အာနန္ဒာ

အာနန္ဒာ ဒေတာ

အချက်အလက်မှ အပြောင်းအလဲသို့

ပြန်သုံးသပ်ဖို့လိုနေတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့အခန်းကဏ္ဍ

ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ပထမအကြိမ်လွှတ်တော် သက်တမ်းကာလမှာ အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလမှာ ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၇ ခုနှစ် မေလ ၂၆ ရက်နေ့မှာ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေအရ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။


အာဏာခွဲဝေကျင့်သုံးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ

စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီနိုင်ငံရေးစနစ်သို့ အကူးအပြောင်းတွင် တရားဝင်မှုအရအငြင်းပွားဖွယ်ရာ များစွာရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် ပြဿနာများကို ပထမအကြိမ်အစိုးရ သက်တမ်းကာလမှာပင် စတင်မြင်တွေ့ခဲ့ရသည်။


ဖွဲ့စည်းပုံကို ဘယ်သူတွေ အဓိပ္ပာယ်ဖွင့်နေသလဲ

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများအတွက် ဖွဲစည်းပုံအခြေခံဥပဒေ ခုံရုံးတစ်ခု ဖွဲ့စည်းထားပြီး အငြင်းပွားမှုများ ဖြေရှင်းရန် ဆုံးဖြတ်ပိုင်ခွင့်ပေးအပ်ထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကိုလည်း ပြဌာန်းထားရှိပြီး ခုံရုံးဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ အစရှိသည်တို့ကိုထည့်သွင်းရေးဆွဲထားသည်။


Tool: လော်ဘီဒိုင်ယာရီ

လွှတ်တော်၏ ဥပဒေကြမ်းကော်မတီများမှ အကြောင်းအရာအလိုက်၊ ဥပဒေကြမ်းအလိုက် ခေါ်ယူကြားနာသည့် အဖွဲ့အစည်းများ၏ စာရင်းကို အလွယ်တကူ ရှာဖွေနိုင်စေရန်အတွက် ဖန်တီးပေးထားသည့် စာမျက်နှာဖြစ်ပါသည်။ ဥပဒေကြမ်းများတွင် ခေါ်ယူဆွေနွေးခံရသည့် အဖွဲ့အစည်းအများစုမှာ အစိုးရအဖွဲ့အစည်းများဖြစ်နေလေ့ရှိပြီး၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပိုမိုပါဝင်နိုင်ရန် လိုအပ်နေဆဲဖြစ်ပါသည်။


အာရုံစိုက်ဖို့ လိုသေးတဲ့ တရားစီရင်ရေး

အာဏာများခွဲဝေကျင့်သုံးရာမှ ဥပဒေပြုရေးမဏ္ဍိုင်သည် ဥပဒေများ အသစ်ရေးစွဲခြင်း၊ ပြင်ခြင်း၊ ဖျက်ခြင်းများနှင့်အတူ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို စိစစ်ထိန်းကျောင်းမှု ပြုလုပ်သည်ကို တွေ့ရှိခဲ့ရသည်။ နှစ်ပေါင်းမြောက်မြားစွာ အုပ်ချုပ်ရေးအာဏာ၏ လွှမ်းမိုးမှုကိုခံခဲ့ရသည့် တရားရေးမဏ္ဍိုင်တွင်မူ သိသာထင်ရှားလှသော အပြောင်းအလဲများအား မြင်တွေ့ရခြင်းမရှိခဲ့ပါ။


အာဏာရပါတီ လောင်းရိပ်အောက်က ရွေးကောက်ပွဲကော်မရှင်

ကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတို့ကို ကိုင်တွယ်ဖော်ဆောင်ရသဖြင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရပါသည်။ ထိုသို့ နိုင်ငံရေးပါတီများကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် ဥပဒေအရထိန်းကျောင်းနိုင်ခွင့်ရှိနေပေရာ ကော်မရှင်အပေါ် အနိုင်ရပါတီ၏ လွှမ်းမိုးမှုရှိနေပါက ကော်မရှင်၏ လွတ်လပ် မျှတစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းကို ထိခိုက်နိုင်ပါသည်။


ပြောင်းလဲရန် တွန့်ဆုတ်ခြင်းနဲ့ ရှေ့မတိုးနောက်မဆုတ် ဒီမိုကရေစီရဲ့ ဥပမာတစ်ခု

မကြာသေးခင်က လွှတ်တော်အစည်းအဝေးအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကြိုးပမ်းမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရသည်။


ဂုဏ်သိက္ခာနှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများအတွက် အရေးပါသော လူ့အခွင့်အရေးကော်မရှင်၏ အခန်းကဏ္ဍ

နိုင်ငံသားများ၏အခွင့်အရေးကိုအပြည့်အဝဖော်ဆောင်၍ လူ့ဂုဏ်သိက္ခာပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရန်အတွက်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် များစွာအရေးပါပေသည်။ကော်မရှင်၏လုပ်ငန်းဆောင်တာများကို အပြည့်အဝနှင့်ထိထိရောက်ရောက်ဆောင်ရွက်စေနိုင်ရန် ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။


လွှတ်တော်ရောက် မြေယာဥပဒေကြမ်း များ၏ နောက်ဆုံးအခြေအနေ

မြေယာနှင့် ပတ်သက်သည့် ဥပဒေသုံးရပ်ဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြေသိမ်းဥပဒေကြမ်းတို့ကို လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။ ဥပဒေများကို ၂၀၁၇ နှစ်ကုန်ပိုင်း အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဥပဒေကြမ်းမှအပ အခြားဥပဒေနှစ်ခုကို ဆွေးနွေးမှုမှာ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ရပ်တန့်နေခဲ့ခြင်းဖြစ်ပြီး၊ ယခုမှ ထိုဥပဒေကြမ်းများနှင့် ပတ်သက်သည့် ကော်မတီတွင်း ဆွေးနွေးမှုများ ပြန်လည်မြင်တွေ့လာရခြင်းဖြစ်သည်။​


အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတွင် အရေးပါလာသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှု အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်နှင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ဖြစ်ထွန်းလာစေရန် နိုင်ငံတစ်နိုင်ငံကို လည်ပတ်မောင်းနှင်နေသာ အဖွဲ့အစည်းများအပြန်အလှန် ထိန်းကျောင်းနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးတို့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် လျှောက်လှမ်းသော နိုင်ငံများအတွက် များစွာ အရေးကြီးပါသည်။


မြန်မာနိုင်ငံမှာ ဥပဒေတစ်ခု ဘယ်လိုပြု

မြန်မာနိုင်ငံမှာ ဥပဒေတွေ ဘယ်လိုရေးဆွဲ အတည်ပြုနေသလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။ အဲ့ဒါဆိုရင်တော့ ဒီအင်တာနက်စာမျက်နှာက ရှင်းပြပေးနိုင်ပါလိမ့်မယ်။ မေးခွန်းလေးတွေ တစ်ခုချင်းဖြေကြည့်ပြီး ဖြစ်နိုင်ချေရှိတဲ့ ဥပဒေပြုတွေ ရေးဆွဲ အတည်ပြုတာတွေကို လေ့လာနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်လိုက်ရှာနေတဲ့ ဥပဒေမူကြမ်းတွေ ဘယ်နားရောက်နေနိုင်သလဲဆိုတာလည်း ရှာကြည့်နိုင်ပါတယ်။