အာနန္ဒာ

အာနန္ဒာအကြောင်း

အာနန္ဒာ ဘာတွေ လုပ်သလဲ

သုတေသန၊ အချက်အလက်နဲ့ အထောက်အထားဆိုတာ မြန်မာ့နိုင်ငံရေးကို ဆွေးနွေးကြတဲ့အခါမှာ များသောအားဖြင့် နောက်တန်းကို ရောက်နေကြလေ့ရှိပါတယ်။

နိုင်ငံရေးကို အချက်အလက်နဲ့ ဆွေးနွေးနိုင်စေဖို့နဲ့ အချက်အလက်တွေကနေတစ်ဆင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးသုံးသပ်မှုတွေကို ဦးတည်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီဘလော့ဂ်လေးကို စတင်ဖြစ်တာဖြစ်ပါတယ်။

ဒီဘလော့ဂ်လေးကနေ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းတွေရဲ့ လုပ်ငန်းကိုင်ငန်းတွေကို ပိုမိုနားလည်ပြီး နိုင်ငံရေးဖြစ်စဉ်မှာ ထိရောက် အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်စေဖို့ ရည်ရွယ်ပါတယ်။

အကြောင်းအရာလိုက် စိတ်ပါဝင်စားသူ သုတေသီများ၊ စာနယ်ဇင်းသမားများ၊ လေ့လာသူများနဲ့ ပူးပေါင်းပြီး အချက်အလက်တွေကို အလွယ်တကူ နားလည်အောင် ဖော်ပြတာ၊​ စိတ်ဝင်စားဖွယ် အချက်အလက်အခြေခံ ဆောင်းပါးတွေ ဖန်တီးတာတွေ ဆက်လုပ်ချင်ပါတယ်။ စိတ်ဝင်စားသူများအနေနဲ့ hka@theananda.org ကို စာရေးသား ဆက်သွယ်နိုင်ပါတယ်။