဥပဒေကြမ်းတွေ ဆွေးနွေးဖို့ရှိလဲ

    Posted in Political Institutions on Apr 24, 2019

    (၁၁) ကြိမ်မြောက်လွှတ်တော်ကာလက မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့"ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်း" အပေါ် လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူဖို့ ရှိနေပါတယ်။ ပြည်သူ့လွှတ်တော်မှာပဲ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကြမ်းနဲ့မြေသိမ်းဥပဒေလို့ အသိများကြတဲ့ အမျိုးသားလွှတ်တော်က ဥပဒေအမည်ပြောင်းပြီးအတည်ပြုထားတဲ့ "မြေယာသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေကြမ်း"တွေကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးမလားဆိုတာလဲ စောင့်ကြည့်ရပါအုံးမယ်။

  • လွှတ်တော်နှင့် မဲဆန္ဒရှင်များအကြားက ပေါင်းကူးတံတား - ပဲခူးတိုင်းဒေသကြီးလွှတ်တော် သုံးနှစ်တာမှတ်တမ်း

    Posted in Political Institutions on Apr 10, 2019

    ဒီမှတ်တမ်းနဲ့ အချက်အလက်တွေ လွယ်ကူကျယ်ပြန့်စွာ ရရှိနိုင်ခြင်းက လွှတ်တော်ကို မဲဆန္ဒရှင်တွေ ပိုမိုနားလည်လာပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ပိုမိုထိတွေ့ဆက်ဆံဖို့၊ မေးခွန်းထုတ်လာနိုင်ဖို့အပြင် လွှတ်တော်အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို တာဝန်ခံမှု အားကောင်းလာဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

  • ဥပဒေကြမ်း မိတ်ဆက် - မြို့ ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း

    Posted in Political Institutions on Apr 05, 2019

    ၂၀၁၉ ခုနှစ်ထဲမှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်အတွက် ဒုတိယမြောက် တင်သွင်းလာတဲ့ ဥပဒေကြမ်းကတော့ မြို့ပြနဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်း ဖြစ်ပါတယ်။ ဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်ထဲမှာ သဘာဝဘေးဒဏ်ခံနိုင်တဲ့ မြို့ပြတွေ၊ ဖွံ့ဖြိုးမှု ကွာဟချက်နည်းပါးစေပြီး ဘက်ညီမျှတတဲ့ မြို့ပြတွေကို စနစ်တကျ တည်ဆောက်နိုင်ဖို့လို့ ဆို

  • ကျေးလက်လမ်းနဲ့ စည်ပင်ကို ဦးစားပေးပြီး လျှပ်စစ်ကို နှစ်ဆတိုးမယ့် တနင်္သာရီ

    Posted in Budget Transparency, Political Institutions on Apr 02, 2019

    တနင်္သာရီတိုင်းအစိုးရအဖွဲ့က လာမယ့် ၂၀၁၉-၂၀၂၀ အတွက် ဘက်ဂျက်အကြိုထုတ်ပြန်ချက် (Pre-Budget Statement) ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဘက်ဂျက်အကြိုထုတ်ပြန်ချက်မှာ တိုင်းအစိုးရရဲ့ ရငွေနဲ့ သုံးငွေတွေကို ဖော်ပြထားတဲ့အပြင် ဦးစားပေး လုပ်ဆောင်မယ့် ဦးစားပေးကဏ္ဍတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်