• ၁၉-၂၀ ပညာရေး ဘတ်ဂျက်

    Posted in Budget Transparency on Feb 20, 2020

    ပညာရေးဝန်ကြီးဌာနက လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၂,၆၉၃,၃၈၂.၉၈၂ သန်း သုံးစွဲဖို့ လျာထားပါတယ်။ ဒီထဲမှာ သာမန်အသုံးစရိတ်အတွက် စုစုပေါင်းရဲ့ ၇၂ % နဲ့ ၂၈ % ကတော့ ငွေလုံးငွေရင်း အသုံးစရိတ် ဖြစ်ပါတယ်။

  • ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာ - ထုတ်လုပ်ရေးနဲ့ ဈေးများဌာန

    Posted in Budget Transparency on Feb 05, 2020

    ဌာနပိုင်မြေနဲ့ အဆောက်အဦတွေကို ငှားရမ်းတဲ့နေရာမှာ ငှားရမ်းခဟာ ကာလပေါက်ဈေးနဲ့ မကိုက်ညီတာ၊ ငှားရမ်းသူတွေက တခြားသူတွေကို ထပ်ဆင့်ငှားရမ်းတာကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ ဝင်ငွေတွေ ဆုံးရှုံးမှုဖြစ်ပေါ်နေတာကြောင့် ငှားရမ်းမှုတာဝန်ခံ စစ်ဆေးရေးအဖွဲ့တွေက ဒေသအလိုက် ကာလပေါက်ဈေးတွက်ချက်ပြီး သမ္မတရုံးညွှန်ကြားချက်တွေနဲ့အညီ ငှားရမ်းဆောင်ရွက်ကြဖို့ လိုအပ်နေတယ်လို့ တိုင်းစာရင်းစစ်ချုပ်က ဆိုထားပါတယ်။

  • ရန်ကုန်စာရင်းစစ်ချုပ်အစီရင်ခံစာ - တိုင်းအစိုးရ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီလေးခု ဘဏ္ဍာရေးအခြေအနေ

    Posted in Budget Transparency on Jan 28, 2020

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ ကျပ်သန်းပေါင်း ၁၃၄,၀၀၀ ကို ကုမ္ပဏီလေးခုမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ Yangon Metropolitan Development Public Co.,Ltd (YMD)၊ ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC)၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) နဲ့ New Yangon Development Co.,Ltd (NYDC) တို့ ဖြစ်ပါတယ်။ 

  • Policy Briefing - Public Procurement

    Posted in Budget Transparency, Legislative Research on Jan 22, 2020

    Most of the well-established principles and procedures for managing public procurement are concenred with reducing the risk of corruption. ‘Government procurement involves a high risk of corruption because of the great size of financial turnover and the complexity of many procurement processes in which businesses interact very closely with politicians and civil servants. Often the personal interests of the public officials are not the same as the interests of the public.

  • ဝေဖန်သံတွေ ရှိနေတဲ့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာထဲက စိတ်ဝင်စားဖွယ် အချက်အလက်အချို့

    Posted in Budget Transparency on Jan 17, 2020

    ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင် မဖြန့်ဝေခဲ့တာကြောင့် လူစိတ်ဝင်စားမှု မြင့်မားနေတဲ့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာမှာ ဘာတွေ ပါဝင်နေလို့ပါလဲ။ အစီရင်ခံစာ အကျဉ်းချုပ်ကို စာရင်းစစ်ချုပ်ကိုယ်တိုင် လွှတ်တော်မှာ တင်ပြခဲ့ပြီး၊ ဒီဆွေးနွေးတင်ပြချက်တွေနဲ့ ပတ်သက်လို့ အများပြည်သူ လွယ်လင့်တကူ သိရှိနားလည်စေဖို့အတွက် အာနန္ဒာက စိတ်ဝင်စားဖွယ် အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

  • အားလုံးလက်လှမ်းမီ ကျန်းမာရေးအတွက် “များများသုံး၊ အကျိုးရှိရှိသုံး”

    Posted in Budget Transparency on Dec 12, 2019

    ဒီနေ့ ဒီဇင်ဘာလ ၁၂ ရက်ဟာ “အားလုံး လက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့” – Universal Health Coverage Day ဖြစ်ပါတယ်။ ကုလသမဂ္ဂက ၂၀၁၉ ခုနှစ်မှာ အားလုံးလက်လှမ်းမှီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ တောင်းဆိုချက်ခြောက်ချက်နဲ့ ဆင်နွှဲမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ Investment More, Invest Better (များများသုံး၊ အကျိုးရှိရှိသုံး) ဆိုတဲ့ အချက် ပါဝင်တာဖြစ်တဲ့အတွက် အစိုးရဘတ်ဂျက်အချက်အလက်တွေ အများပြည်သူ အလွယ်တကူ ရရှိရေးဆောင်ရွက်နေတဲ့ အာနန္ဒာအနေနဲ့လည်း ဒီနှစ်အတွက် ကျန်းမာရေးဘတ်ဂျက်အခြေအနေကို သုံးသပ်တင်ပြရင်း တစ်တပ်တစ်အား ပါဝင်ဆင်နွှဲလိုက်ပါတယ်။

  • Bill Summary: The Microfinance Business Bill

    Posted in Budget Transparency, Legislative Research on Oct 29, 2019

    The organisations which wish to run microfinance business must be those established with Myanmar Companies Law and Partnership Law. Issuing or suspending or revoking licence for the microfinance organisation has to be announced in the Myanmar Gazette.

  • ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာ လွှတ်တော်ကို တင်သွင်းခြင်းမရှိတာ ဥပဒေနဲ့ ညီသလား

    Posted in Budget Transparency on Oct 17, 2019

    ပွင့်လင်းဘတ်ဂျက်စစ်တမ်းတွေမှာ စာရင်းစစ်ချုပ်အစီရင်ခံစာကို အရေးကြီးတဲ့ ဘတ်ဂျက်စာရွက်စာတမ်း ရှစ်မျိုးအနက် တစ်ခုအပါအဝင်ဖြစ်ဖော်ပြခံရတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ လွှတ်တော်တစ်ရပ်အနေနဲ့ အစိုးရကို စိစစ်ထိန်းကျောင်းနိုင်ရေးမှာ အလွန်အရေးကြီးတဲ့ စာရွက်စာတမ်းဖြစ်တဲ့အတွက် စာရင်းစစ်ချုပ်အစီရင်ခံစာဟာ စာရင်းစစ်ချုပ်နဲ့ ကော်မတီလောက်တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ စာရင်းစစ်ချုပ်အစီရင်ခံစာဟာ လူထုက ရွေးချယ် တာဝန်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။

  • ၂၀၁၉-၂၀ မှာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရတွေ ဝင်ငွေဘယ်ကရမလဲ၊ ဘယ်လောက်ရမလဲ

    Posted in Budget Transparency on Aug 27, 2019

    လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ဒီဘတ်ဂျက်ကို ဆွေးနွေးမှုတွေ လုပ်နေပါပြီ။ လွှတ်တော်က စိစစ်တာ၊ ဖြတ်တောက်တာတွေ လုပ်ပြီတဲ့အခါကျမှသာလျှင် နောက်လာမယ့် ဘက်ဂျက်နှစ်အတွက် ပြည်ထောင်စုအသုံးစရိတ်တွေက အတည်ဖြစ်လာမှာဖြစ်ပါတယ်။ ပြည်ထောင်စုအသုံးစရိတ်ထဲပါတဲ့ ပြည်နယ်/တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ ထောက်ပံ့ငွေတွေကိုတော့ လွှတ်တော်က ဖြတ်တောက်ဖို့မရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်က ဘတ်ဂျက်အတည်ပြုပြီးရင်တော့ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်တွေကတော့ သက်ဆိုင်ရာ အစိုးရတွေရဲ့ အသေးစိတ် အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ခွင့်ပြုတာတွေ ဆောင်ရွက်ကြရဦးမှာပါ။

  • Bite-size Analysis of 2019-20 Executive Budget Proposal

    Posted in Budget Transparency on Aug 21, 2019

    The Hluttaw is currently considering the 2019-20 budget of Union Government. So, we took a look at one key document in the process, Executive Budget Proposal (Summary) and present some key points from the proposal it for our readers.